6 years Later>>>>>>
ကြာပန်းတံခွန်သာ ရဲ့ ခမ်းနားထည်ဝါလှတဲ့ ဧည့်ခန်းကြီးထဲမှာ လန်ရှီးချန် ရဲ့ ဘွဲ့ဓာတ်ပုံ၊ ကျန်းဝမ်ရင် ရဲ့ ဘွဲ့ဓာတ်ပုံ၊ မိသားစုဓာတ်ပုံ ၊ မင်္ဂလာဆောင် ဓာတ်ပုံ တွေကို နံရံ၌လှပစွာ ချိတ်ဆွဲထားသည်။ ဝေ့၀ူရှန့် က 7Year Anni အတွက် ဆိုပြီး သူကိုယ်တိုင်ဆွဲထားပေးတဲ့ ပန်းချီကားဟာလည်း ဧည့်ခန်းထဲမှာ ထည်ဝါစွာ ရှိနေသည်။
ကျန်းချန် - သား ၀မ်လေး ထတော့လေ။
ရှီးဝမ် - ဟုတ် ပါးပါး။
အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ကနေ ကုန်းရုန်းထလာတဲ့ ကလေး။ ဒီကလေးဟာ ဘယ်တုန်းအခါကမှ အတွန့်တတ်ခြင်းမရှိ။ ကျွန်တော်တို့ စကားကို မြေ၀ယ်မကျ နားထောင်သည်။ အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်ရင့်ကျက်လွန်းတယ်။ ၅ နှစ် ၆နှစ် အရွယ်ဆိုတာ မိဘတွေအပေါ်ဆိုးနွဲ့လို့ကောင်းတဲ့ အရွယ်။ ဒါပေမယ့် ရှီးဝမ်လေး က ဘယ်တုန်းကမှ သူတို့အပေါ် မဆိုးနွဲ့ဘူး။
ကျန်းချန် - သား ၀မ်လေး
ရှီးဝမ် - ဗျာ ပါးပါး
ကျန်းချန် - အိပ်ချင်နေတာလား။
ရှီးဝမ် - အင့်ဟင်း သား မအိပ်ချင်တော့ပါဘူး ပါးပါး
ကျန်းချန် - သား ဘာလို့ လိမ်ရတာလဲ။ အိပ်ချင်ရင် အိပ်ချင်တယ်ပြော။ ပါးပါး က သားကို ဆူလည်း မဆူဘူး။ ရိုက်လည်း မရိုက်ဘူး။
ရှီးဝမ် - သား မလိမ်ပါဘူး ပါးပါး ရဲ့ ၀ှား သားမအိပ်ချင်တော့ပါဘူး။
ကျန်းချန် သက်ပြင်းတစ်ချက်ချလိုက်ပြီး
ကျန်းချန် - ဒီနေ့ ကျောင်းပိတ်တာဆိုတော့ သားဆက်အိပ်လိုက်နော်။ ပါးပါး ၉ နာရီထိုးမှ လာနှိုးမယ်။ ဆက်အိပ်လိုက် သား။
ရှီးဝမ် - သား တကယ်မအိပ်ချင်တာပါ ပါးပါး။
အိပ်ချင်နေရက်သားနဲ့ မအိပ်ချင်ဘူး ပြောနေတဲ့ သားကို ကြည့်ပြီး ကျန်းချန် သက်ပြင်းချမိသည်။ ဒီကလေး ဘာလို့ လိမ်ပြောနေရတာလဲ။
ကျန်းချန် - လန်ရှီးဝမ် အိပ်ဆို အိပ်စမ်း။
မျက်နှာထားတည်တည် နဲ့ ပြောလိုက်တော့မှ ဟုတ်ကဲ့ သားအိပ်ပါမယ် ဆိုပြီး စောင်ဆွဲခြုံပြီး တစ်ဖက်သို့ လှည့်အိပ်သွားတဲ့ သား။ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားတဲ့ သားဖြစ်သူ ကို ကြည့်ပြီး ကျန်းချန် ခေါင်းခါမိသည်။ ဒီကိစ္စ ကို ကိုကို နဲ့ တိုင်ပင်ရမယ်။
YOU ARE READING
ချစ်သော ဗီလိန် {ချစ်သော ဗီလိန် }(Completed) {Zawgyi & Unicode}
Fanfictionခင်ဗျားကို တွေ့တိုင်း ကျွန်တော်နာကျင်တယ်။ ဒါပေမယ့် နာကျင်မှုတွေကိုဘဲ ထွေးပွေ့ပြီး ဆူးခင်းထားတဲ့ လမ်းကို ထပ်လျှောက်မိပြန်တယ်။ ကျန်းဝမ်ရင်(ကျန်းချန်) တောင်းပန်ပါတယ်။ မမှတ်မိတဲ့ အတွက် ကိုယ် တကယ်တောင်းပန်ပါတယ်။ မင်းရဲ့ နာကျင်မှုတွေ ကိုယ့်အချစ်တွေနဲ့ ပြန်...
