part 29 final

11K 726 116
                                    

Unicode

နှစ်နှစ်ခန့် ကြာပီးနောက်.........

Jm " Appa ရေ Omma သားပြန်လာပါပြီ

အိမ်ရှေ့​ပေါက်တွင် အသံဆာဆာနှင့် Jimin တယောက် အလုပ်မှ ပြန်လာပြီဖြစ်သည် ။

Jeon Omma " အိုမို minie လေး ဒီမှာ ရေ.. ရေ သောက်လိုက်အုန်း

Jm " ဟုတ်

Jeon Omma " ဒီနေ့ အလုပ်အဆင်ပြေခဲ့ရဲ့လား Jeon Jungkook ကကော ဆူသေးလား minie လေး

Jeon Omma မှာ Jimin ပိုက်ဆံအိတ်ကို ကူသယ်ပေးရင်း မေးလိုက်တော့ ခုနကပုံစံနှင့်တခြားဆီ မျက်လုံးအိမ်မှ အရည်တလဲ့လဲ့ဖြင့် သနားစရာpuppy ရုပ်လေးလုပ်ကာ တနေ့တာ playlist ကို ဖွင့်ပြလိုက်သည် ။

" ဘာ ဒီလူဆိုးလေးကတော့.....ဘယ်သူ့အားကိုးနဲ့ ငါ့သမက်လောင်းလေးကို ပြောရဲတာလဲ...

ထိုအချိန်......

အပေါက်ဝတွင် ဖိနပ်ကုန်းချွတ်နေသည့် Jeon Jungkook မှာ Jeon Omma အော်သံကြောင့် ဖိနပ်ပင် ကမန်းကတန်း ပြန်စီးကာ အိမ်ပြင်ပြန်ထွက်လိုက်သည် ။

" ဒီနေ့လဲ ငါပဲလား ?

လွန်ခဲ့တဲ့ နှစ်လ က Jimin ကို ကုမ္မဏီ မှာ အရောင်းဝန်ထမ်းခန့်ခဲ့သည် ။
ထိုနေ့မှ စ၍ Jungkook ခဗျာ အိမ်တွင် နေစရာမရှိတော့ချေ ။

အလုပ်တွင် သူဘယ်လို ဆူခဲ့ကြောင်း ဘယ်လိုပြောခဲ့ကြောင်းကို စီကာပတ်ကုန်း ပြန်တိုင်သည့် ချစ်သူလေးကြောင့် အိမ်ပေါ်မှ ဆင်းရပေါင်းလဲ မနဲ ။

မကြာသေးခင်ကမှ အိမ်ပေါ်ပြန်တက်လာတုန်းရှိသေးတယ် ခု ရာသီဥတုက မသာမယာဖြစ်နေပြီ ။

Jungkook ကားပေါ် ပြန်တက်ပြီး ကိုယ့်အသိနဲ့ကိုယ်ပဲ အိမ်ပေါ်က ဆင်းရန် ပြင်လိုက်သည် ။ ကားတံခါး ဖွင့်နေသည့် Jungkook အား

" ဟိုကောင် ... မင်း လာခဲ့အုန်း

အနောက်မှ Jeon Appa ၏ အသံညောင်းညောင်းကြောင့် Jungkook မချိုမချဥ်ပြုံးပြလိုက်သည် ။

" nae Appa

ဧည့်ခန်းဆိုဖာတွင် အသီးကို တမြုတ်မြုတ်ကိုက်ကာ စားနေသည့် Jimin နှင့် အငွေ့တထောင်းထောင်းထနေသည့် မိဘနှစ်ပါး ရှေ့တွင် ငြိမ်ငြိမ်လေးထိုင်ကာ Jungkook တရားနာကြားရန် အသင့်ဖြစ်နေခဲ့သည် ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||जहाँ कहानियाँ रहती हैं। अभी खोजें