.. ၁၄၁ ..
12.4K 1.3K 81
《Zawgyi》
အပိုင်း - ၁၄၁
[ရှင့်ရဲ့ တရားဝင် ကောင်မလေးထက်တောင် ပိုနေတယ် - ၃]
နေရခက်သည့် တိတ်ဆိတ်နေမှုအား ကျွမ်ကျူးက ထပြီး ဖြိုဖျက်လိုက်သည်။
"ပေ့ဇီ .. နောက်ဆုံးတော့ ရောက်လာပြီပဲ! မင်း နည်းနည်းလောက်လေး နောက်ကျသွားလို့ကတော့ ငါတို့တွေ စ စားကြလောက်ပြီ"
"ငါ အလုပ်ရှုပ်နေတာနဲ့ နောက်ကျသွားတာ" မော့ပေက ပြန်ပြောလိုက်၏။ ထိုအချိန်မှာ စားပွဲဝိုင်းကတစ်ယောက်မှ ပြောင်ချော်ချော်နှင့် ဝင်ပြောလေ၏။
"ပေ့ဇီ ... မင်း အခုတလော  ကောင်မလေးနဲ့ အလုပ်များနေတယ်ထင်တယ်! မင်း ကောင်မလေးတွေနဲ့ အတူရှိနေတတ်တယ်လို့ ငါသတင်းတွေ ကြားနေတာ အခုတော့ မင်းက သူ့ကို ငါတို့နဲ့တွေ့ပေးဖို့ ဒီနေရာကို ခေါ်လာပြီပေါ့လေ!"
ချင်းစုယွဲ့က ထိုစကားကို ပြောလိုက်သူအား တလေးတစားပင် ကြည့်မိလျက် တွေးမိလေ၏။
'ဘဒို ကျွန်မတော့ ဘဒို့အတွက် စိုးရိမ်မိပါတယ်'
မော့ပေနဲ့ အတူရှိနေခဲ့တဲ့သူက ရှင့်ရှေ့က အလှလေး မဟုတ်ဘူးရှင့် ဟုတ်ပြီလား!?
အဟုတ်ပင် ချင်းစုယွဲ့က မော့ပေ မျက်နှာပျက်သွားသည်ကို သတိထားမိသွားပြီး ရှန်ဝမ်းယန့်ရဲ့ အမူအယာသည်ပင်လျှင် ခဏမျှ တောင့်တင်းသွားလေတော့သည်။
ချင်းစုယွဲ့ကြည့်လိုက်တော့ မော့ပေက ရယ်ဟဟ ပြောလေ၏။
"ကိုယ့်ထမင်းကိုယ်စားပြီး ပါးစပ်ပိတ်နေ ဟေ့ကောင်!"
ရှက်ရမ်းရမ်းနေပြန်ပါပြီ!
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့နံဘေးတွင် ထိုင်နေတာဖြစ်သဖြင့် မော့ပေ ဒီအခန်းထဲ ဝင်လာစဉ်ထဲက သူမရဲ့အကြည့်က ထိုမှာပဲ ရှိနေသည်ကို သတိပြုမိနေသည်သာ။ သူမမျက်နှာထက်က အပြုံးကပင် ထူးဆန်းနေပြန်၏။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ထိုင်ခုံနောက်တွင် သူ့လက်ကို ဆန့်တင်လိုက်လျက် ခေါင်းကိုငုံကာ သူမရဲ့နားထဲသို့ တီးတိုးပြောလိုက်သည်။
"မင်းဦးနှောက်ထဲက ဖရဲသီးစေ့တွေက ဘာတွေတွေးနေတာပါလိမ့်?"
ချင်းစုယွဲ့က ရယ်လျက် တိုးတိုးလေး ပြန်ဖြေလိုက်၏။
"မော့ပေနဲ့ အတူရှိနေခဲ့တဲ့ မိန်းကလေးကို ကျွန်မတွေ့ဖူးတယ် ... ရှန်ဝမ်းယန့်တော့ မဟုတ်ဘူး"