Ep -3💚❤

2.3K 179 15
                                    

Zawgyi

Yi Bo တို့လည်း စားသောက်ပြီးတော့ အချိန်က 8နာရီထိုးလေပြီ။ သူတို့လည်း ပြန်ဖို့ပြင်ကြတယ်။ ဆိုင်ကယ်ကိုလည်းဖြည်းဖြည်းစီးရင်းပေါ့။ Yi Bo က Supermarket တစ်ခုမှာရပ်လိုက်ပြီး

"ငါ ဝယ်စရာလေးရှိနေလို့ အထဲလိုက်ခဲ့လေ"

"အင်းလိုက်ခဲ့မယ်"

နှစ်ယောက်သား ဝင်လာခဲ့တယ်။Yi Bo ကလည်း တွန်းလှည်းတစ်ခုကို ယူလာပြီး Xiao Zhan အနားရောက်တော့ Xiao Zhan ကို ကောက်ပွေ့ပြီး တွန်းလှည်းထဲ ထည့်လိုက်တယ်။

AN- ရှင်ကလည်းနော် ဒီနေ့မှတွေ့တာလေ ကောက်ပွေ့တာ 2ခါရှိပြီနော်🙂

"Yi Yi Bo လူတွေ ရှိနေတယ်လေ "

"ဘာဖြစ်လဲကွာ ကိုယ့်သူငယ်ချင်းကိုယ် ပွေ့တာပဲ"

သူတို့နှစ်ယောက်လူံး ဘေးဘီကိုကြည့်လိုက်တော့
ထင်တဲ့အတိုင်းပဲ လူအများက  ဓာတ်ပုံရိုက်သူကရိုက် ပြုံးစိစိနဲ့ကြည့်သူက ကြည့်သွားကြနဲ့

Yi Bo လည်း Xiao Zhan ကို တွန်းလှည်းထဲထည့်ပြီး Supermarket ထဲ သုံးပတ်လောက်ပတ်ပြီးမောလာမှ ဝယ်စရာရှိတာ ဝယ်ကြတယ်၊

သူတို့ ဈေးဝယ်ပြီးတော့ ကောင်တာမှာငွေရှင်းဖို့လုပ်နေတုန်း လူအများကြီးစောင့်ရတာမို့
Xiao Zhan လည်း Supermarket ထဲ ဟိုကြည့်ဒီကြည့်နဲ့ တစ်နေရာအရောက်ကျတော့ Rose Only တံဆိပ်လေး ယုန်အမဲလေးက နှင်းဆီပန်းစည်းအနီရောင်လေးကိုကိုင်ထားတာလေးကို ဖန်ပုလင်းအကြည်လေးနဲ့ထည့်ထားတာ မြင်တော့ အတော်ကြာငေးကြည့်နေမိတယ်။ဈေးကိုကြည့်မိတော့
Yuan 800ကျော်
"ဘုရားရေ"

Yi Bo လည်းငွေရှင်းပြီး Xiao Zhan ကို လိုက်ရှာတော့ အနားသွားလိုက်တယ်။ သူအနားရောက်တဲ့အချိန်ထိ သူ့ကိုသတိမထားမိလို့ Xiao Zhan ကြည့်နေတဲ့နေရာကိုကြည့်တော့ ......

"သွားရအောင် Xiao Zhan"

"ဟမ် အော် အေး"

သူတို့ထွက်လာပြီးဆိုင်ကယ်ရပ်ထားတဲ့နေရာရောက်တော့

"Xiao Zhan ခဏစောင့်ဦး ငါ ဝယ်စရာတစ်ခုမေ့လာလို့ အမြန်ပြန်လာခဲ့မယ် မင်းဒီမှာပဲစောင့်နေနော်"

Yi Bo က ပြောပြီးထွက်သွားတာမို့ Xiao Zhan လည်း စောင့်နေလိုက်တယ်။ ခနအကြာ Yi Bo ပြန်ရောက်လာတာမို့ ဆိုင်ကယ် စီးပြီးထွက်လာခဲ့ကြတယ်။ မိုးအတော်ချုပ်နေပြီး 10နာရီခွဲနေပြီ။အဆောင်က 11နာရီပိတ်တာမို့ အမြန်မောင်းခဲ့တယ်။ တစ်လမ်းလုံး သူ့နောက်က ကောင်လေးက ကြောက်နေလို့ထင်ပါရဲ့ ခါးက အင်္ကျီစကို တင်းနေအောင်ဆုပ်ထားတယ်။ 15မိနစ်လောက်မောင်းလာပြီး အဆောင်ရဲ့အောက်မှာ ဆိုင်ကယ်ထားဖို့အဆင်ပြေလို့ ဆိုင်ကယ်ရပ်လိုက်တာမို့ Xiao Zhan ဆင်းလိုက်ပြီး Yi Bo ရဲ့အထုပ်တွေကို ကူသယ်ပေးပြီး အခန်းထဲအရင်ဝင်နှင့်တယ်။
သူတို့အခန်းက အောက်ထပ်မှာမို့ အဆင်ပြေသည်ဟုပြောလို့ရသည်ပင်။ Yi Boလည်း အခန်းထဲရောက်လာတော့ Xiao Zhan မှာ အင်္ကျီလဲပြီး အိပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။  ကုတင်ပေါ်မှာ ပက်လက်လှန်ပြီးလှဲနေတဲ့ Xiao Zhan ဘေးမှာ တင်ပါးလွှဲထိုင်ပြီး ခြေထောက်ကိုကိုင်လိုက်တော့
Xiao Zhan မျက်လုံးများဖြတ်ခနဲပွင့်လာပြီး

My Heart With You (Completed)Where stories live. Discover now