Where Are You?(15)

2.2K 139 14
                                    

Unicode

ဖြောင့်ဖြူးညီညာနေတဲ့ ရန်ကုန် ပုသိမ်
အဝေးပြေးလမ်းမပေါ်မှာ
အရှိန်နဲ့ပြေးလွှားနေတဲ့ Lexus NX200
2018 အနီရောင်တစ်စီး။

"Darling"

"ဗျာ"

"ကားမှန်ချပြီး Aircon ပိတ်ပေး "

"ဘာလို့လဲ Babe"

"သဘာ၀လေကို ရူချင်လို့ပေါ့"

Sunroof ကိုအကုန်ဖွင့်ပေးပြီး ဘေးတံခါးမှန်ကို
နဲနဲပဲချပေးလိုက်တယ်

"ဘေးကို ခေါင်းနဲ့လက် ထုတ်မှာစိုးလို့
Sunroofတော့အကုန်ဖွင့်ပေးတယ်နော် ​Babe"

မှိုင်း ဆီကိုမျက်စောင်းထိုးလာတဲ့ ကြွေ က

"ငါ က ကလေးလား နင်ပြောနေရအောင်"

"နင်ကငါ့အတွက် ကလေးပဲ
နင်ကိုငါ စိတ်မချဘူး သိရဲ့လား"

"ဟွန်း.."

"ကဲပါ Babe လေး
ငါနင့်ကိုမပြောတော့ဘူးလေ နော်
စိတ်မကောက်နဲ့ ပုသိမ်ရောက်တော့မယ်"

"ကြိုပြောထားမယ်နော် ငု၀ါ နဲ့သိပ်မကပ်နဲ့
ငါမြင်ရင် ငါ့အဆိုးမဆိုနဲ့နော်"

"သူတို့ဆီသွားတာလေ မကပ်နဲ့ဆိုတော့ဘယ်ကောင်း
ပါ့မလဲ နောက်ပြီး နင်နဲ့ငါချစ်သူတွေဆိုတာ သုတနဲ့
ငု၀ါ ပြီးရင်သူတို့တစ်အိမ်လုံးသိတာကို ဘာတွေစိတ်မ
မချဖြစ်နေတာလဲ "

"အေးဟုတ်သားပဲငါမေ့သွားတယ် ဟီး ဟီး"

"ဟင်း......
ကြွေ နော် ငါကနင့်တစ်ယောက်တည်းကိုပဲချစ်လာခဲ့ရတာ နင်စိတ်မချရင် ငါဘယ်လိုလုပ်နေပျော်မှာလဲ
ငါတို့က ချစ်သူရည်းစားတွေအဆင့်ထက်ပိုတဲ့
Relationship ကရှိနေပြီလေ ငါပြောချင်တဲ့သဘော
ကို နင်သိလား"

"အင်း"

"ငါနင့်ကို နင့်မိဘတွေဆီမှာ အသိပေးပြီး
အတူနေချင်တယ် လက်ထပ်လို့ရရင်
လက်ထပ်ချင်တယ် နောက်ပြီး...
ကလေးတွေလိုချင်တယ်...ဟီး "

"လက်ထပ်တာကတော့ ဟုတ်ပါပြီ
ကလေးကဘယ်ကနေပါလာတာလဲ
နင့်ဘာသာမွေးပါလား ငါကလှချင်သေးတယ်
ဗိုက်မကြီးချင်ဘူး ရှင်းလား"

"ကြွေ နင်မညစ်နဲ့လေ
နောက်ပြီးနင်ကအရမ်းလှတာ ငါစိတ်မချဘူး
ငါနင့်ကို ယူချင်ပြီလေ နော် လက်ထပ်ရအောင်
ငါ့အတွက်ကလေးတော့မွေးပေး"

Where Are You ?Where stories live. Discover now