Chapter 29 ( Unicode)

15.2K 1.3K 91
                                    

ထိုက်သူစိုးက ကိုယ့်အကြံနှင့်ကိုယ် ပုဝါကို ဆုပ်ကိုင်လိုက်ချိန်မှာ လွှမ်း‌လေးက တံခါးလာဖွင့်ပေးသည်။ ကျွန်တော့်လက်ထဲမှာ ကိုင်ထားသော အဝတ်ပုံကို လွှမ်းက တစ်ခါတည်း ဆွဲယူလိုက်သည်။

"အဝတ်လာပို့တာဆို၊ ပေး..အဲ့ဒီအဝတ်တွေ"

"လွှမ်း ခဏလေး ခဏ"

"လွှတ်ပေးလေဗျာ၊ ပုဝါကို ဘာလို့ဆွဲထားတာလဲ၊ မေမေ သေချာမီးပူတိုက်ထားပေးတာ၊ ကိုထိုက်လုပ်တာ အကုန်တွန့်ကြေကုန်ပြီ"

လွှမ်းလေးက မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးပစ်ကာ ကျွန်တော့်လက်ထဲက အဝတ်ပုံကို ဆွဲလုယူသည်။ ကျွန်တော့်လက်ထဲမှာ ဆုပ်ကိုင်ထားသော ပုဝါကို အတင်းဖယ်ထုတ်ပြီးတော့ ပြန်လုယူလိုက်သည်။ ပုဝါပန်းရောင်လေးက ယောင်္ကျားနှစ်ယောက်၏ လက်နှစ်ဖက်ကြားမှာ တွန့်ကြေသွားရသည်။ ပုဝါခိုးချင်နေသော ကျွန်တော့်စီမံချက်က Failed သွားသည်။ လွှမ်းက အဝတ်ပုံကို အခန်းထဲသယ်သွားပြီး ခုတင်ပေါ်မှာ ချလိုက်သည်။ ပြီးတော့ အကြည့်စူးစူးတွေနဲ့ ကျွန်တော့်ကို ကြည့်လာပြန်သည်။

"အခန်းထဲက ပြန်ထွက်တော့ ကိုထိုက်"

"ဟင့်အင်း၊ လွှမ်းကို မုန့်လိုက်ကျွေးချင်လို့ လာခေါ်တာ၊ ညဈေးသွားရအောင်"

"မသွားချင်ဘူး"

"နေ့လယ်တုန်းက အပြင်သွားတယ်ဆို၊ ဘယ်ကိုသွားခဲ့တာလဲ၊ ကိုယ့်ကိုပြော"

"ပြောစရာလား၊ ကျွန်တော်နဲ့ ကိုထိုက် ဘာဆိုင်လို့"

"သူငယ်ချင်းအိမ်မှာ စာသွားလုပ်တယ်ဆိုတာ လိမ်ပြောတာ မဟုတ်လား၊ ကိုယ့်ကို မှန်မှန်ပြော"

"ကျွန်တော် လိမ်တယ်ဆိုရင်တောင် ကိုထိုက်နဲ့ ဘာဆိုင်လို့လဲ"

"တစ်ချိန်ကျရင် လွှမ်းကို ကိုယ်လက်ထပ်ယူမှာ၊ လွှမ်းက ကိုယ့်အပိုင်ဖြစ်လာမှာ၊ လွှမ်းကို စိတ်မချဘူးကွာ၊ ကိုယ့်ကို အမှန်အတိုင်းပြော၊ ဘယ်သူနဲ့သွားတာလဲ၊ ဘာတွေလုပ်ခဲ့လဲ"

"ကိုထိုက်ဗျာ ဘာတွေလာစစ်ဆေးနေတာလဲ၊ သွားတော့ဗျာ၊ ကျွန်တော် နားချင်ပြီ၊ အခန်းထဲက ထွက်တော့"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Waar verhalen tot leven komen. Ontdek het nu