.. ၁၄၈ ..
12.6K 1.3K 36
《Zawgyi》
အပိုင်း - ၁၄၈
[သူ လက်ထပ်တော့မယ် - ၁]
ချင်းစုယွဲ့က သက်တောင့်သက်သာဖြစ်စွာ ရေနွေးနွေးလေးနှင့် ချိုးလိုက်၏။ မနက်စာ စားကြချိန်မှာ ချင်းစုယွဲ့မှာတော့ ချန်းစီနျန်ရဲ့ပေါင်ပေါ် တင်ထားခံရလေသည်။ သူမရဲ့ဖုန်းကို ပြန်ဖွင့်ဖွင့်ချင်းမှာပဲ လူပေါင်းမြောက်မြားစွာက သူမကို မက်ဆေ့ခ်ျတွေပို့ထားကာ ဖုန်းတွေလည်း အများကြီး ခေါ်ထားကြတာကို တွေ့လိုက်ရ၏။ သူမမိသားစုကတော့ အများဆုံး ခေါ်ထားကြတာပင်။
ချင်းစုယွဲ့က မက်ဆေ့ခ်ျတွေကို ဖတ်ရှုလိုက်ရင်း မကျေမနပ်ပြေသည်။
"ကြည့် အဲ့မှာ ရှင်လုပ်ထားတာကို!"
ချန်းစီနျန်က သူမရဲ့ခါးလေးကို လှမ်းဖက်လိုက်ရင်း သူမ ထိတ်လန့်နေတာကို ပြောလျော့စေဖို့ ခါးကို ဖြည်းဖြည်းချင်း နှိပ်ပေးနေလျက် တီးတိုးရယ်လိုက်၏။
"ကိုယ်သာ မင်းရဲ့ဖုန်းကို မပိတ်ထားဘူးဆိုရင် ကိုယ်တို့ကိစ္စလုပ်နေရင်းတန်းလန်းနဲ့ မင်းက ဖုန်းထကိုင်နေဖို့များ စဉ်းစားထားလို့လား?"
"ရှင်....." သူက ထိုအကြောင်းကို ရာသီဥတုအကြောင်း ပြောသလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ပြောနိုင်တာကို တွေ့လိုက်ရသည်။ သူကတော့ တကယ့်ကို...... အရှက်မရှိတာ။
ချင်းစုယွဲ့က သူ့မျက်နှာကို လှမ်းတို့လိုက်သည်။
"ဥက္ကဌချန်း .... ရှင်က အေးတိအေးစက်နဲ့ သူများထက် ထူးကဲတယ်လို့ ထင်ရတာ မဟုတ်ဘူးလားဟင်? ကြည့်ရတာ ရှင့်ကို ကမ္ဘာတစ်ဖက်ခြမ်းကို လွှင့်ပစ်ခံလိုက်ရပြီနဲ့ တူတယ်"
"ကိုယ်က မင်းတစ်ယောက်ထဲရဲ့ ရှေ့မှာပဲ မျက်နှာပြောင်တာပါ"
ချန်းစီနျန်က ပြောပြောဆိုဆိုနှင့် ခေါင်းငုံ့လျက် သူမကို လှမ်းနမ်း၏။ သူက ကျီစယ်လျက် သူမရဲ့လျှာနှင့် ဆော့ကစားနေလေသည်။
အစကတော့ ချင်းစုယွဲ့က သူ့ကို ရှောင်နေပေမယ့် သူက ဇွဲကောင်းကောင်းနှင့် လိုက်ကပ်တဲ့အခါမှာတော့ သူမက လက်ထဲကိုဖုန်းကို လွှင့်ပစ်လျက် သူ့ပေါ်သို့ လူးလှိမ့်လိုက်သည်။ သူမက ချန်းစီနျန်ရဲ့မျက်နှာကို လက်ထဲတွင် အုပ်ကိုင်လျက် ထပ်တူညီမျှ ပြန်နမ်းလေ၏။