26

5.6K 768 62
                                    


မွှန်ထူလွန်းတဲ့ပိုးသတ်ဆေးနံ့​တွေ၊အစိမ်းရောင်လိုက်ကာစတွေ၊ မျက်နှာကျက်ဖြူဖြူတွေ နဲ့ အော်ဟစ်ငိုယိုသောင်းကျန်သံတွေ၊
ဘယ်နေရာကိုကြည့်ကြည့် သူနေရတဲ့နေရာက စိတ်ပျက်ဖွယ်အတိ။
စိတ်ညစ်တယ်။မွန်းကြပ်တယ်။ကြောက်ဖို့ကောင်းတယ်။
ပိုပြီးစိတ်ရှုပ်ဖို့ကောင်းတာက စိတ်ပျက်စရာဒီအခန်းထဲ သူတစ်ယောက်တည်း ၄၅ရက်ကာလကို ဖြတ်သန်းခဲ့ရတာပဲ။

"မင်း ဆေးဖြတ်မလား။ မင်းဦးနှောက်ထဲက လန်ကျန်နဲ့ပက်သက်တဲ့မှတ်ညဏ်တွေကိုဖျက်စီးလိုက်ရမလား၊ မင်း ရွေး"

သွေးအေးရက်စက်လွန်းတဲ့ပါးပါးက နောက်ဆုံးအချိန်ထိ ရှောင်းကျန့်ကိုစိတ်ချမ်းသာအောင်မထားခဲ့ဘူး။လန်ကျန့်တစ်ယောက်ဒီလောကကြီးထဲမှာမရှိတော့ဘူးဆိုတာကိုတွေးမိလိုက်ရုံနဲ့သူအသက်ရှင်နေရတာကအဓိပ္ပါယ်မဲ့လာတယ်။လန်ကျန့်မရှိတဲ့ကမ္ဘာမှာမနေချင်တော့လို့သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ပါးပါးက သေခွင့်တောင်မပေးဘူး။
ရတယ်လေ၊ ဘဝကြီးကို ရေစုံမျှော်ပြီးစိတ်ရှိတဲ့အတိုင်းဖျက်စီးပစ်လိုက်တယ်။လန်ကျန့်မရှိတဲ့ကမ္ဘာမှာဆေးထိုးအပ်တွေနဲ့မူးယစ်ဆေးတွေကသူ့နေ့ရက်တွေရဲ့အဖော်မွန်။
နာကျင်မှုတွေကိုအရည်အဖြစ်ပြောင်းပြီးအသားထဲထိုးထည့်တဲ့သူကမှားနေတာလား။အသက်ရှူပေါက်လေးတောင်မပေး ချောင်ပိတ်ရိုက်တဲ့ပါးပါးကမှန်နေလွန်းပြန်ပြီလား။
နောက်ဆုံးကျ ပါးပါးရှေ့မှာပဲ ဒူးထောက်ရပြန်တာပါပဲ။
သူ ဆေးဖြတ်ဖို့ကိုပဲရွေးချယ်တယ်။သူ့သေတဲ့ အထိ လန်ကျန့်ကိုအမှတ်ရသွားချင်တယ်။

"ဟေး...မင်းသိလား၊  ဒီနေ့ ဆေးဖြတ်မယ့်လူနာအဖြစ်  ဝမ်အိမ်တော်ကသားတစ်ယောက် ရောက်မယ်တဲ့။ ပိုက်ဆံရှိတဲ့လူတွေများအလကားနေဆေးသုံးလိုက်၊ပြသာနာဖြစ်ရင် ဆေးလာဖြတ်လိုက်နဲ့ ဆေးရုံကိုကစားစရာများမှတ်နေလား"

သန့်ရှင်းရေးဦးလေးကြီးနှစ်ယောက်ရဲ့စကားကိုဘာရယ်မဟုတ်နားထောင်မိနေတုန်း သူနာပြုတစ်ယောက်နဲ့အတူပါးပါးတပည့်တစ်ယောက်က သူ့ရှိရာကိုရောက်လာတယ်။

"သခင်လေး ကားရောက်ပါပြီ"

သြော်!ဒီနေ့က သူဆေးရုံကဆင်းမယ့်ရက်ပဲ။
မကြာခင်ဟွန်ဇာကိုပြန်ရမယ်။ထို့နောက်ပါးပါးရဲ့လုပ်ငန်းတွေထဲခြေစုံပစ်ဝင်ရတော့မယ်။
ဟား....အသက်၂၂နှစ်အရွယ်သူက ကိုယ့်ဘဝကိုယ်တောင် ကိုယ့်စိတ်ကြိုက်ဖန်းတီးတည်ဆောက်ခွင့်မရှိတဲ့ ပါးပါးရဲ့ရုပ်သေးရုပ်လေးတစ်ရုပ်ပါပဲ။

EGOISM حيث تعيش القصص. اكتشف الآن