lover except you 18

21.6K 1.1K 24
                                    

Uincode

နောက်ဆုံးသူကိုစောင့်မနေတော့ပဲ အရင်အိပ်ယာဝင်လိုက်တော့သည် ခနလေးဆိုရုံမှာပဲ အိစက်တဲ့မွေ့ယာပေါ်မှာမို့လားမသိဘူးအလွယ်တကူပဲအိပ်ပျော်သွားတော့သည်
အိပ်မက်တွေထဲမှာလည်း အခုချိန်မက်ချင်ဆုံးကတော့ အမေရယ်အမေရယ် ပြီးရင်ကျွန်တော်ကိုအသဲအသန်လိုက်ရှာနေမယ် ရန်ကိုဖြစ်သည်

အိမ်မက်တွေကနေသတင်းစကားပါးလို့ရရင်ငါ့အဆင်ပြေတယ်မင်းရောအဆင်ပြေရဲ့လားလို့မေးကြည့်ချင်မိသည် အမှန်ဆိုသူကကျွန်တော်အတွက်တော့အရေးကြီးတဲ့လူတစ်ရောက်ဖြစ်သည် အခုတော့အိပ်စက်ခြင်းဆီသို့သာ...............

အထဲကနေကျွန်တော်ပြန်ထွက်လာတော့ အိပ်ယာပေါ်တွင် ကိုယ်တစ်ပိုင်းတင်၍ ခြေထောက်တွေကအောက်တွဲလွဲချထားကာအိပ်ပျော်နေတဲ့သူကို ရီလိုက်ပြီး ပြီးတော့မှအသာအယာလေး ကျွန်တော်ရဲ့လက်မောင်းကြားထဲကိုသာယာစွာထည့်ပွေ့လိုက်ပြီ မွေ့ယာပေါ်ကိုအကုန်တင်ပေးလိုက်သည် ဒါပင်မဲ့ထူးဆန်းတာတစ်ခုက ဖက်မိထားတဲ့သူကိုယ်လုံးလေးကိုပြန်၍လွတ်မပေးချင်တော့တာဖြစ်သည်

" ကြိုး ဒီနေညတော့မွှေယာထက် ပိုကောင်းတဲ့ကိုရဲ့လက်မောင်းကြားမှာအိပ်စက်ပါ ကလေးရေ "
.
.
.
.
.
.
.
.
..
မိုးသောက်ယံ ဝေလေဝေလင်းမှာတော့ မီးမှိန်မှိန်လေးသာထွန်းထားတဲ့အခန်းထဲမှာ လန့်၍နိုးကာငုတ်တုပ်ထထိုင်မိတော့သည် အိမ်မက်ထဲမှာကြိုးက ကျွန်တော်ကိုစိတ်ပူပေးနေတာပဲ ဒါပင်မဲ့အခုရောသူအဆင်ပြေပါမလား ဘေးကတစ်ရောက်ကိုကြည့်လိုက်တော့လဲအသေကောင်အလားဆန့်ဆန့်ကြီးအိပ်ပျော်နေသည်

ဘေးကနေအသာအယာထ၍ လသာဆောင်ကိုသွားရန်ပြင်လိုက်တော့သည်
အမှန်ဆိုကျွန်တော်မသိခဲ့တာက သူကအိပ်ပျော်နေတာမဟုတ်ပဲ အိပ်ချင်ယောင်ဆောင်နေခဲ့တာကိုပဲ ထ၍သွားဖို့ပြင်လိုက်တော့မှ လက်ကိုလှမ်းဆွဲထားသည်

" အို ခင်ဗျားနိုးနေပြီးပဲ ထတော့ကိုယ်အခန်းကိုယ်သွားတော့ "

" မိုးပဲလင်းတော့မှာကွာဒီမှာပဲအိပ်မယ် "

" အဒါဆိုလည်းအိပ် ကျွန်တော်ကတော့ထပြီ "

lover Except you(Completed) Where stories live. Discover now