.. ၁၄၃ ..
12.3K 1.3K 40
《Zawgyi》
အပိုင်း - ၁၄၃
[နောက်ဆုံးတော့ သူတို့ဟာ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိသည့် စုံတွဲတစ်တွဲ ဖြစ်လာချေပြီ - ၂]
ချန်းစီနျန်က သူမကို ရိုးရိုးတန်းတန်း ဖက်ရုံပဲ ဖက်မည်ဟု ချင်းစုယွဲ့က ထင်ကိုမထင်ပေ။ တွေးထားသလိုပါပင် .. ချန်းစီနျန်က ပွေ့ဖက်ထားရင်းနှင့် သူမအား အောက်စီဂျင် ပြတ်လပ်ပြီး မူးဝေသွားသည်အထိကို နမ်းလေသည်။ ပြီးနောက်မှ သူမကို လွှတ်ပေးလေ၏။
ချင်းစုယွဲ့ရဲ့ အားလပ်ရက်တွေ ကုန်ဆုံးသွားပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နေလေပြီ။ သူမ အလုပ်ပြန်ဝင်ဝင်ချင်း ပထမဆုံး လက်ခံရရှိတဲ့တာဝန်က ချန်းစီနျန်ကို အင်တာဗျူးဖို့အတွက် ဖြစ်လိမ့်မည်ဟုတော့ မည်သူ သိခဲ့ပါမည်နည်း။
ဒါကြီးက...
ချင်းစုယွဲ့က တုံ့ဆိုင်းခြင်းအလျဉ်းမရှိ ငြင်းပယ်လိုက်၏။
"သူ ဒါကို လက်ခံနိုင်ချေက အရမ်း နည်းပါတယ်"
"မှန်တယ်! အဲဒါကြောင့်မို့ ငါတို့က ဒီအပိုင်းအတွက် အသေးစိတ် စီစဉ်ထားခဲ့တယ် ... ငါတို့သာ ချန်းစီနျန်ကို ဧည့်သည်အဖြစ် ဖိတ်ကြားနိုင်ခဲ့ရင် ကြည့်ရှုနှုန်းအတွက် စိုးရိမ်နေစရာကို မလိုတော့ဘူး"
ချင်းစုယွဲ့က အယ်ဒီတာချုပ်အား ဖျတ်ခနဲ ကြည့်လိုက်သည်။
"သူ လက်ခံလား လက်မခံဘူးလား ဆိုတာကိုသာ ကျွန်မတို့က အရင်ဆုံး စိုးရိမ်သင့်တာ မဟုတ်ဘူးလား?"
ဒီစကားကို ကြားတဲ့တခဏမှာ အယ်ဒီတာချုပ်ရဲ့ အမူအယာက ပြောင်းလဲသွားသည်။ သူက ချင်းစုယွဲ့အား ရင်းနှီးနွေးထွေးစွာ စိုက်ကြည့်လာပါ၏။
"အဲ့တာကြောင့်မလို့ပဲ  ငါတို့က တင်ဆက်သူချင်းရဲ့ အကူအညီကို လိုတာပေါ့ .. သူ့ကို ရအောင် ဖိတ်လိုက်ပါ! အန်ကယ့်ကို ယုံ .. နောက်တစ်ပိုင်းက လူတိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်မှာပဲ!"
ချင်းစုယွဲ့မှာ ပြောစရာစကားပင် မရှိတော့ပေ။ ဘယ်လိုတောင် စဉ်းလဲတဲ့လူတွေလဲ!
သူမသာ ချန်းစီနျန်ကို အင်တာဗျူးရင် ခံစားချက်တွေ ဘေးဖယ်ထားပြီး ခိုင်မြဲနေမှ ဖြစ်မည်။ သူမတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီး သိနေကြတာကို ဘာလို့ ကင်မရာတွေရှေ့မှာထိုင်ပြီး အထူးသဖြင့် ကြည့်ရှုတဲ့သူတွေအတွက် ထွေရာလေးပါး ပြောပေးနေရဦးမှာလဲ?