Part-10(Final)

7.4K 636 54
                                    

မားမားဆီမှာအားရ‌အောင်ငိုပြီး ရင်ဖွင့်လိုက်တော့မှ တစ်ပတ်လုံးစာတင်းကျပ်နေခဲ့သမျှဟာလျော့ကျသွားရသည်။ မားမားကလည်းသူနှင့်ညနေအထိအဖော်ပြုပေးပြီးစကားတွေပြောပေးတာမို့ ဒီနေ့မှတွေ့သည်ဆိုပေမဲ့အတော်ပင်ရင်းရင်းနှီးနှီးဖြစ်ခဲ့ရသည်။ ဒီတစ်ပတ်စာသေချာမလုပ်ဖြစ်ခဲ့သမျှအလုပ်တို့ကို ညကျရင်လုပ်မည်ဟုတွေးကာ အိမ်အပြန်လမ်းမှာတော့စိတ်လက်ပေါ့ပါးမှုနှင့်အတူ အလုပ်တွေတစ်ပုံကြီးကလည်းပါလို့လာ၏။ ပေါ့ပါးသွားတဲ့အတွေးထဲမှာတော့ညကျအလုပ်ပြီးတဲ့အချိန်စောခဲ့ရင် တစ်စုံတစ်ယောက်ကိုဖုန်းဆက်မယ်လို့လည်းတွေးနေလျက် မျက်နှာထက်တွင်ပြုံးယောင်သမ်းလျက်ရှိသည်။

ဆောင်းလအလယ်မို့ ပေကျင်းရဲ့ရာသီဥတုဟာ အနွေးစက်ဖွင့်ထားတာတောင် အေးမျှမှုအနည်းငယ်ကိုခံစားနေရ၏။ထိုအချိန်တွင်....။

"ဒေါက်...ဒေါက်...ဒေါက်..."

‌တိတ်ဆိတ်တဲ့ညအချိန်မှာ တံခါးခေါက်သံကြားတာမို့နာရီကိုလှမ်းကြည့်လိုက်မိတော့ ညဆယ့်တစ်နာရီခွဲ...။ထို့နောက်ရှောင်ကျန့်တံခါးဘက်သို့လှည့်ကာ....။

"လေးဖန်လား ဝင်ခဲ့လေ..."

ခဏနေတော့တံခါးဖွင့်သံနှင့်အတူ လေးဖန်ကအခန်းထဲသို့ဝင်လာ၏။

"လေးဖန်နောက်တောင်ကျနေပြီ အိပ်မပျော်ဘူးလား..."

လေးဖန်ကရှောင်ကျန့်ရဲ့ ကုတင်စွန်းလေးမှာဝင်ထိုင်လိုက်တာမို့ ရှောင်ကျန့်ကလည်းအလုပ်စားပွဲကနေ လေးဖန်ဘက်သို့လှည့်ထိုင်ရင်းမေးလိုက်၏။

"လေးဖန် တစ်ရေးနိုးတာပါ..."

"အော်..."

"ကျန့်ကျန့်....ရိပေါ်လေးကိုအခုထိစိတ်ဆိုးမပြေသေးဘူးလား..."

လေးဖန်ရဲ့စကားကြောင့်ရှောင်ကျန့်လေးဖန်ကိုအံ့ဩစွာကြည့်မိသည်။ ထိုနောက်ခပ်ဖွဖွပြုံးမိ၏။ မောင်ကအားလုံးရဲ့အချစ်ခံလေးပဲ...လေးဖန်ကတောင်တရေးနိုးတာပြန်မအိပ်နိုင်ပဲ သူဆီမှာတကူးတကလာပြီးစိတ်ပူပေးနေသည်။

"သူ့အတွက် ကျွန်တော်ဆုံးဖြတ်ချက်တချို့ကိုချထားပြီးပါပြီ လေးဖန်..."

The Chef Lover🧡🧡 (Completed)[Mini Story]Where stories live. Discover now