ITMBD - Ep 27

18.6K 2K 224
                                    

I Tempted my BFF’s Dad Ep 27

“daddy ညစာသွားစားမလို့ဆို အခုဘယ်ကိုခေါ်တာလဲ”

မွေးနေ့ညစာသွားစားကြမယ်ဆိုပြီး daddy က ခေါ်လာတာမို့ ဘယ်သွားမှာလဲလို့တောင် သေသေချာချာမမေးဖြစ်ပဲ ရိပေါ်ပါလာရကာ အခုတော့ daddy  ရဲ့ကားေးလက Haihe မြစ်နားကိုရောက်လာတာမို့ ရိပေါ်မေးလိုက်ခြင်းပင်။

မွေးနေ့ညစာလဲဖြစ်၊ နှစ်ယောက်တည်းသွားစားမှာလဲဖြစ်တယ်ဆိုတော့ ရိပေါ်ထင်လိုက်တာက ဟိုနေ့ညကမသွားဖြစ်တဲ့ဆိုင်လား၊ ဒါမှမဟုတ် အလားတူဆိုင်မျိုးတစ်ခုခုလားလို့ထင်လိုက်မိတာပါ။

ဒါပေမယ့် အခုရောက်နေတဲ့နေရာနားမှာက အဲဒီလိုဆိုင်မျိုးတွေမရှိတာမို့ ရိပေါ် မေးခွန်းထုတ်ရသည်။

daddy က ရိပေါ်အမေးကို ချက်ချင်းပြန်မဖြေပဲ ရိပေါ်ဘက်ကိုလှည့်ကာ အရင်ပြုံးပြသည်။

“ရောက်ရင်သိမှာပေါ့”

သိပ်မကြာလိုက်ပဲ daddy ရဲ့ကားလေးရပ်သွားတဲ့နေရာက မြစ်ကမ်းနံဘေးက ကားပါကင်ထိုးတဲ့နေရာမှာဖြစ်သည်။

အနီးအနားမှာတော့ ရပ်ထားတဲ့ကားတွေရယ် မြစ်ထဲမှာတော့ night tour cruise ပြေးတဲ့ သင်္ဘောအချို့ရယ်ကို တွေရသည်။

“သင်္ဘောမမူးတတ်ဘူးမဟုတ်လား”

“မမူးတတ်ပါဘူး ဘာလို့”

“ကားပေါ်ကဆင်း”

ရိပေါ်ခါးမှာပတ်ထားတဲ့ ခါးပတ်ကို ဆွဲချွတ်ကာ ရိပေါ်ပါးကို တစ်ချက်နမ်းပြီး ကားပေါ်ကဆင်းခိုင်းပြန်သည်။

ရိပေါ်လဲ ကြောင်နနနဲ့ပဲ ကားပေါ်ကဆင်းလိုက်တော့ daddy က အနားကိုရောက်လာကာ ရိပေါ်လက်ကိုလာတွဲသည်။

“သွားစို့”

Daddy ရဲ့ ဦးတည်ရာက ရပ်ထားတဲ့သင်္ဘောတွေထဲကမှ အခမ်းနားဆုံးလို့ထင်ရတဲ့ သင်္ဘောတစ်ခုစီသို့။

တခြားဟာတွေထက် ပိုပြီး ထူးခြားစွာခမ်းနားစွာပြင်ဆင်ထားတာ။

“daddy … ညစာက”

“cruise ပေါ်မှာစားမှာလေ .. မကြိုက်ဘူးလား”

“ဟင့်အင်း အံ့သြသွားလို့”

“honey နဲ့အတူ ထူးထူးခြားခြားညစာစားချင်လို့ပါ”

I Tempted my BFF's Dad (Completed)Where stories live. Discover now