Part3

25.9K 2K 22
                                    

"​ခွေး​ပေါက်​လေး​ရေ​မောင်လာတယ်..."

"လာတာဘာထူးဆန်းလဲဗျ.."

"​ခွေး​ပေါက်​လေး​မောင့်ကိုမလွမ်းဘူးလား.."

"ဖြစ်မှဖြစ်ရတယ်..."

"​ခွေး​ပေါက်​လေးကဒီ​နေ့မာန်ဖီ​နေပါလား...နဲနဲနှိပ်စက်မှဖြစ်မယ်နဲ့တူတယ်..."

"လုပ်​ပေါ့...မ​ကြောက်​ပေါင်...Blah..."

"အမယ်...​ခွေး​ပေါက်လာစမ်း..."

ဧည့်ခန်းကျယ်ကြီးထဲတွင်မိုးခနှင့်​ဆောင်းဦးတို့​ပတ်​ပြေး​နေကြသည်.....

​ဆောင်းဦး...မိုးခကိုဖမ်းမိသွားပြီးချုပ်ထားရာမှမိုးခကိုအုပ်မိုးလျက်သားအ​နေအထားနှင့်မိုးခရဲ့မျက်ဝန်းနက်​တွေမှာအား​တောင်မရှိ​တော့သည်အထိကျရှုံး​လေသည်....

မင်းရဲ့ဒီအကြည့်​​​တွေကမင်းအတွက်အန္တရာယ်များတယ်က​လေးငယ်......

ငြိမ်သက်သွား​သည်ကိုအခွင့်​ကောင်းယူကာ​ဆောင်းဦးလက်ကိုကုန်းကိုက်၍ခြဲထဲသို့​ပြေးလာခဲ့သည်....ထိုစဥ်ခြံထဲသို့ဝင်လာ​​သောကား​ရှေ့​ရောက်​တော့အ​ပြေးတို့ရပ်တန့်သွားသည်......

ဦး...အလုပ်မသွားဘူးလား...

ထို့​နောက်ကားထဲမှလူနှစ်​ယောက်အရင်ဆင်းလာသည်......​နွေဦးမာန်ကိုတွဲထားကာအိမ်ထဲသို့ဝင်ကြသည်...​နွေဦးမာန်မှာလည်းလက်မှာ​သွေး​တွေနဲ့သတိရှိတချက်မရှိတချက်နဲ့ပင်......

"ဦး..အာ..အကို​လေးဘာဖြစ်တာလဲ..ဘာဖြစ်လာကြတာလဲ..."

"ငါ့အခန်း..."

"အ​ပေါ်မှာပါ...လာပါရှင်..."

​နွေဦးမာန်ကိုအခန်းထဲကကုတင်ထက်တွင်ချပြီး​​​​နောက်ဆရာဝန်​ခေါ်ကြသည်....ဆရာဝန်မလာခင်​သွေးထွက်မလွန်​အောင်ဒဏ်ရာကို​ရေဖြင့်အရင်​ဆေးကာအဝတ်သန့်သန့်​လေးဖြင့်အုပ်ထားသည်.....မိုးခတစ်​ယောက်လက်​တွေ​ရော​ခြေ​တွေပါတုန်ယင်​နေသည်.....ချစ်​နေရပြီမို့ကိုယ်ချစ်တဲ့သူကိုနဲနဲ​တောင်မထိခိုက်​စေချင်တာချစ်သူတိုင်းရဲ့ဆန္ဒပါပင်......​နွေဦးမာန်၏နာကျင်​နေ​သောပုံသည်မိုးခကိုပါထပ်တူနာကျင်​စေသည်.........

👨‍💼👨‍🍳My housemaid👨‍💼👨‍🍳(Completed)Where stories live. Discover now