part -26

40 7 2
                                    

My queen(unicode )
မောင့်ဧကရီထိပ်ထား
Part -26
RM airing 10th anniversary


ဂျုံးဂု ရှေ့မှ မိန်းကလေးကို ပွေ့ဖက်လိုက်ရင်း
"ကျေးဇူးတင်ပါတယ် နိုးထလာပေးလို့ ပြီးတော့ ချစ်တယ် "

ရုတ်တရက် ပွေ့ဖက်ခံရလိုက်ရမှုကြောင့် ဂျီဟိုကတော့ ဘာမှနားမလည်လိုက်ဘဲ အူကြောင်ကြားအမူအရာလေးနှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေလေသည်။

အချိန်အတော်ကြာပွေ့ဖက်ထားပြီးမှ ဂျုံးဂု ရင်ခွင်ထဲက ကလေးမကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရသည်။
"တော်သေးတယ် ဘာမှမဖြစ်လို့ ဘယ်နေရာမှ ထိခိုက်မိတာ မရှိဘူး မဟုတ်လား"

*ခုနက ချစ်တယ်လို့ကြားလိုက်တာလား*

ဂျီဟို အတွေးစတို့ကိုရပ်ကာ ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ်ကဲ့ ဂျီဟိုဘာမှမဖြစ်ပါဘူး ဒါနဲ့ မင်းသားက အိမ်ရှေ့စံမယ်မယ်တို့ရွာကို သွားတာမဟုတ်ဘူးလား"

"အင်း အခုပြန်လာတာလေ တော်သေးတယ် မယ်မင်းလေး ဘာမှမဖြစ်လို့ မယ်မင်းလေးသာ တစ်ခုခုဖြစ်ရင် ကိုယ်တော်ရင်ကွဲမှာ ပြန်ရောက်ရောက်ချင်း မင်း ဒီလိုဖြစ်တယ်ကြားတော့ ဘယ်လောက်တောင် စိတ်ပူသွားရလဲသိလား"

ထူးဆန်းတဲ့စကားတွေပြောနေတဲ့ မင်းသားကို ဂျီဟို မော့ကြည့်လိုက်ရင်း
"စိုးရွံ့မိပါတယ် အရှင့်သား"

"စိုးရွံ့မိရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ မင်းတစ်ခုခုဖြစ်ရင် ဒီက အရင်သေလိမ့်မယ်"

"မင်းသား"

"ချစ်တယ် ဂျီဟို အရမ်းချစ်တယ် ဒီစကားက ကိုယ်တော့်ရင်ဘက်ထဲကနေ အလိုလိုထွက်လာတဲ့စကားလုံးပါ"

မထင်မှတ်ထားတဲ့စကားလုံးတွေ ပြောနေတဲ့မင်းသားကို ဂျီဟိုငေးကြည့်နေရင်း
"ဒါပေမယ့် "

ဂျုံးဂုက ဂျီဟို့နှူတ်ခမ်းလေးကို လက်ညှိုးလေးနှင့် အသာပိတ်ရင်း

'သိပါတယ် အိမ်ရှေ့စံမိဖုရားရှိနေသားနဲ့ ဒီလိုပြောမိတာ တကယ်မဖြစ်သင့်မှန်းသိတယ် မပြောသင့်ဘူးလို့ အကြိမ်ကြိမ်တားနေပေမယ့် ကိုယ်တိုင်တားလို့မရလောက်အောင် ရင်ဘက်ထဲကပေါက်ကွဲမတတ် အရမ်းချစ်မိနေတာကို ဘယ်လိုလုပ်ရမလဲ
အဲ့ဒီလိုပြောလို့ ကိုယ်တော့်ကို အရမ်းလွယ်လွယ်ချစ်တတ်တယ်လို့ မမြင်စေချင်ဘူး ကိုယ်တော်ငယ်ငယ်ကတည်းက အင်းလေးကိုပဲကြည့်လာခဲ့တာ နောက်ထပ် ထပ်ချစ်မိမယ်မထင်ပေမယ့် မင်းကိုတွေ့တဲ့အချိန် ကိုယ်တော့်ရင်ခုန်နှုန်းတွေ အရမ်းမြန်လာတယ်
မင်းကိုပဲ တွေ့ပြီးရင်းတွေ့ချင်ပြီး မင်းအနားမှာ နေချင်မိတဲ့အဲ့ခံစားချက်ကို ဘယ်လိုမှတားလို့မရတာမို့ "

my queen (​မောင့်​ဧကရီထိပ်​ထား )(မောင့်ဧကရီထိပ်ထား)    [Zawgyi +unicode]Where stories live. Discover now