.. ၁၄၉ ..
11.7K 1.3K 27
《Zawgyi》
အပိုင်း - ၁၄၉
[သူ လက်ထပ်တော့မယ် - ၂]
ချင်းစုယွဲ့ဟာ နှစ်ဖက်မိသားစုမှ လူကြီးတွေ၏ ပျော်ရွှင်စွာ ဆွေးနွေးနေကြသည့် စကားဝိုင်းကို နားထောင်နေမိရာ ထိုမှ သူမတို့ရဲ့ မင်္ဂလာရက်ကို သတ်မှတ်ပြီးသွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ဧပရယ် လကုန်တွင် ဖြစ်၏။
ချင်းစုယွဲ့မှာ ရှော့ရသွားတော့သည်။
ဧပရယ်ရောက်ဖို့ နှစ်လပဲ လိုတော့တာမလား?
သူမက အရမ်းမစောလွန်းဘူးလားလို့ မေးလိုက်ချင်ပေမယ့် ထမင်းကိုသာ တိတ်ဆိတ်စွာ စားနေသည့် ချန်းစီနျန်က ပြောလာလေသည်။
"ကျွန်တော် ဘိုးဘိုးပြောတဲ့အတိုင်း နားထောင်ပါမယ်"
ဘိုးဘိုးချန်းကတော့ အရမ်းကျေနပ်သွားလေသည်။ ဒီကလေးက သူအမိန့်ပေးတာတွေကို ကလန်ကဆန်လုပ်တတ်တာ များပြီး ဒီတစ်ကြိမ်တော့ တော်တော်လေး ကြုံတောင့်ကြုံခဲ သူနှင့်စိတ်ချင်းတူနေ၏။
ညစာစားပြီးသွားတော့ ဝမ်ယဉ်းလင်က လူကြီးတွေ မင်္ဂလာကိစ္စ အသေးစိတ် ဆွေးနွေးနေကြစဉ် ချန်းစီနျန်အား ချင်းစုယွဲ့ကို အပေါ်ထပ်သို့ လိုက်ပြပေးဖို့အတွက် ပြောလေသည်။
ချင်းစုယွဲ့က တံခါးကိုပိတ်လိုက်ပြီး ဆိုသည်။
"ဧပရယ်လကုန်က နည်းနည်းလေး စောမနေဘူးလားဟင်?"
"ဟင့်အင်း" ချန်းစီနျန်က တိုက်ရိုက်ပဲပြောသည်။
"မင်းရဲ့နာမည်က စုယွဲ့ နောက်ပြီး ကိုယ်တို့က ဧပရယ်လကုန်မှာ လက်ထပ်ကြမယ် ... ဒီလိုမျိုးက အဆင်အပြေဆုံးပဲ"
ချင်းစုယွဲ့က သူ့ကိုလှမ်းကြည့်လိုက်ပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။
"ကျွန်မ အကုန် မပြင်ဆင်ရသေးဘူးလေ ... မင်္ဂလာမဆောင်ရသေးခင် ကျွန်မတို့ လုပ်စရာတွေလည်း အများကြီးရှိတာကို ... ကျွန်မတို့တွေ အချိန်မှီပါ့မလား?"
သူမ နားချိန်မရှိတာကို ချန်းစီနျန်လည်း သိနေသဖြင့် သူမကိုပွေ့ဖက်ပြီး နှစ်သိမ့်လေသည်။
"မစိုးရိမ်ပါနဲ့ .. ကိုယ်နဲ့ မိသားစုတွေပဲ မင်္ဂလာကိစ္စ အသေးစိတ်စီစဉ်လိုက်မယ် ... အလုပ်ကိုသာ စိတ်အေးအေးထားလုပ် ... အဲ့ဒီအချိန်ရောက်ရင်သာ မင်းက ပျော်ပျော်နေပြီး အလှဆုံး သတို့သမီးတစ်ယောက် ဖြစ်နေဖို့ပဲ လိုတာပါ!"