.. ၁၅၉ ..
9.6K 1K 24
《Zawgyi》
အပိုင်း - ၁၅၉
[ချန်းကတော်က ဂျေဝင်နေတာလား?-၂]
"လင်းဟွေ့ကို သေလုဆဲဆဲထိ ရိုက်တော့မှ ဝန်ခံတယ် ... လူတစ်ယောက်က သူ့ကိုလာတွေ့ခဲ့တယ်တဲ့ ... အဲ့လူက လင်းဟွေ့ကို နောင်အနာဂတ်ကျရင် သူ့အလုပ်တွေ အဆင်ပြေပြီး ညီမလေးနဲ့ လက်ထပ်ရမယ်လို့ ပြောသွားတယ်တဲ့ ... နောက်ပြီး သူက လင်းဟွေ့ကို ပိုက်ဆံအများကြီး ပေးပြီး လေဆိပ်မှာ သရုပ်ဆောင်ခိုင်းခဲ့တာ ... လင်းဟွေ့က အရှုံးမရှိဘူးဆိုပြီးတော့ ပိုက်ဆံယူပြီး ညီမလေးဆီ ရောက်လာတာပဲ"
ချင်းစုယွဲ့က နားထောင်နေရင်း အေးစက်စက်ဖြင့် ဟွန့်ခနဲ ရေရွတ်သည်။
"ဒင်းကတော့ ပိုက်ဆံအတွက် ဘာမဆိုလုပ်မယ့်သူမျိုးပဲ!"
"နောက်ကျရင် ဒီကောင် ဘာမှ ပြဿနာမရှာနိုင်အောင် ကိုကို လုပ်ပေးမယ်"
ချင်းကွမ်းချန်က အသေအချာဆိုသည်။
"ကိုကို ပြောတာက?"
ချင်းစုယွဲ့က နားမလည်ပေ။
ချင်းကွမ်းချန်က သူမကိုကြည့်ပြီး ဖြေးအေးစွာ ရှင်းပြ၏။
"သူ့မှာ ကုမ္ပဏီအတွက် အကောင့်တုတွေရှိပြီး အများပိုင်ငွေတွေကို သုံးစွဲနေတယ်ဆိုတာ ချန်းစီနျန်က ရှာတွေ့သွားခဲ့ပြီ ... အဲ့တာကြောင့်မလို့ ကုမ္ပဏီကနေ ပထမဆုံး အလုပ်ထုတ်ခံရမယ် .. နောက်ဆို ဘယ်သူမှ ဒီကောင့်ကို အလုပ်ခန့်ရဲကြတော့မှာ မဟုတ်ဘူး"
"အင်း ... သူ နှောင့်ယှက်တာ လွယ်လွယ်လေး ရပ်သွားပြီပေါ့"
ချင်းစုယွဲ့က အကြင်နာကင်းမဲ့စွာ ဆိုလေသည်။
"မစိုးရိမ်နဲ့ .. ဒီကောင့်ရဲ့လက်ကျန်ဘဝကို ဆေးရုံပေါ်မှာပဲ ကုန်ဆုံးသွားရတော့မှာ"
"ကိုကိုကတော့ တကယ့်ကိုပဲ......"
ချင်းကွမ်းချန်က သူမကိုကြည့်ပြီး ပြန်ပြောလိုက်သည်။
"ကိုကိုက ဒီကောင့်ကိုရိုက်ဖို့ လူရှာပြီးပြီ ..  ဒါပေမယ့် ကိုကိုလည်း ရှာပြီးရော ချန်းစီနျန်ကလည်း လူတွေလွှတ်ထားပြီးပြီ ... သူ့လူတွေက ကိုကို့လူတွေထက်တောင် ပိုရက်စက်သေးတယ်"
ချင်းစုယွဲ့က ဆိုလေ၏။
"....အင်း ..ခံသင့်ပါတယ် အဲ့ကောင်က!"
ချင်းကွမ်းချန်နှင့် စကားပြောပြီးသွားတော့ ချင်းစုယွဲ့ဟာ အလုပ်ကိုထွက်လာပြီး ရှီရှီလုပ်ခဲ့တဲ့ ကိစ္စတွေကို သူမ သက်သေမရှာနိုင်သည်ကိုသာ တွေးနေမိသည်။ သူမမှာ ရွေးစရာမရှိတော့ပဲ ရှီရှီ့ကို မျှားခေါ်ရပေတော့မည်။