4

959 87 8
                                    

.

.

.

.

.

R**အခုတလော မောင့်ရဲ့အချိုးတွေ ပြောင်းလာတယ် jenရဲ့

အရင်လို ငါ့ကို ဂရုလည်းမစိုက်တော့သလို ချစ်ကြောင်းလဲ သိပ်မပြောတော့ဘူး...အဲ့တာအထိက ငါလည်း သူအလုပ်တွေရှုပ်နေလို့ပဲဆိုပြီး နားလည်ပေးလို့ရသေးတယ်ဟာ

နောက်ပိုင်း ပိုဆိုးလာတာက ညဘက်အချို့ရက်တွေတောင် အိမ်ကိုပြန်မအိပ်တော့ဘူး...မောင် နောက်အသစ်များတွေ့နေပြီလား မသိတော့ပါဘူး jenရယ်


J**လီ ကနင့်ကို သိပ်ချစ်တယ်ဆိုတာ ဘေးကငါတောင်သိရင် နင်က နင့်အမျိုးသားဆိုတော့ ပိုလို့တောင် သိမှာပေါ့ ချယ်ရယ်...

အဆိုးဘက်ကိုမတွေးပါနဲ့...နင့်ကို သိပ်ချစ်လို့ပဲ အရင်လို ပေပေတေတေမနေတော့ဘဲ သူ့ဝါသနာပါတဲ့အလုပ်တွေအပြင် သူ့မိဘ ဆန္ဒအတိုင်း C&L group ကို ဆက်ခံလိုက်တာပဲ ကြည့်လေ..

အဲ့ဒါက နင့်ကိုတင့်ကောင်းတင့်တယ်ထားချင်လို့ဆိုတာ အသိသာကြီးပဲ မဟုတ်လား

C**ဒါပေမယ့်လည်း jenရယ်


J**နင့်လူကို စိတ်မချဘူး ဆိုလည်း ငါ ကိုကို့ ကိုမေးပေးမယ် ဟုတ်ပြီလား...မျက်ရည်တွေ သုတ်လိုက်ဦး


ဒီနေ့ jenဆီသွားပြီး ရင်ဖွင့်လိုက်တော့ စိတ်ထဲတော်တော်လေးပေါ့သွားတယ်။

အဲ့ဒါနဲ့ မောင်နဲ့လည်းထမင်းလက်ဆုံ မစားရတာ ကြာပြီဆိုတော့ သူ့အကြိုက် ဝက်သားပေါင်းလေးရယ် အခြားအမယ်စုံ ဟင်းတွေချက်ပြီး ည​​ေနတည်းကစောင့်နေတာ

အခုည ၁၁နာရီ ရောက်တဲ့အချိန်ထိပါပဲလေ...

သူ့ကိုစိတ်ပူရ စိတ်မချရနဲ့ မျှော်ရတာ စိတ်မောရတာ အခါခါရယ်...

ခြံထဲဆင်းမလို့ ကြံတုန်းရှိသေး မောင် စီးနေကြ ကားအဖြူလေးက ခြံထဲကို ဝင်လာခဲ့ပါတယ်


ကိုယ်လည်း အိမ်အောက်ထပ်သို့အပြေးလေးဆင်းကာ မောင့် ဆီက အိတ်ကိုယူပြီး

မောင် ထမင်းစားတော့မလားဟင်...မောင်ကြိုက်တဲ့

ကိုယ် ပင်ပန်းလာလို့ နားချင်ပြီ မ ရယ်ဟုဆိုကာ အိမ်ပေါ်ထပ်သို့ တက်သွားသော မောင့်ကျောပြင်ကို ကြည့်ကာ ရင်ထဲမယ် ဝမ်းနည်းကာငိုချင်တဲ့စိတ်တွေ ကြီးစိုးလာခဲ့ပါတယ်



ကိုယ့်မှာတော့ သူ့ကို စားစေချင်လို့ သေချာအပင်ပန်းခံပြီးချက်ပြုတ်ထားရတာကို သူကတော့ အဟင့်....စိတ်ထဲနေလို့ကောင်းတဲ့အထိ ငိုပြီး အခန်းထဲ ကို ဝင်လိုက်တော့ အိပ်ရာထက် အပူပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ ဒို့ရဲ့ချစ်ရပါသော မောင်ပါလေ...

မောင့်မျက်နှာနုနုကို အတန်ကြာငေးကြည့်ပြီး မောင့်ရင်ခွင်ထဲ ဝင်ကာ တစ်နေကုန်စိတ်မောခဲ့ရသမျှကို မေ့ပျောက်ကာ အိပ်ရပါတော့သည်။







မြူတွေဆိုင်းတဲ့ မနက်အချိန်စောစောမှာ လီတစ်ယောက် နိုးလာခဲ့တယ်....

ကိုယ့်ရင်ခွင်ထဲ အိပ်မောကျနေတဲ့ ချစ်ရတဲ့ အမျိုးသမီးငယ် မျက်နှာလေးကို ငေးမောကာ တစ်နေ့တာအတွက် အားအင်တွေ ယူရပါတယ်


အခုတလော အလုပ်တွေ သိပ်များလို့ honeyအပေါ် အရင်လို ကလူကျီစယ်ပြီး သိပ်ချစ်ကြောင်းတွေမပြောရတာလည်း အတော်ကို ကြာခဲ့ပါပြီ...

အင်း....အချို့ညတွေဆို အိမ်တောင်ပြန်မအိပ်နိုင်ဘဲ company မှာပဲ ညလုံးပေါက်အလုပ်လုပ်ရင်လုပ် မဟုတ်ရင် ရုံးခန်းထဲမှာ အိပ်ခဲ့ရတာပေါ့


သိတာပေါ့ ကိုယ့်အမျိုးသမီးလေး စိတ်ထဲ သံသယတွေ ဖြစ်ပေါ်နေပြီဆိုတာ

သိတာပေါ့ ကိုယ့်အမျိုးသမီးလေး စိတ်အားငယ်နေတက်တာကို

သိတာပေါ့ ကိုယ့်အမျိုးသမီးလေး က ကိုယ်နဲ့အတူ အရင်လို အချိန်တွေကုန်ဆုံးချင်နေတယ်ဆိုတာကိုပေါ့




တီတာတာ ချစ်စကားမဆိုလို့
အချစ်လျော့တယ် လို့
မထင်လိုက်ပါနဲ့ ကိုယ့်အချစ်ရယ်

မောင့်ရဲ့ ရုပ် နာမ် စိတ်ဝိညာဉ်အလုံးစုံ
Honeyသာပိုင်တာမို့ ယုံမှား သံသယတွေ
မဝင်စေချင်ဘူး အချစ်...



အင်း....ဒီထုတ်ကုန် အောင်မြင်တော့မှ အချစ်ကလေးသွားချင်တဲ့ ဂရိ ကို မောင် လိုက်ပို့နိုင်မှာမို့

မောင့်အပေါ် နည်းနည်းတော့ နားလည်ပေးမယ် မဟုတ်လား မိန်းမရယ်...

သိပ်ချစ်ပြီး သိပ်လည်းမြတ်နိုးရပါတယ် မောင့်ရဲ့ ပိုဆယ်လေးရယ်










#9.8.2020(5:25am)
#Chaeng & Li
#လေးစားလျက်🔥
🐣🐿

! My Rosè Posè !Where stories live. Discover now