.. ၁၅၁ ..
11.1K 1.2K 22
《Zawgyi》
အပိုင်း - ၁၅၁
[ချန်းကတော်ကို ပြန်လည်ကြိုဆိုပါတယ် - ၂]
ချင်းကွမ်းချန်ဟာ ချင်းစုယွဲ့ရဲ့မေးခွန်းကြောင့် နှုတ်ဆိတ်သွား၏။
ချင်းစုယွဲ့က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ဒါက သွေးရိုးသားရိုး အက်စီးဒန့်ဖြစ်တာ မဟုတ်ဘူးပေါ့ ... ဟုတ်လားကိုကို?"
ထို့နောက် သူက ပြန်ဖြေ၏။
"ပါးနဲ့မားက ဒီနေ့ ဖျော်ဖြေပွဲတစ်ခုကိုသွားဖို့ စီစဉ်ထားခဲ့တယ် ... ဒါပေမယ့် အဲဒီကိုအသွားမှာပဲ ကားအက်စီးဒန့်ဖြစ်သွားခဲ့ကြတာ ... အက်စီးဒန့်ဖြစ်တော့ တရားခံက ထွက်ပြေးသွားခဲ့တယ် ... အခုက စုံစမ်းနေတုန်းပဲ ရှိသေး​ပေမယ့် ကိုကို့လက်ထောက် ပို့ပေးတဲ့ လုံခြုံရေးမှတ်တမ်းကို ကြည့်ပြီးသွားပြီ .... အဲဒီတရားခံက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပုံရတယ်"
ချင်းစုယွဲ့က မျက်မှောင်ကုပ်သွားသည်။
ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ? ငါနဲ့ချန်းစီနျန်ကို သတ်ချင်ခဲ့တဲ့သူလိုလား? ရှန်ဝမ်းယန့် ပြောခဲ့တဲ့ တကယ့်တရားခံအစစ်များလား?
ချင်းစုယွဲ့ဟာ သူမကိုယ်သူမ အရမ်းတုံးအနေခဲ့မိသည့်အတွက် လှောင်ပြောင်လိုက်သည်။ သူမဟာ ပျော်စရာကောင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနေခဲ့ရတဲ့ နေ့ရက်တွေကို ကုန်ဆုံးခဲ့ရပြီးတော့ ထိုချိန်ကိုက်ဗုံးကဲ့သို့သော နောင်တွင် ပြဿနာပေးလာနိုင်မည့် ကိစ္စအကြောင်းကို လုံးလုံးလျားလျား မေ့လျော့နေခဲ့မိလေသည်။
သူမက ချင်းကွမ်းချန်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ချန်းစီနျန်ကို ကြည့်လိုက်သည်။
"အရင်တစ်ခေါက်တုန်းက လုပ်ခဲ့တဲ့သူနဲ့ အတူတူပဲလား?"
ဒါကို ကြားလိုက်ရတော့ ချန်းစီနျန်က မျက်မှောင်ကျုံ့သွားသည်ကို သူမ တွေ့လိုက်ရပြီး ချင်းကွမ်းချန်ကလည်း သူ့ကို လှည့်ကြည့်လာလေသည်။
ချန်းစီနျန်က ခဏလောက် တိတ်ဆိတ်နေပြီးမှ ဩရှရှအသံနှင့် ပြောလာသည်။
"ကျွန်တော်တို့ အဲဒီတစ်ယောက်ကနေစပြီး စုံစမ်းစစ်ဆေးလို့ရနိုင်မယ် ထင်တယ်"