ငါး

130 19 0
                                    


Zawgyi

" ငါအမှန်အတိုင်းပြောရရင် minhee ကငါ့ကိုတကယ်ကြိုက်နေတယ်လို့ငါမထင်ဘူး "

junho ကဖုန်းကနေ yohan နဲ့ အီစီကလီတွေလုပ်နေရင်း eunsang ကိုပြောသည်။
eunsang ကတော့ဘာမှမပြောပဲငြိမ်သက်နေဆဲ။

" သူကကြိုက်တယ် သဘောကျတယ် ဆိုတာဘာမှန်းတောင်သိရဲ့လား "

Eunsang က junhoဘက်ကိုလှည့်ကြည့်ရင်းခပ်လေးလေးပြုံးပြသည်။

တကယ်တော့သူတို့သုံးယောက်ထဲမှာ junhoကလူကြိုက်အများဆုံးဖြစ်သည်။ eunsang ကကျရင်းနှီးသူတွေနဲ့ကလွဲပြီး မျက်နှာထားအမြဲတည်နေတတ်မှာမို့ ချဉ်းကပ်ရဲသူကရှားသည်။
Minhee ကကျတော့ တစ်ဖက်ကသူ့ကိုသဘောကျပါသည်ဟုမျက်နှာတည့်တည့်ကြည့်ပြီးမပြောမချင်းဘာမှရိပ်မိနားလည်တတ်သူမဟုတ်ပြန်။ ဒါကြောင့်မို့သူကချစ်ချင်စရာကောင်းသည့်တိုင်အောင် လက်လျှော့ပြီးဘေးမဲ့ပေးခံထားရသည့်ကောင်လေးဖြစ်သည်။

Minhee အတွက်တော့ junho ကပြည့်စုံသည်။ မိန်းကလေး ယောက်ျားလေး အများအပြားသူ့ကိုသဘောကျကြသည်။ သဘောကောင်းသည်။ လိမ္မာသည်။ Minhee ကိုလည်းအလိုလိုက်သည်။
ထို့ကြောင့်သူ Junho ကိုသဘောကျသည်။ ထိုသို့တွေးသည့်အတိုင်း သူjunhoကိုဖွင့်ပြောခဲ့သည်။

သူတကယ်မသိခဲ့ရိုးအမှန်။
Eunsang ကလည်း junho ကိုသဘောကျနေမှန်းသိလိုက်ရသည့်အချိန်မှာ သူနှလုံးသားကထုနှက်ခံလိုက်ရသလိုနာကျင်သွားခဲ့ရသည်။ သူတွေးခဲ့တာက ဒီတိုင်း junho ကိုလုယူသွားမှာစိုးတာကြောင့်ဟုသာထင်ခဲ့သည်။
ဒါပေမယ့် တခြား Junhoကိုသဘောကျနေသည့်လူတွေအများကြီးကိုတောင်ဘာမှမဖြစ်ပဲ Eunsangကျမှ။
Eunsang ကိုမှ။

Junho ကို Eunsang ကသဘောကျနေသည်ဟူသောအသိကသူ့ရင်ကိုထိုးဆွသည်။

သူအမြဲစိတ်လှုပ်ရှားရသော Eunsangရဲ့ ဆွေးမြေ့မြေ့မျက်လုံးတွေသည် ဘာအကြောင်းအရင်းမှရှိမနေဟုသူမယုံကြည်ချင်ပါ။ အမြဲတမ်း အကြင်နာတွေပြည့်နေခဲ့သည်ပဲ။

" Minhee… "

Yohan ရဲ့အသံကြောင့်သူလှည့်ကြည့်လိုက်သည်။

" သြော် hyung …"

" အဆင်ပြေလား ဘာဖြစ်လို့လဲ မျက်နှာမကောင်းဘူး "

အသည်းအီမိုဂျီ 💖 _Minisang_ Where stories live. Discover now