Cherry

872 81 11
                                    


Zawgyi

ယွန်းဂီရဲ့ သူ့အလုပ်ပြီးရင်dorm ရှိတဲ့
တစ်ဖက်လမ်းက ချယ်ရီပင်အောက်မှာ
စောင့်နေမယ်ဆိုသော စကားကြောင့်
ဂျီမင် အိမ်စာများကိုလက်စသက်ကာ
ယွန်းဂီအလုပ်ပြီးချိန်နဲ့တိုက်ကာထွက်လာ
ခဲ့လိုက်သည်။

ညမှောင်နေပြီးဖြစ်ပေမဲ့ ချယ်ရီပင်ရဲ့
အလှပျောက်ရမှာမလိုလားတာကြောင့်
လမ်းတစ်လျောက် ဓာတ်မီးတိုင်များ
က ညနဲ့ချယ်ရီအလှကို တစ်ဖက်တစ်လှမ်း
ကပံ့ပိုးပေးနေသည်။

ကားမဝင်ရတာကြောင့် လမ်းကြားထဲ
လျှောက်သွားတော့ ချယ်ရီပင်တစ်ပင်ရဲ့
အောက်တစ်နေရာကထိုင်ခုံမှာထိုင်နေ
တဲ့ ယွန်းဂီ

ယွန်းဂီလက်ထဲအငွေ့နဲ့ ပါးစပ်ထဲက
မှုတ်ထုတ်လိုက်သော အငွေ့တွေကြောင့်
ဂျီမင် အလိုမကျသလို မျက်ခုံးကျုံ့
သွားပြီး အနားကိုအမြန်သွားကာ
လက်ထဲကဆေးလိပ်အားယူကာ မြေပြင်
ပေါ်သို့ချကာ ဖိနပ်ဖြင့် ဖိနင်းလိုက်သည်။

ယွန်းဂီကတော့ သူ့ကိုမြင်၍အံ့သြရုံပင်
ဘာ reaction မှမပြ..။

သူယွန်းဂီနားဝင်ထိုင်ကာ မျက်နှာကိုအရှေ့
တည့်တည့်သာထားလိုက်သည်။
ယွန်းဂီဘက်လဲလှည့်မကြည့်။

အချိန်တော်ကာ ဘာစကားမှမစတာ
ကြောင့် ယွန်းဂီဘက်ကိုလှည့်ကြည့်
လိုက်တော့ သူ့အား ထိုင်ခုံနောက်မှီကို
လက်ထောက်ကာကြည့်နေသည်..။

ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတို့က
ဂျီမင်ထံမှအခြားတစ်ဖက်သို့ရွေ့သွားကာ
ခပ်ခြောက်ခြောက်ရီသံကပ်ပါလာသည်..။

"တောင်းပန်ပါတယ် "

ယွန်းဂီထံကထွက်လာတဲ့စကား
ကြောင့်

"ဘာလို့လဲ ယွန်းဂီ "

"ဂျီမင် မကြိုက်တဲ့ဆေးလိပ်ကိုယ်သောက်
မိလို့ပါ"

လိမ်ညာခြင်းမရှိတဲ့စကားသံကြောင့်
သူ ပြုံးလိုက်သည်

"တောင်းပန်ပါတယ် "

ထပ်ပြောလာတဲ့တောင်းပန်စကား
ကြောင့် ဂျီမင်ကြောင်သွားသည်။
ဒီတစ်ခေါက်ပြောမဲ့စကားကိုမကြားရ
သေးပေမဲ့ ရင်မောနေမိတယ်..။

Min💛Park (one short stories) Where stories live. Discover now