part 25

6.3K 640 152
                                    

Unicode

ရောက်လာပြန်ပါပီ ဒီဆေးရုံ ဒီ ICU ခန်းရှေ့ ။
Jimin ကို အရေးပေါ် ကုသပေးနေတဲ့ အချိန်တွင်း Jungkook နေမရထိုင်မရ ၊ တဖက် ခန်း​မှာလဲ အကိုဖြစ်သူရှိနေပြန်သေးသည် ။ အခန်းနှစ်ခန်းရှေ့ ခေါက်တွန့် ခေါက်ပြန်လျောက်ကာ လက်သည်း တကိုက်ကိုက်နှင့် သူ့စိုးရိမ်ပူပန်မှုကို ဘယ်သူမှ မမှီနိုင်ဘူးလေ။

ကိုယ်ချစ်ရသူကို မျက်စိရှေ့မှာတင် သွေးသံတရဲရဲနဲ့ မြင်တွေ့ခဲ့ရတာလောက် နာကျင်တာမရှိ ။ အသက်ရှိသေးရဲ့လား ထားခဲ့ပီလား ဆိုတာတောင် မသေချာတဲ့ အခြေအနေမှာ ကံကောင်းထောက်မစွာ လှုပ်ရှားလာတဲ့ လက်တစုံကြောင့်ပဲ သူအသက်ရှူနိုင်ခဲ့တယ် ။

Jimin အခြေအနေက ထင်သလောက်မဆိုးခဲ့ပေ ။ ဝမ်းဗိုက်ကို ရှပ်ထိခဲ့တဲ့ သေနတ်ဒဏ်ရာကြောင့် လန့်ပီး သတိမေ့သွားတာဖြစ်သည်။ Jungkook ကိုယ်ရံတော်ခေါင်းဆောင်ကို ကျေးဇူးတင်လိုက်မိသည် ။

သေချာပေါက် သူပစ်ခဲ့ရင် တချက်ထဲနဲ့ Jimin ကိစ္စတုံးနိုင်သည် ၊ သူ Jimin ကို တကယ်မပစ်နိုင်ခဲ့ဘူးပဲ ။
စိတ်မကောင်းစရာက ကိုယ်ရံတော်ခေါင်းဆောင်က သူ့အကိုကြောင့် အသက်ဆုံးရှုံးသွားခဲ့သည် ။

သစ္စာရှိမှု့အတွက် ကျေးဇူးတင်ပါတယ် ။ Jungkook သူ ကိုယ်ရံတော်ကြီး၏ မိသားစုကို သေချာပေါက် စောင့်ရှောက်ပေးမယ်လို့ ကျိန်ဆိုလိုက်သည် ။

..........

ဆေးရုံကို အပြေးအလွှားရောက်လာတဲ့ ထဲမှာ ရုပ်ဆိုးပန်းဆိုးကြည့်မရနိုင်ဆုံးက သူ့Omma ၊

" Omma Jimin ကသေသွားတာမဟု​တ်ဘူး ဘယ်လိုဖြစ်လို့ အနက်ရောင်ကြီးဝတ်လာပြီး အော်ငိုနေတာလဲ

သူပြောတော့ Omma က
" မင်းမသိပါဘူး Minie လေးက အားနဲတယ်အစားသာဂျပိုးနစ်အောင်စားတတ်ပေမယ့် စားသမျှချီး ဖြစ်သွားတာ
တဲ့ ၊ အားကြီးနဲ့ပြောလိုက်တဲ့ Omma ကို Jungkook ဆက်မပြောနိုင်တော့ ။ မေးမိတဲ့ သူ့ပါးစပ်ကိုသူ ဖြတ်သာရိုက်လိုက်မိသည် ။

မကြာခင်မှာပဲ Jeon Appa နဲ့ အတူ .....
လာပါပီ ပရုတ်သုတ်ခတွေ....

Jeon Appa က သူ့သားအခန်းရှေ့မှာ ငိုင်နေရင်း Omma ကိုလဲ မျက်စောင်းတထိုးထိုးနှင့် ကြည့်နေသည် ။
Appa က Omma ထက် Junghyun ကို ပိုချစ်ခဲ့သည် ။ သူ့ကို အဝေးပို့ပြီးထဲက Omma က အကိုကြီးပေါ် အချစ်လျော့ခဲ့သည်ကို ကာယကံရှင်တွေပဲ ကောင်းကောင်းသိလေ့မည် ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now