အပိုင်း(29)unicode

6K 377 4
                                    

အလွမ်းတွေသည်ခဲ့​ြကသော ထိုညလေး မှစ၍ ခွန်းစစ်တစ်ယောက် မောင့်ကိုအရင်လ်ို ရှောင်မနေတော့ပေ။ မောင်ကလည်း သူဆီပြန်လာဖို့အတွက် ခွန်းစစ်ကိုစဥ်းစားဖို့အချိန်ပေးသည်။

ယခုဆိုမောင်နှင့် ခွန်းစစ် အခြေနေက အများကြီးတိုးတက်ခဲ့လေပြီ။
တွေ့တိုင်း ရှောင်ဖယ်မနေတော့ဘဲ ခွန်းစစ် မောင့်ကို နှုတ်ဆက်တတ်လေပြီ။ တစ်ခါတလေ နှစ်ယောက်သား ညစာအတူ စားဖြစ်ကြသည်။

မောင်ကတော့ ခွန်းစစ်ကိုတွေ့တိုင်း သူ့နဲ့ ပြန်စဖို့ ပြောစမြဲပင်။ ခွန်းစစ် စဥ်းစားဖို့အချိန်ယူထားတာ အခုဆို ၁ပတ်မြောက်ရှိလေပြီ။

စနေနေ့ ညနေ ရုံးဆင်းချိန်တွင် မောင်နှင့် ခွန်းစစ် YYY bar ကိုအတူသွားကြသည်။
ရဲထက်က မင်းခန့်နှင့်သော်တာဝင်းတို့အပြင် ခွန်းစစ်တို့ကိုပါ bar ကိုလာခဲ့ဖို့ ခေါ်ထားခြင်းကြောင့် ပင်။

YYY Bar သို့ရောက်သောအခါ ခွန်းစစ်တို့ ရဲထက်ငှားထားသော သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်။

" ဟော် ဟိုမှာ..လာပြီ....ဟိုနှစ်ကောင် "
အခန်းထဲဝင်သည်နှင့် မင်းခန့်ကဦးစွာဆီးကြိုပြီးပြောသည်။

" အဟမ်း...မင်တို့နှစ်​ကောင် အဆင်ပြေသွားပြီလား ။"
မင်းခန့်ရဲ့ ရွှတ်နောက်နောက်အမေးကြောင့် ရဲထက်ရော မိသော်ရော ခွန်းစစ်နှင့်မောင့်ကို စူးစမ်းကြည့်လာကြ၏။

" ဘာလဲ ငါတို့က သူငယ်ချင်း တွေပဲလေ။ "

ခွန်းစစ်စကားက်ို မင်းခန့်က မယုံဘူးဟူသော အကြည့်ဖြင့် ကြည့်လာ၏။

ထို့နောက် မိသော်ကမင်းခန့်ဗိုက်ကို တံတောင်နှင့်ထိုးလိုက်၍ မင်းခန့်က မိသော်ကိ​ုမျက်နှာကြီး ဖြီးပြလျက် ပခုံးကိုလှမ်းဖက်လိုက်သည်။

ထိုမြင်ကွင်းကို ရတုတစ်​​ယောက်
အထူးအဆန်းသဖွယ်ကြည့်နေသည်။

"မင်းခန့်နဲ့ မိသော်က "

" မင်း မသိသေးဘူးပဲ။ သူတို့နှစ်ယောက်တွဲနေကြတာ "
ရဲထက် ရဲ့အဖြေကို မင်းခန့်က မိသော်ပခုံးဖက်ပြီး ေအာင်နိုင်သူတစ်ယောက်ဖွယ်ပြုံးကာ ခေါင်းတညိတ်ညိတ်လုပ်ပြနေသည်။

Lilac (First Love) (Complete )Where stories live. Discover now