part 26

6.1K 612 61
                                    

Unicode

Jungkook ကုတင်ဘေးတွင် ရပ်နေတာအချိန်တော်တော်ကြာနေပြီ ။
သူဘာလုပ်ရမလဲ မသိတာကြောင့်ရော ၊
သိချင်နေတဲ့ မေးခွန်းတွေအများကြီးကြောင့်ပါ သူရပ်စောင့်နေခဲ့မိသည် ။

ကုတင်ပေါ်ကလူ မျက်လုံးပွင့်လာတာမြင်တော့ Jungkook က လက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး နောက်နံရံကို မှီကာ သူသိဖို့လိုအပ်နေတာကို မေးဖို့အသင့်ပြင်လိုက်တယ်....

" အဆင်ပြေလား

" ဘာလာလုပ်တာလဲ

" စိတ်မပူပါနဲ့ ငါမင်းကို သတ်ဖို့လာတာမဟုတ်လို့

" ငါတယောက်ထဲနေချင်တယ်

" ဘာလို့လုပ်တာလဲ

Jungkook အမေးက ရိုးရှင်းသလောက် လေးနက်နေပြန်သည် ။ Junghyun မဖြေချင်ခဲ့ ၊ ဆန့်ကျင်ဘက်အရပ်ကို ခေါင်းဆောင်း၍ လျစ်လျူရှုလိုက်သည် ။

" အဲ့လောက်တောင် မုန်းတာလား
သတ်ချင်လောက်တဲ့ထိလေ

" ငါမဖြေချင်ဘူး ဒီကစားပွဲမှာမင်းနိုင်တာမို့ ငါ့ကိုလှောင်ပြောင်ချင်တယ်ဆိုရင်တောင် ငါသည်းခံမှာမဟုတ်ဘူး

Junghyun တွက် ဒါက ရီစရာပြတ်လုံးတခုလိုပဲခံစားရသည် ။ ရှုံးနိမ့်မှုကို မလိုချင်ခဲ့ ၊ ငယ်ထဲက အရှုံးကို လက်မခံခဲ့တဲ့သူက ဒီချိန်မှာ​လဲ လက်ခံလိုက်ဖို့ ခဲယဥ်းနေသည်မှာ ဘယ်သူမှ မသိနိုင်တဲ့ အမှန်တရားဖြစ်နေခဲ့သည် ။

Jungkook တွက်လဲ အကိုဖြစ်သူကို တသက်လုံးမမုန်းပစ်ချင် ။ ဘာမှမဟုတ်ရင်တောင် သူ့ရဲ့တဖတ်သတ်ခံစားချက်လေးတွေကို သိပီး နားလည်ပေးချင်ခဲ့သည် ။ အဆုံးထိ ခေါင်းမာနေခဲ့တဲ့ အကိုကြောင့် သူအကြီးကြီးစိတ်ပျက်မိပြန်ပြီ ။

" အဲ့လောက်တောင် ရှုံးနိမ့်မှာကိုကြောက်တာလား

" အင်း ငါဘယ်တုန်းကမှ မရှုံးဘူးသလို ငါ့အရှုံးကိုလဲ လက်ခံမှာမဟုတ်ဘူး
မင်းသိထားဖို့က ငါလုပ်ခဲ့တဲ့ကိစ္စအားလုံးတွက် နောင်တမရဘူးဆိုတာပဲ

" မင်းတကယ်ကိုရူးနေတာပဲ......
လူတယောက်က ဘယ်လိုလုပ် အပြုံးမရှိ နောင်တမရပဲ လူကိုသတ်နိုင်မှာလဲ?

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now