အကိုကပင်လယ်ရေလိုပဲ။
သောက်လေသောက်လေငတ်မပြေဆိုသလို
သူထိတွေ့မိတဲ့နေရာတိုင်းကအလွတ်မခံချင်
တော့အောင်စွဲမက်ဖို့ကောင်းတယ်။နူးညံ့တယ်၊သင်းပျံ့တယ်။
လေဟာနယ်ထဲရောက်နေသလိုခံစားမှုမျိုးနဲ့
သူကျူးကျော်မိတဲ့နေရာတိုင်းကချိုမြန်တယ်။တစ်ရိပ်ရိပ်တက်လာတဲ့ပူလောင်မှုတွေကို
အသက်ပြင်းပြင်းရှူကာထိန်းလို့ ဒီမွှေးပျံ့ခြင်း
ပိုင်ရှင်လေးကိုအပူတပြင်းနမ်းရှိုက်နေမိတယ်။"ရီပေါ် တော်တော့ အိမ်ကစိတ်ပူနေလိမ့်မယ်"
လည်တိုင်တွေမှာတိုးဝှေ့နမ်းရှိုက်နေတုန်း
အကိုကအသံတိုးတိုးနဲ့အသိပေးလာတယ်။မလွှတ်ချင်သေးပေမဲ့တစ်ကယ်လဲကြာနေပြီမို့
အကို့စကားကိုနားထောင်ပြီးလည်တိုင်ကခေါင်း
ကိုပြန်မော့ကာနောက်ဆုံးတစ်ချက်နှုတ်ခမ်းလေး
ကိုဖိနမ်းလိုက်တယ်။သေချာကြည့်မိမှအကို့နှုတ်ခမ်းလေးက
သူ့လက်ချက်ကြောင့်အနည်းငယ်
ယောင်ချင်နေပြီ။
နဂိုကအရောင်ဖျော့ဖျော့နှုတ်ခမ်းလေးက
အခုမှသွေးရောင်လေးပိုလွှမ်းလာသယောင်မို့
ကျေနပ်စွာပြုံးမိသေးတယ်။ကပိုကရိုဖြစ်နေတဲ့အင်္ကျီကိုပြင်ပေးကာ
ကြယ်သီးကိုသေချာပြန်တပ်ပေးနေတဲ့သူ့ကို
အကိုကပေါ်တင်ကြည့်လဲရပါရဲ့နဲ့ခနခန
ခိုးကြည့်နေသေးတာ။အားလုံးသပ်သပ်ရပ်ရပ်ပြန်ဖြစ်သွားတော့မှ
ကျိယမ်ကိုဖုန်းဆက်ခေါ်ရတယ်။
သူမခေါ်မချင်းတစ်ကယ်ပြန်မလာတဲ့
ဆရာဝန်ပေါက်စကအထာတော့နပ်သားပဲ။ကားထဲမှာလေထုကနည်းနည်းတော့အုံ့တုံ့အမ်း
တန်းနိုင်တယ်။ဘယ်လိုပဲနှလုံးသားချင်းနားလည်
တယ်ဆိုဆို အခုလိုမျိုးအဆင့်တွေတက်ဖို့အထိ
သူတို့ကတရားဝင်ချစ်သူတွေကမဟုတ်။သူ့ရင်ထဲကစကားတွေကိုဝန်ခံဖို့ပြင်တိုင်း
တားဆီးတတ်တဲ့အကိုကသူ့အနမ်းတွေကိုတော့
ကြည်ဖြူစွာလက်ခံတတ်တာကိုနားမလည်ပေမဲ့
ဒီအခြေအနေလေးနဲ့လဲအဆင်ပြေတာမို့ဘာမှ
စောဒကမတက်ချင်။အရာရာအကို့သဘောပါလေ။
YOU ARE READING
ပန်းရိုင်း(or) Red poppy [completed]
Fanfictionခင်ဗျားကဘာမို့လို့ကျွန်တော့ကိုနှင်နေတာလဲ ဘာလုပ်ပိုင်ခွင့်နဲ့လဲရှောင်းကျန့် မင်းမဖြစ်ရဘူးကောင်လေး ငါ့နေရာမှာမင်းဖြစ်နေဖို့ငါခွင့်မပြုဘူး (Unicode) ခင်ဗျားကဘာမို့လို့ကျွန်တော့ကိုနှင်နေတာလဲ ဘာလုပ်ပိုင်ခွင့်နဲ့လဲရှောင်းကျန့် မင်းမဖြစ်ရဘူးကောင်လေး ငါ့န...