《Zawgyi》
အပိုင်း - ၁၅၃
[လင်းဟွေ့ - ၂]ချင်းစုယွဲ့ဟာ ထိုလူ့ထံမှလွတ်အောင် ရုန်းလိုက်ပေမယ့် သူက သတိဖြင့် တားဆီးထားပုံပေါ်သည်။ သူမကို တင်းကျပ်စွာ ဖက်တွယ်လျက် လွှတ်ပေးဖို့အတွက် ငြင်းဆန်နေလေကာ သူမမှာ လက်မောင်းတွေပင် လှုပ်လို့မရပေ။
"လွှတ်ပေး! ရှင် လူမှားနေပြီ! မြန်မြန် လွှတ်ပေး!"
"ဟင့်အင်း! ငါ လူမှားစရာ အကြောင်းမရှိဘူး! မင်းက ငါ့မိန်းမ ချင်းစုယွဲ့ပဲ!"
"ကျွန်မ ရှင့်ကို သိတောင်မသိဘူး!"
ကင်မရာတွေ ဖုန်းတွေဟာ မရပ်မနား တဖျပ်ဖျပ် လက်နေကြကာ ချင်းစုယွဲ့က အလယ်၌ ပိတ်မိနေ၏။ သူမမှာ လွတ်နိုင်ဖို့နေနေသာသာ ရုန်းလို့တောင် မရချေ။
သူမကို မည်သူမှန်းသိနေသည့် လူတွေကလည်း အများအပြားပင် ရှိနေလေရာ စကားသံတွေလည်း အမျိုးမျိုး ထွက်ပေါ်လာသည်။
"အဲ့တာ ချင်းစုယွဲ့မလား? သူက ချန်းစီနျန်နဲ့ လက်ထပ်တော့မှာ မဟုတ်ဘူးလား?""ဘုရားရေ! အဲ့လူက သူ့ကို မိန်းမလို့ ခေါ်လိုက်တယ်! ချင်းစုယွဲ့က ချန်းစီနျန်ကို လင်ငယ်ဖြစ်အောင် လုပ်လိုက်တာလား?"
"ဝါး! အဲ့ကောင်မလေးက လှပေမယ့် အကျင့်ပျက်နေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ!"
"တကယ့်ကို ပွဲကြီးပွဲကောင်းပဲဟေ့..."
ချင်းစုယွဲ့ဟာ ထိုမှတ်ချက်တွေကို ကြားလိုက်ရချိန်မှာတော့ မျက်နှာက တင်းမာသွားသည်။
"ကျွန်မ ရှင့်ကို ပြောလိုက်မယ် ... အခုချက်ချင်း ကျွန်မကို လွှတ်မပေးလို့ကတော့ ရှင် နောက်ဆက်တွဲကိစ္စတွေကို ရင်ဆိုင်ရအောင် ကျွန်မ သေချာလုပ်မှာ!"
ချင်းစုယွဲ့ဟာ ဒေါသဖြစ်စွာနှင့် ခါချလိုက်သည်။ သူမရဲ့အဝတ်တွေ၌ ထိုသူ့ထံမှ အနံ့စူးစူးတွေ စွဲကပ်လာချေပြီ။"မိန်းမ ... မင်း အဲဒီ ချန်းမျိုးနွယ်ကောင်နဲ့ မယူရဘူး ... ငါ အကောင်းဆုံး ကြိုးစား ပိုက်ဆံရှာပြီး မိသားစုကို ထောက်ပံ့ပါမယ်ကွာ နော်!"
"နင်က ဘယ်သူလဲလို့?!"
"မိန်းမ! ကိုယ်က လင်းဟွေ့လေ! မင်းက ငါ့မိန်းမပဲဟာကို တခြားလူနဲ့ မှားစရာ အကြောင်းကိုမရှိဘူး!"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...