Chapter 35 ( Unicode)

13.7K 1K 39
                                    

Bar Club ပိတ်ပြီတဲ့။ Waiter ၏ စကားအဆုံးမှာ ထိုက်သူစိုးသည် ရီဝေစင်းကျနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ကိုယ်က အသိစိတ်လုံးလုံး ကင်းလွတ်နေတာမျိုးလည်း မဟုတ်။ စီးကရက်ကို ရှိုက်ဖွာနေစဥ်မှာ တစ်ကိုယ်လုံးပေါ့ပါးပြီး တိမ်စိုင်ကြားထဲ လွင့်မျောနေမိတာ။ Club ပိတ်ချိန်ရောက်ပြီဆိုတော့လည်း ယိမ်းယိုင်ချင်နေသော ခန္ဓာကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် မတ်တပ်ထရပ်လိုက်သည်။

သေချာတာကတော့ လေးလံနေသော ခြေထောက်တို့သည် ခေါင်းမာစွာနှင့် ကန့်လန့်ဆန်စွာ အိမ်မပြန်ချင်သေးခြင်းပင်။ ရန်ကုန်မြို့ကြီးမှာ ဖေဖေ့အပိုင် ဟိုတယ်တွေ အများကြီးရှိတာမို့ ဘယ်ဟိုတယ်မှာပဲ သွားအိပ်အိပ်၊ ကိုယ့်အတွက် အဆင်ပြေပြီးသား။ ပြတ်သားမာကြောသော စိတ်ဓာတ်ကြောင့်လည်း ဖေဖေက ဖုန်းဆက်မခေါ်မချင်း အိမ်မပြန်ဖို့ ဆုံးဖြတ်ထားသည်။ အဲ့ဒီတော့ Bar Club နှင့်အနီးဆုံးဖြစ်သည့် Royal Palace ဟိုတယ်ကို ထွက်လာလိုက်သည်။

"ဟာ! အစ်ကိုလေး ညကြီးမိုးချုပ် ဘယ်က ဘယ်လိုရောက်လာတာလဲ"

"ငါ့အတွက် အခန်းတစ်ခန်း စီစဥ်ပေး"

"အစ်ကိုလေး အိမ်မပြန်ဘူးလား ခင်ဗျ"

"စကားမရှည်နဲ့၊ အိမ်မှာမနေချင်လို့ ဟိုတယ်မှာ လာနေတာ"

"ဪ ဟုတ်ကဲ့ခင်ဗျ၊ အစ်ကိုလေးအတွက် ဒီမှာ အခန်းသော့ပါ"

"တစ်ခါတည်း ပြောထားမယ်၊ ဖုန်းဆက်မခေါ်ဘဲနဲ့ ဘယ်သူမှ မလာနဲ့၊ Room Service လည်း လာမလုပ်နဲ့၊ ငါလိုအပ်ရင် ဖုန်းဆက်ခေါ်မယ်"

"ဟုတ်ကဲ့ခင်ဗျ၊ မှတ်ထားလိုက်ပါမယ်"

တစ်ညတာကုန်ဆုံးပြီး နောက်တစ်နေ့ မနက်အစောတွင် Royal Palace ဟိုတယ်၏ ဆင်ဝင်အောက်သို့ မည်းနက်ပြောင်လက်နေသော BMW ကားတစ်စီး ထိုးရပ်လာသည်။ Reception Counter မှာ တာဝန်ကျသော ဝန်ထမ်းသည် ကားကိုမြင်လိုက်တာနဲ့ ကောင်တာမှ အမြန်ပြေးထွက်သွားကာ ဟိုတယ်ထဲ ဝင်လာကြသော သူဌေးကြီးတို့လင်မယားကို ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်သည်။

"မင်္ဂလာပါ သူဌေး"

"ညတုန်းက ထိုက်သူစိုး ရောက်လာတယ်ဆို၊ ဘယ်အခန်းမှာ ရှိနေလဲ၊ အခန်းလိုက်ပြပေး"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now