Chapter 33 (Unicode)

13.8K 1.1K 79
                                    

ဖုန်းသံက အခန်းထဲမှာ ပျံ့လွင့်လာသည်။ မင်းဆက်သည် လွှမ်းနှင့် အနမ်း‌ဝေဖြာနေရာမှ ရပ်သွားသည်။ မင်းဆက်တို့နှစ်ယောက်ကြားမှာ အနှောင့်အယှက် သိပ်များသည်။ ခုနတုန်းကလည်း အခန်းထဲမှာ ဂတ်ဂတ်အော်သံတွေကို တောက်လျှောက်ကြားနေရလို့ လွှမ်းက သူ့ဖုန်းကို စက်ပိတ်ထားပြီးပြီ။ အခုလည်း မင်းဆက်ရဲ့ဖုန်းက ring အသံတွေ မြည်လာသည်။ မင်းဆက်သည် ခုတင်ပေါ်က ခဏဆင်းကာ ဖုန်းသွားကိုင်လိုက်သည်။ မင်းဆက် ထင်ထားသလို ထိုက်သူစိုး ခေါ်တာမဟုတ်။ ချမ်းမင်းဖြစ်နေသည်။

"အင်း.. ချမ်းမင်း ပြော"

"မင်းဆက် ငါပြောမလို့၊ ငထိုက်က ဒေါသူပုန်ထပြီး မင်းဆီလာနေတယ်နော်၊ မင်းက မျက်လှည့်ပြပြီး လွှမ်းကိုခေါ်ထုတ်သွားလို့တဲ့၊ မင်းတို့ကို မြေလှန်ပြီး လိုက်ရှာမယ်၊ လွှမ်းကို ပြန်ခေါ်မယ်တဲ့နော်"

"သတင်းပေးတာ ကျေးဇူး ချမ်းမင်း၊ ငထိုက်က မကြာခင်အချိန်အတွင်း ဒီကိုရောက်လာမယ်ဆိုပါတော့"

"အေး.. ငထိုက်က မကျေမနပ်ဖြစ်နေတာ၊ မင်းတို့နှစ်ယောက်ကို မရရအောင် ပြန်ခွဲမယ်တဲ့၊ လွှမ်းအဖေကြီးကို သူပိုင်တယ်တဲ့"

"အဟက်! အဲ့ဒီကောင် သွေးရူးသွေးတန်း လျှောက်ပြောနေတာ၊ ငါကမှ လွှမ်းအဖေကြီးရဲ့အညှာကို ကိုင်မယ့်ကောင်"

"မင်းလည်း ခေါင်းထဲမှာ အကြံတွေချည်းပဲနော်၊ good မယ်ထင်ရင် do သာ do ၊ မင်းကို အားပေးတယ်၊ ငါပြောဖူးပါတယ်၊ ငါက အချောလေးဘက်ကလို့၊ အချောလေးက မင်းကိုရွေးချယ်လိုက်လို့ မင်းအတွက် ဝမ်းသာတယ်၊ ငထိုက်ကိုတော့ သတိထား၊ မင်းကို ရှုံးမဲ မဲလိမ့်မယ်"

"အေးပါကွာ..သူ ဘယ်လိုအကွက်ချချ ငါက လွှမ်းကို အရယူမှာ၊ အခုတောင် လွှမ်းကိုနမ်းနေတာ၊ ဒါပဲမဟုတ်လား၊ အဲ့ဒါဆိုရင် ဆက်ဆွဲလိုက်ဦးမယ်"

"နေ့ခင်းကြောင်တောင် ထန်လှချည်လား မင်းဆက်၊ မင်းတို့ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားပြီထင်တယ်၊ ဟေ့ကောင်ရေ ဆက်လုပ်၊ အားပေးတယ်ကွ ဟား ဟား"

"အဲ့ဒါဆို ဒါပဲ၊ လွှမ်းပေါက် ငါ့ကိုကြည့်နေတာ"

"အေး အေး"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now