.. ၁၄၀ ..
12.7K 1.3K 35
《Zawgyi》
အပိုင်း - ၁၄၀
[ရှင့်ရဲ့ တရားဝင် ကောင်မလေးထက်တောင် ပိုနေတယ် - ၂]
ချန်းစီနျန်ကတော့ ကျွမ်ကျူးရဲ့ မျက်နှာအမူအယာကို လျစ်လျူရှုထားလေ၏။
"တစ်ခြားအခန်းကို ပြောင်းမယ်"
ကျွမ်ကျူးခမျာ ဘာမှ မတတ်နိုင်တော့ပဲ ညီအစ်ကိုတွေကို အခန်းပြောင်းဖို့သာ ပြောလိုက်ရတော့သည်။
ချန်းစီနျန်က သူတို့နှင့် ဆုံဖြစ်တာ ရှားပါးလွန်းလှပြီး ဒါကလည်း မိန်းကလေးတစ်ဦးကို ခေါ်လာတာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ တွေ့ဆုံပွဲ အကြီးကြီးကို မျှော်လင့်ထားကြပေမယ့် ဒီနေ့မှ လူကိုယ်တိုင် အရှင်လတ်လတ် တွေ့ကြတာဖြစ်ပြီး ထိုမိန်းကလေးမှာ မိတ်ကပ်မပါတာတောင် လှပနေမှန်း သူတို့ သတိပြုမိကြလေ၏။ သူတို့က ချန်းစီနျန်ရဲ့ မိန်းကလေးတွေနဲ့ ပက်သတ်ရင် ကံကောင်းမှုကြီးအပေါ် ချီးကျူးကာ ကပ်ဖားယပ်ဖား လုပ်ကြတော့သည်။
ချင်းစုယွဲ့ကတော့ ဘေးမှာရပ်နေကာ ယောင်ယောင်လေးမျှ ပြုံးနေပြီး တခါတလေမှသာ ခေါင်းညိတ်လိုက် ဟိုဟိုသည်သည်က စကားတွေကို ပြန်ဖြေပေးလိုက်နှင့် ရှိနေပါ၏။
ချန်းစီနျန်ဟာ အစကတော့ သူမ သက်တောင့်သက်သာ ဖြစ်မနေမှာကို စိတ်ပူမိပေမယ့် သူမက အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ အလွယ်တကူ တုံ့ပြန်နိုင်သည်ကို တွေ့ရတော့မှ သူလည်း စိတ်သက်သာရသွားတော့သည်။
ကျွမ်ကျူးက စကားပြော အတော်ဆုံးသူဖြစ်ကာ သူက ချင်းစုယွဲ့အား 'မရီး'လို့ပဲ ဆက်ခေါ်နေ၏။ ဒါကို ကျန်တဲ့သူတွေတွေ့တော့ ဒီအခွင့်အရေးကိုသုံးပြီး သူတို့ပါ သူမအား 'မရီး'လို့ လိုက်ခေါ်ကြတော့သည်။
ချင်းစုယွဲ့မှာ လူအုပ်ကြီးရဲ့ အလယ်၌ထိုင်နေလျက် ခေါင်းလေးကိုငုံ့ကာ ချန်းစီနျန်အား တိုးတိုးလေး ပြောလိုက်သည်။
"ရှင်က သူတို့အားလုံးထက် အသက်ကြီးတာလား?"
"တစ်ချို့လူတွေထက်ပဲ ကြီးတာပါ .. ဘာဖြစ်လို့လဲ?"
ချန်းစီနျန်က သူမ သက်တောင့်သက်သာ မဖြစ်နေမှာ စိတ်ပူသွားသည်။
ချင်းစုယွဲ့က တကယ်ကြီးကို သက်တောင့်သက်သာ မဖြစ်နေတာပင်။
"ယောက်ျားလေးတွေအများကြီးဆီက မရီးလို့ အခေါ်ခံရတာက....... အရမ်း ထူးခြားနေလို့"