Our Love

1.2K 182 69
                                    

(Zawgyi)

ဒီနေ့ကျောင်းတွင် ဓာတုဗေဒလက်တွေ့စမ်းသပ်မှုလုပ်စရာရှိ၍ ကျွန်တော် ကျောင်းသို့ အစောကြီးရောက်နေသည်...။ စောသေး၍ ကျောင်းသားတွေတစ်ယောက်မှ မရောက်သေးသလို ဓာတ်ခွဲခန်းတံခါးတောင်မဖွင့်သေး...။ ထို့ကြောင့်အဆောင်ရှေ့ လှေကားထစ်မှာထိုင်ရင်း တယောက်တည်းစာဖတ်နေလိုက်သည်..။

ခဏနေတော့ ဆူဆူညံညံအသံနဲ့အတူ ကျောင်းသား၃ယောက် ရောက်လာကြသည်..။ ကျွန်တော် လှမ်းကြည့်လိုက်မိတော့... အော်... သူပါ ပါတာပဲ...။ 

ကျွန်တော်တို့အတန်းထဲမှာတော့ သူကနာမည်ကြီးတစ်ယောက်ပါ...။ ရုပ်လေးလည်းချော စာကလည်းတော်တော့ ဆရာဆရာမတွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားသူပေါ့...။ ကျွန်တော်ကတော့ အားကစားမှာသာ တော်တော်လေးထူးချွန်ပြီး ကျန်တာကတော့ သာမာန်လောက်သာ..။

"ရောက်နေတာကြာပြီလား Seokjin shii???"

သူ့ဘေးကသူငယ်ချင်းက ကျွန်တော့်ကိုလှမ်းမေးတော့ ကျွန်တော်လည်း ခေါင်းအသာခါပြလိုက်သည်...။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်က ခဏလေးပင် သူတို့ကြောင့် ဆူညံသွားရသည်...။ သူကတော့ စကားနည်းသူပီပီ ဘာမှသိပ်ဝင်မပြော..။ သူ့သူငယ်ချင်း၂ယောက်ကသာ ရေပက်မဝင်အောင်ပြောနေကြတာ..။

"ဟိုမှာလာနေတဲ့တစ်ယောက် ချောတယ်နော်"

သူ့အသံ...။ ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော်တို့ထက်တစ်တန်းငယ်တဲ့ ဂျုနီယာကောင်မလေးတစ်ယောက်...။

"မင်းသဘောကျလို့လား Hoseok....?? ငါပြောပေးရမလား သူကငါတို့လမ်းထဲမှာတင်နေတာ"

"ငါကချောတယ်ပဲပြောတာပါ ကြိုက်တယ်လို့မပြောမိပါဘူး"

ဘာရယ်မဟုတ် သူငြင်းလိုက်တဲ့စကားကြောင့် စိတ်ထဲပျော်ရွှင်သွားသလိုလို...။ ကျွန်တော်စာဖတ်နေရင်း သူ့ကိုခိုးကြည့်နေမိတာ သူကသိပုံတောင်မရ...။ ခပ်ဝေးဝေးကိုငေးရင်း တစ်ချက်တစ်ချက်တော့သူ့သူငယ်ချင်းတွေ စကားဝိုင်းထဲ ဝင်ပါတတ်သည်...။ စကားနည်းပြီး အရယ်အပြုံးသိပ်မရှိတဲ့သူက သူငယ်ချင်းတွေနဲ့စကားပြောရင်တော့ နှစ်လိုဖွယ်ကောင်းအောင် ရယ်ပြုံးရင်းပြောတတ်တာကို ကျွန်တော်သတိထားမိသည်...။

Petrichor (2Seok Collections)Where stories live. Discover now