047

4K 811 46
                                        


047 : Tanghulu

ဟော်ကျင့်က မီးတောက်ကို တိတ်တဆိတ် ကျိန်ဆဲနေရင်းနဲ့ပဲ သူတို့နှစ်ယောက် ဂိတ်နားကို လျှောက်လာခဲ့ကြတယ်။ ဒါပေမဲ့.. သူတို့ အထဲကို ဝင်ခါနီးမှာ ဂိတ်စောင့်နှစ်ယောက်က ရုတ်တရက် ပုံစံပြောင်းသွားခဲ့တယ်။ ဟော်ကျင့်လည်း လန့်သွားခဲ့တယ်။ သူတို့က သူတို့နှစ်ယောက်ကို ရပ်ခိုင်းတော့မယ်လို့ ထင်လိုက်တဲ့အချိန်မှာ အစောင့်နှစ်ယောက်က ဒီတိုင်း ကောင်းကင်ပေါ်ကိုသာ ပျံတက်သွားခဲ့တယ်။

မြို့ဂိတ်နားမှာ.. ကောင်းကင်ကို ပါးစပ်အဟောင်းသားနဲ့ ငေးမောနေကြတဲ့ ကစားသမား ဆယ်ယောက်မက ရှိနေကြတယ်။ ဘယ်သူမှ ဘာကြောင့်ဆိုတာ မသိကြဘူး။ အစောင့်နှစ်ယောက်က သူတို့ရဲ့ခက်ရင်းရှည်ကြီးကို ဝှေ့ယမ်းပြီး.. ကောင်းကင်က အနက်ရောင်ဝဲဂယက်ကြီးကို ထိုးဖောက်နေခဲ့ကြတယ်။ အဲဒီအနက်ရောင်ဝဲဂယက်ကြီးက ရုတ်တရက် အလွန်မြန်တဲ့အရှိနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျဘာတာကြောင်ြ "အားအားအား" နဲ့ အော်ဟစ်သံတွေပါ ပူးတွဲ ထွက်ပေါ်လာခဲ့တယ်။

ဘန်း.. လူအုပ်ကြီးရှေ့ကို တစ်စုံတစ်ရာက ပြုတ်ကျလာခဲ့တယ် —တကယ်တော့ အဲဒါက သေပြီးပြုတ်ကျလာတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတော့.. ဂိတ်စောင့်နှစ်ယောက်က သူတို့ရဲ့မူလနေရာကို ပြန်သွားခဲ့ကြတယ်။ အဲဒီ့နောက်တော့မှ တစ်ယောက်ကထပြီး ပြောလာခဲ့တယ် : "အာ.. အဲဒါက ကောင်းကင်မြို့တော်ထဲကို သားရဲစီးပြီး ဝင်ချင်တဲ့ အရူးပေါ့..."

ဟော်ကျင့်လည်း အံ့အားသင့်သွားခဲ့ကြတယ်။ ဒီစစ်သည်နှစ်ယောက်က အလှပြသက်သက်ပဲ မဟုတ်ဘူးပေါ့!

မြို့ထဲရောက်တော့.. ပျားပန်းခတ် ရှုပ်ထွေးနေတဲ့ လမ်းမတွေကို တွေ့ကြရတယ်။ ဆူညံ့နေကြပြီးတော့ နေရာတိုင်းမှာ ဈေးသည်တွေ ရှိနေကြတယ်။ တကယ့်ကို လူစည်ကားလွန်းတဲ့ နေရာတစ်ခုဖြစ်တယ်...

"လာပါ.. ဆရာ.. လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်လေးတွေ မြည်းကြည့်ပါဦး.. နှမ်းကိတ်လေးလည်း ရှိပါတယ်..."

"ပဲပေါက်စီ၊ အသားပေါက်စီတွေ ရမယ်! အသီးအရွက်ပေါက်စီ၊ မှိုပေါက်စီတွေ ... အခွံပါးပါး အစာများများနော်!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now