.. ၁၆၁ ..
9.5K 1K 29
《Zawgyi》
အပိုင်း - ၁၆၁
[ဒီကမ္ဘာရဲ့ တည်ရှိမှု - ၂]
"ဘာမှ မဟုတ်ပါဘူး"
ချင်းစုယွဲ့က ထိုသို့ပြောလိုက်ကာ သူ့လက်မောင်းတွေအား ဖက်တွယ်လိုက်လျက် ပြုံးကာ သူ့အနားသို့ တိုးကပ်သွားလေ၏။
"အဲ့တာဆိုရင် အခု ကျွန်မတို့က မင်္ဂလာဆောင်အတွက်ပဲ အာရုံစိုက်လို့ ရပြီပေါ့နော်?"
"ကိုယ်တို့က မင်္ဂလာဆောင်အတွက် အမြဲပြင်ဆင်နေတာပဲလေ ... မင်းတစ်ယောက်ပဲ စိတ်ထဲမထားတာပါ"
"ကျွန်မမှာ ရှင်ရှိနေတာပဲ ဟုတ်ဖူးလား? ရှင် စီစဉ်နေမှတော့ ကျွန်မက စိတ်ပူစရာကို မလိုတော့တာလေ ဟုတ်တယ်မလားလို့?"
"အင်း ... မင်းက တော်တော်လေး မြှောက်ပြောတတ်သားပဲ"
"အမ် ... ရှင် ဒီအခိုက်အတန့်လေးတွေကို တန်ဖိုးထားရမှာနော် ... ကျွန်မက ဘယ်သူ့ကိုမှ အလွယ်တကူ ချော့ချော့မော့မော့ ပြောတတ်တာ မဟုတ်ဘူး"
"ဩော် ... ကျွန်တော်မျိုးက ချန်းကတော်ရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ရမလား ခင်ဗျ?"
"ဒါပေါ့ ကျေးဇူးတင်ရမှာပေါ့!"
အပြန်လမ်းမှာတော့ နှစ်ဦးသား ထွေရာလေးပါး ပြောမိကြသည်။ ထမင်းစားပြီးသွားတဲ့အခါမှာ ချန်းစီနျန်က သူမအား ခန်းဝင်ပစ္စည်းတွေ ရွေးဖို့အတွက် ခေါ်လာ၏။ ချင်းစုယွဲ့က သေသေချာချာ ကြည့်ပြီး နောက်ဆုံးမှာ အနည်းငယ် ဝယ်လိုက်သည်။
"ကျွန်မတို့က ဘာလို့ ခန်းဝင်ပစ္စည်း အသစ်တွေ ဝယ်ရတာလဲ?"
"ကိုယ်တို့မင်္ဂလာဆောင်အတွက် ပစ္စည်းအသစ်တွေဝယ်ဖို့ လိုတာပေါ့"
ချင်းစုယွဲ့က မျက်တောင်ခတ်၏။
အာ ... ငါ နားလည်ပြီ
အပြန်မှာတော့ ချန်းစီနျန်မှာ ဖုန်းပြန်ဖြေနေကာ ချင်းစုယွဲ့က အချိန်ကြည့်လိုက်တော့ ညဆယ်နာရီပင် ရှိနေချေပြီ။
ချန်းစီနျန်က ဘလူးတု(သ်)ဖွင့်ထားကာ တစ်ဖက်လူ ပြောနေသည်ကို တစ်လမ်းလုံး နားထောင်လာ၏။ သူက တစ်ခါတစ်ခါမှသာ စကားအနည်းငယ် ပြန်ပြောတတ်ကာ ဖုန်းမချခင် ပြောလိုက်လေသည်။
"မင်း တစ်ရက်ရက် အချိန်ရရင် နေ့လည်စာ အတူစားကြမယ်လေ .. အိုခေ အခုတော့ ဒီလောက်ပဲ"