(𝐩𝐚𝐫𝐭 1)

20.5K 860 44
                                    

ℤ𝕒𝕨𝕘𝕪𝕚


ရှောင်းကျန့် စိတ်ကို တင်းထားတဲ့ အတွက်ကြောင့်
လည်ပင်းက သွေးကြောတွေတောင် ထင်ရှားစွာ
မြင်နေရသည်၊၊ ဒီသွေးကြောလေးက အစ
ဆွဲဆောင်မှု ရှိနေတာ အားသာချက်လေးပင်၊၊

" ဝမ်ရိပေါ် မင်း ကျောင်းမတက်ဘဲ
အလေလိုက်နေတာလား "

ရှောင်းကျန့် က အသံကျယ်ကျယ်နဲ့ သူရှေ့က
အထက်တန်း ကျောင်းသား အရွယ် ရိပေါ်ကို
အော်ငေါက်လိုက်သည်၊၊ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့
ကလေးက သူ့စကားကို အလေးမထားသလို
မော့ပင် ကြည့်မလာခဲ့၊၊

ရှောင်းကျန့် က အသံကျယ်ကျယ်နဲ့ သူရှေ့ကအထက်တန်း ကျောင်းသား အရွယ် ရိပေါ်ကိုအော်ငေါက်လိုက်သည်၊၊ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ကလေးက သူ့စကားကို အလေးမထားသလိုမော့ပင် ကြည့်မလာခဲ့၊၊

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ဝမ်ရိပေါ် ငါမေးနေတယ်လေ "

ဒီတစ်ခါ ရှောင်းကျန့် အသံက လိုတာထက်
ပိုကျယ်လာတော့ တစ်ချက်တုန်သွားတဲ့
အရိပ်လေးကို မြင်ဖြစ်အောင် မြင်လိုက်သည်၊၊
ရိပေါ်ကသိပ်ဆိုးတယ်၊၊ အရမ်းခေါင်းမာတယ်၊၊

" Daddy ဂရုစိုက်စရာ မလိုဘူး၊၊ ကျွန်တော်
ဘဝ ကျွန်တော် ဘာသာ ဆုံးဖြတ်မယ် "

" ဘာပြောတယ် မင်း... "

ရှောင်းကျန့် စိတ်တိုစွာနဲ့ အခန်းထောင့်က
စားပွဲမှာ တင်ထားတဲ့ ပန်းအိုးကို ရိုက်ခွဲ
ပစ်လိုက်တယ်၊၊ ကြမ်းပြင် ပေါ်ကျသွားတဲ့
ပန်းအိုးလေးက သနားစဖွယ်၊၊ ရှောင်းကျန့်
ဒေါသဘယ်လောက်ထွက်ထွက် ရိပေါ်ကို
အသားနာအောင်တော့ မလုပ်ပေ၊၊

" ဘယ်သူ အားကိုးနဲ့ ဘာအချိုး ချိုးတာလဲ "

" ကျွန်တော် က Daddy သားအရင်းမှ
မဟုတ်တာ၊၊ အချိန်တန်ရင် ကိုယ့်လမ်း
ကိုယ်လျှောက်ရမှာပဲလေ၊၊ Daddyတောင်
ကျွန်တော် ကို သွေးအေးနေတာ ဘာကိစ္စ
Daddy ဆီက မျက်နှာသာ ရအောင်
လုပ်ရမှာလဲ၊၊ Daddyက ကျွန်တော်ကို
ဘယ်တုန်းကမှ မချစ်ခဲ့ဘူး "

YOᑌ ᗩᖇᗴ Tᕼᗴ ᴏɴʟʏ 𝐎𝐧𝐞 (Complete )Where stories live. Discover now