part 28

7.2K 603 57
                                    

Unicode

Jungkook ကုမ္မဏီမှ ပြန်ရောက်သည်နှင့် မရင်ဆုံး လုပ်သည့်အလုပ်မှာ Jimin ကို ရှာခြင်းဖြစ်သည် ။ အရင်ဆို အိမ်ရှေ့ခန်းတွင် Taehyung နှင့် game ဆော့နေတတ်သည့် ပိစိလေးက ခုများ အရိပ်တောင် မတွေ့ရချေ ။

ဧည့်ခန်းတွင် game ဆော့နေသော Taehyung နှင့် Hoseok ။ အပြင်မှာတော့ ပန်းပင်တွေ ရေလောင်းပေးနေသည့် Namjoon နှင့် သူ့ဘေးတွင် မျက်ခုံးတလှုပ်လှုပ်နှင့်လိုက်ကြည့်နေရသော အိမ်ကူတွေကိုသာ မြင်သည် ။

ချစ်ရသူ ပိစိမှာတော့ အိမ်ပေါ်အိမ်အောက်ရှာလို့မတွေ့ပါ ။ Jungkook တ​​ယောက် အောက်ပြန် ဆင်းလာပြီး Taehyung တို့ကိုသာ မေးလိုက်သည် ။

" Jimin ဘယ်သွားတာလဲ

Taehyung က ဂိမ်းဆော့မပျက် ပြန်လဲ မဖြေ ။ ဖြေရအောင်လဲ သူလဲ မသိဘူးလေ ။ ဘေးက Hoseok ကလဲ အိပ်ယာထ နောက်ကျလို့ Jimin ကို မမြင်လိုက် ။ နှစ်ယောက်သား ငြိမ်နေတာကို ကြည့်ပြီး Jungkook က စတင်ပေါက်ကွဲတော့သည် ။

" ဟိုကောင်တွေ မေးနေတယ်လေ Jimin ဘယ်မှာလဲ လို့

Jungkook အသံက ကျယ်လောင်စွာထွက်လာတော့သည် ။ ထိုခါမှ Taehyung တို့နှစ်ယောက်သား ဖြစ်ပျက်နေတဲ့ Jungkook မျက်နှာမဲကြီးကို မြင်မိတော့သည် ။

Hs " ငါတို့ မနက်ထဲက မတွေ့တာ... Namjoon ကို မေးကြည့်လေ

Jungkook အပြင်မှာ ရှိနေတဲ့ Namjoon ကို လှမ်းမေးဖို့ လုပ်လိုက်သည် ။ ထိုချိန် လက်ထဲမှ ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ contact name လေးက သိပ်ကို ရီရသည် ။
ချက်ချင်းဆိုရုံ Jungkook ဖုန်းကိုင်လိုက်ပြီး တဖက်မှ အသံသေးသေးလေးကြောင့် ပြုံးလိုက်မိသည် ။

ဖုန်းချပြီးသည်နှင့် Jungkook အပြင်ကို ပြန်ထွက် သွားသည် ။

အဲ့လိုပြေးလို့ လွှတ်ကြေးလား Jimin shii

Jimin တယောက် Jungkook အလုပ်သွားသည်နှင့် Yoongi အိမ်သို့ ထွက်လာခဲ့သည် ။
အမှန်တော့ ထွက်ပြေးလာသည်ဆို ပိုမှန်မည် ။ အိမ်အကျယ်ကြီးထဲမှာ Jungkook နဲ့ နှစ်ပါးမသွားနိုင် ၊ ရည်းစားဘဝရောက်ပြီးထဲက Jungkook တဏှာများလာတာ သူအသိဆုံး ၊ဖြစ်သည် ။

Yoongi အိမ်တွင် တညလောက် အိပ်ဖို့ တွေးပြီးမှ အိမ်ရှင် က လက်မခံပါသဖြင့် Jungkook ကိုသာ ဖုန်းဆက် လာကြိုခိုင်းရသည် ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now