part 24

6.3K 654 187
                                    

Unicode

Jungkook ကြည့်ရတာ အရူးတယောက်လိုပဲ ။ Jeon Omma ပြောလိုက်သည့် စကားအပီး ဖိနပ်တောင်မပါပဲ ပြေးထွက်သွားတာ သူ့ရဲ့ ဦးတည်ရာက သူ့နှလုံးသားရှိရာဆီ ။

ငါရဲ့အပြင်ပန်းကိုပဲ မကြည့်ပါနဲ့ ငါ့ရင်ထဲဝင်ပီး ငါခံစားနေရတာတွေကို မြင်အောင်ကြည့်ပေးကြပါ ။

Appa ထည့်ပေးလိုက်တဲ့ သက်တော်စောင့်ခြောက်ယောက်နဲ့ အိမ်က ကားဒရိုင်ဘာတို့ရဲ့ ရုပ်အလောင်းတွေကို အခင်းဖြစ်ရာနေရာတွင်တွေ့ရှိခဲ့သည် ။ ကားပေါက်ကွဲမှုဖြစ်တာကြောင့် ရုပ်အလောင်းတွေက ကြည့်မရအောင် ပျက်စိီးနေသည် ။ နောက်ကျန်ရှိနေတဲ့ လူနှစ်ဦးရဲ့ အစအနကိုတော့ ရဲတွေရှာဖွေမှု ပြုလုပ်နေသေးသည် ။

မှုခင်းဖြစ်သည့်နေရာတွင် Jeon Appa အပါအဝင် ရဲအရာရှိတချို့လဲ ရှိနေခဲ့သည် ။
ချိတုန်ချိတုန်နှင့်ရောက်လာတဲ့ Jungkook ကို Jeon Appa လှမ်းမြင်တော့ သူ့ဘေးက သက်တော်စောင့်ကို သွားတားခိုင်းလိုက်သည် ။

" ငါကိုလွှတ်

Jungkook သူ့လက်မောင်းကို လာဆွဲနေတဲ့ ထိုသူကို အသံခပ်ရှရှနှင့်သာ ပြောလိုက်သည် ။ ထိုသူက Jeon Appa ကို အ​ခြေအနေမေးပီးကာမှ Jungkook ကို သွားခွင့်ပြုလိုက်သည် ။

Jk " တွေ့လား

Jungkook မေးသည်ကဘာလဲ Appa ကောင်းကောင်းသိတာပေါ့ ။ ခေါင်းသာ အသာညမ်းပြလိုက်ပီး သားဖြစ်သူ ပုံခုံးကိုဆုပ်နယ်ကာ အားတင်းထားဖို့ နှစ်သိမ့်လိုက်သည် ။ သူလုပ်နိုင်တာ ဒါပဲ ရှိတယ် ဒါသူ့အမှားပဲလေ ။

Jk " ဟိုကောင် ပျောက်နေတယ် မလား မနေ့ထဲက သူ Hotel ပြန်မလာဘူးတဲ့

Jungkook အသံက အားမရှိတော့သည့်နှယ် အသံက တိုးရှရှဖြစ်နေပီး အသွားအလာမှုမရှိသည့် မျက်လုံးအိမ်တွေကြောင့် ဘေးကသူတွေကတောင် ခံစားမိနေသည် ။

Jeon Appa " အဖေစုံစမ်းထားပီးပီ သူ့ကိုရှာတွေ့မှာပါ

Jk " ဘယ်ချိန်လဲ..... ဘယ်ချိန် တွေ့မှာလဲ
ဘာလို့လဲ ဘာလို့ သူ့ကိုမှလဲ
Wae..... wae

Jungkook ရဲ့ကြောက်စရာကောင်းတဲ့ အော်သံကြီး အပြီးတွင် သူ့ရဲ့စိတ်ကိုလျှောချခဲ့တယ် ။ မြေကြီးပေါ်မှာ ပုံပုံ လေးကျသွားကာ ငိုကြွေးနေတော့သည် ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now