.. ၁၃၈ ..
13.1K 1.5K 191
《Zawgyi》
အပိုင်း - ၁၃၈
[သိပ်မကြာခင် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ရလာမှာ - ၃]
ချန်းစီနျန်က မြန်မြန်ပဲ သူမကို အဝတ်အစားတွေ ကူဝတ်ပေးလိုက်သည်။
"နောက်ကျ ပိုထူတာနဲ့ လဲဝတ်လိုက် .. ဒါတွေက အရမ်းပါးလွန်းတယ် .. မင်း အအေးမိတာ မထူးဆန်းတော့ဘူး"
ချင်းစုယွဲ့က မျက်လုံးသာလှန်မိ၏။
ရှင် ကျွန်မအင်္ကျီကို ချွတ်ပစ်တာကြောင့်လို့တော့ ဘာလို့ မတွေးရတာလဲ?!
သူမရဲ့အဝတ်တွေ ဝတ်ဆင်လို့ အပြီးမှာတော့ ချန်းစီနျန်က သူ့ရဲ့အပေါ်ဝတ်အင်္ကျီအထူ အမည်းအား သူမကို ဝတ်ပေးလေ၏။
"ပြန်မချွတ်နဲ့ .. မင်းအနွေးထည်ကိုပါ ဝတ်ထား"
ချင်းစုယွဲ့မှာ ရီချင်မိသွား၏။
"စီအီးအိုချန်းရေ .. ကျွန်မက အခုမှ အခန်းထဲမှာပဲ ရှိပါသေးတယ်နော်"
"အခန်းထဲမှာလည်း အတူတူပဲ"
ချင်းစုယွဲ့မှာ သူ့ကို ပြောမနေချင်တော့ပေ။
ချန်းစီနျန်က သူ့အင်္ကျီအိပ်ကပ်ထဲမှ အနီရောင်စာအိတ်လေးကို ထုတ်ပေးလေသည်။
ချင်းစုယွဲ့က ချက်ချင်း မယူသေးပဲ မေး၏။
"ဒါက ကျွန်မကို လာဘ်ထိုးဖို့ သုံးတာလား?"
"မင်းရဲ့ ဘယ်နေရာကများ ကိုယ့်အတွက် လာဘ်ထိုးဖို့သင့်လဲဆိုတာ တကယ် မသိတာပါ"
ချန်းစီနျန်က ချက်ချင်းပဲ သူမကို မြင်သာအောင် ရှင်းပြပါလေ၏။
ချင်းစုယွဲ့ကတော့ စိတ်ဆိုးသွားတော့သည်။
"အဲ့တာဖြင့် ဒါကို ဘာလို့ ပေးတာတုန်း?"
"နှစ်သစ်ကူးအတွက် ဟုန်ပေါင်း(အန်ပေါင်း)"
"မနေ့ညတုန်းက ပေးပြီးပြီ မဟုတ်ဘူးလား?" ချင်းစုယွဲ့က မတွေးကြည့်တော့ပဲနှင့် တန်းပြန်ဖြေလိုက်သည်။
"မတူဘူးလေ .. ဒါက တကယ်အတည်"
"ဟင်" ချင်းစုယွဲ့က ချန်းစီနျန်ထံမှ စာအိတ်အနီလေးကို ယူလိုက်သည်။ စာအိတ်ကို လှုပ်ကြည့်တော့ အတွင်းမှာ ပိုက်ဆံရှိမနေပေ။
"အထဲမှာ ဘာထည့်ထားတာလဲ?"
"ဘယ်လိုဖွင့်ကြည့်ရမလဲ မသိဘူးလား?"
ချန်းစီနျန်က မျက်ခုံးပင့်ပြလိုက်သည်။