.. ၁၅၇ ..
9.9K 1.1K 38
《Zawgyi》
အပိုင်း - ၁၅၇
[နင်တော့ ဇာတ်သိမ်းလှနိုင်မှာ မဟုတ်ဘူး-၂]
"ငါက ငြိမ်းငြိမ်းချမ်းချမ်း မသေရတော့ရော ဘာဖြစ်လဲ? ဒီတစ်လျှောက်လုံးမှာ ငါပျော်ရွှင်ခဲ့ရပြီး အချစ်တွေအားလုံးကို ရရှိခဲ့တယ်လေ ... ငါ့ရဲ့အိပ်မက်တွေတောင်မှ တကယ်ဖြစ်လာခဲ့တယ် .. အနာဂတ်ကို ဘယ်သူက ဂရုစိုက်နေရဦးမှာလဲ? အခု ငါစိတ်ပူနိုင်တဲ့ အရာမဟုတ်ဘူး"
ချင်းစုယွဲ့က သူမရဲ့နှုတ်ခမ်းအား တွန့်ကွေးလိုက်သည်။
"နင့်ကျတော့ရော .... ငါတို့နှစ်ယောက်ယှဉ်ရင် နင်ကျတော့ သနားစရာကောင်းနေလိုက်တာ ... နင်က ဒီကမ္ဘာကို ဖန်တီးခဲ့တာပေမယ့် နင်လည်း ဒီမှာပဲ ကပ်တွယ်နေခဲ့ရတာပဲလေ .. အဟက် .. ဘယ်လိုတောင် ကပ်ဖိုးကပ်ဖဲ့ နိုင်လိုက်မလဲနော်"
"ဒီကမ္ဘာကို ငါဖန်တီးခဲ့တာမလို့ ငါ နေချင်သလောက် နေလို့ရတယ် ... ဒါပေမယ့် နင်အတွက်ကျတော့ ဒီကမ္ဘာကနေ ထွက်သွားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သေဆုံးခြင်းပဲလေ ... နင်သေသွားရင်တော့ အကောင်းဆုံးပဲပေါ့!"
ချင်းစုယွဲ့ရဲ့မျက်နှာထက်က အပြုံးမှာ တဖြေးဖြေး လွင့်ပျယ်လာ၏။
"အေးလေ ... အနည်းဆုံးတော့ နင်လည်း ငါ့နောက်လိုက်လာရမှာပဲ"
"နင်!" ရှီရှီက ဒေါသထွက်လာကာ သူမကို စူးဝါးစွာ စိုက်ကြည့်လိုက်သည်။
"ငါ့ရှေ့မှာ လာဟန်ဆောင်မနေနဲ့တော့! ငါနင့်ကို ပိုပြီး ရွံလာလို့ ... ချင်းစုယွဲ့ .. ငါတို့က အခု ဒီကမ္ဘာမှာဖြစ်စေ တခြားတစ်နေရာမှာဖြစ်စေ နင်က ဘယ်တော့မှ ငါ့ထက် ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရမှာ မဟုတ်ဘူး! ငါ့အတွက်တော့ ဒီလောက်ဆိုရပြီ!"
"အဲ့တာဆိုတော့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား?"
ချင်းစုယွဲ့က သွေးထိုးစမ်း မေးကြည့်လိုက်သည်။
"ငါ့ဆီက ဘာမှရဖို့ ကြိုးစားမနေနဲ့ ... ငါနင့်ကို ဘာတစ်ခုမှပြောပြမှာ မဟုတ်ဘူး"
"ငါ ခန့်မှန်းတာတော့ ငါတို့ သိကြတယ်ထင်တယ်" ချင်းစုယွဲ့က တစ်ယောက်တည်း ရေရွတ်လိုက်၏။
"နင်ငါ့ကို မုန်းနေတယ် .. တော်တော်လေးကို မုန်းနေတာ"