EP-18

6.5K 445 8
                                    


Unicode......

သူရိန် နီသော်ကိုယ်လေးကို ပွေ့လာကာ သူပြင်ဆင်ထားသည့်ပန်းခြံနားရောက်မှ ချပေးလိုက်သည်။ နီသော် ထိုနေရာကိုကြည့်ကာ မှင်သက်နေမိ၏။ တစ်ဆက်ထဲ ထိုအခမ်းနားလေးကို  သူရိန်လင်းနဲ့လက်ထပ်ရမည့်မိန်းကလေးအတွက်ဟု နီသော်ခေါင်းထဲ အတွေးများဝင်လာကာ စိတ်ထဲဝမ်းနည်းနေသည်။ မျက်နှာပေါ်ရှိအစိတ်အပိုင်း အားလုံး၌ ထိုဝမ်းနည်းမှုမသိသာသော်လည်း သူရိန့်အဖို့ ဆွဲဆောင်မှုရှိလှသော နီသော်ရဲ့  မျက်ဝန်းအိမ်ကျယ်ကျယ်တွင် ထင်ဟပ်နေ၏။

ဘေးလူအမြင်တွင်တော့ နီသော် ပျော်နေသည်ဟုသာ ထင်ပေလိမ့်မည်။ သူရိန်မှာ ဤသို့မဟုတ်။ အရိပ်တကြည့်ကြည့်နှင့်နေလာသူဖြစ်ကာ နီသော်ဝမ်းနည်းသည့် ပုံစံဖြစ်နေသည်ကိုသိ၏။သို့သော် ဘယ်အရာက နီသော့်ကို ဝမ်းနည်းစေမှန်း သူရိန်ခန့်မှန်းလို့ မရ။ ချော့မြူ နှစ်သိမ့်သည့်သဘောလို သူရိန် နီသော်ရဲ့အနောက်မှနေကာ သိုင်းဖက်ထားလိုက်သည်။ ထို့နောက် နီသော်၏လည်ပင်းသားဝင်းဝင်းကို နမ်းရှိုက်လိုက်သည်။ နီသော် သူရိန် ဖက်ထားသည်ကို ရုန်းနေ၏။ သူရိန်လည်းအလွတ်မပေးဘဲ ပို၍တင်းကြပ်စွာဖက်ထားသည်။

"ကိုလင်း ဖယ်ပါ ကိုလင်းရဲ့ကောင်မလေးမြင်သွားရင် မသင့်တော်ဘူးလေ"

နီသော့်အပြောကြောင့် သူရိန်လင်း သူ့အနောက်မှနေ၍ အတင်းဖက်ထားပြီး လည်ပင်းဂုတ်သားကိုလည်း နမ်းရှိုက်နေပြန်၏။ လက်ထပ်ခွင့်တောင်းမယ့်မိန်းကလေးကို မတွေ့ကာ ဝမ်းနည်းသံအနည်းငယ်စွက်နေလျက် ပြောလိုက်၏။ မမေးလို့လည်းမရ။  သူရိန် သူ့အားဖက်နေသည်ကို ဟိုဘက်က ကောင်မလေးကမြင်သွားရင် မသင့်တော်ပေ။

"နီ ဘယ်သူ့ကိုပြောတာလဲ ...ကို့ရှေ့မှာနီကလွဲပြီး ဘယ်သူမှမရှိပါဘူး...ဘာလို့မျက်ရည်တွေကျနေရတာလဲ"

သူရိန် နီသော့်စကားကို နားမလည်သလို မျက်မှောင်ပင့်ကာ နီသော့်မျက်ရည်စများကို သုတ်ပေးရင်း စဥ်းစားနေ၏။ ခဏကြာမှ နီသော်ပြောသည့်အဓိပ္ပာယ်ကိုနားလည်ကာ ရယ်မိသွားသည်။ ထိုစကားကြောင့် သဝန်တိုနေသောနီသော့်ကို စရန်ကြံလိုက်၏။

"အင်းဟုတ်ပါ့...ကြာလိုက်တာကွာ...ပရိတ်သတ်ကစောင့်နေပါတယ်ဆိုနေ... ဖုန်းဆက်ဦးမှပါလေ"

သူရိန် ပြုံးလျက် သဝန်တိုနေသည့်နီသော်ကို စချင်ကာ ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

" ကိုလင်း နီ အိမ်သာခဏသွားဦးမယ်"

ပထမက နီသော် ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နှင့်  သူရိန်လက်ထပ်မယ့်သူက သူဟု ရူးကြောင်ကြောင် ထင်ထားမိပြီး ရုတ်တရက်ကိုယ်မဟုတ်သည့်ခံစားချက်က အောင့်သက်သက်ပင်။

နီသော် သူ့ရှေ့တွင်ကိုလင်း မိန်းကလေးတစ်ယောက်နဲ့ ချစ်စကားဆိုမည့် အရာတွေကို သူ မကြားချင်ကာ ငိုချင်သည့်စိတ်ကိုအောင့်ကာ အကြောင်းပြချက်တစ်ခုပေးပြီး သူရိန်လင်း ဖက်ထားသည်ကနေ ရုန်းထွက်လာခဲ့၏။ အောက်ပိုင်းတစ်နေရာက နာတဲ့အရှိန်မပျောက်သေးတဲ့ဒဏ်က ရင်ဘတ်ထဲက အောင့်သက်မှုထက် နာကျင်ဦးမည်လား။ ထိုနာကျင်မှုနဲ့အတူ မနေ့က အဖြစ်အပျက် ခေါင်းထဲတန်းဝင်လာပြီး ပထမဆုံးအကြိမ်  ချစ်ရသူကြောင့် သူ၏နာကျင်မှုကိုသာ အမှတ်တရအဖြစ်သိမ်းထားရန်သာ နီသော်တွေးလိုက်တော့သည်။

သူရိန်မှာ နီသော် မသိမသာသဝန်တိုနေသည့်ပုံကိုကြည့်မဝဖြစ်လျက် အသည်းယားကာ စလိုက်ပြန်သေးသည်။ အိမ်သာလို့သာပြောသွားတာ နီသော်အပေါ်ထပ်မှာတက်ငိုနေလိမ့်မည်ကိုသိ၏။

နီသော် အိမ်ထဲလာဝင်ရာ ဖုန်းသံမြည်လာသည်။ နီသော်ဖုန်းစခရင်ကို မကြည့်ဘဲဖြေလိုက်၏။

"ဟယ်လို"

"နီ ကိုယ့်လက်ထပ်ခွင့်တောင် မတောင်းရသေးဘူးနော် မြန်မြန်ပြန်လာခဲ့"

တည်ကြည်အေးဆေးပြီး ဆွဲဆောင်မှုရှိသည့် အသံက နီသော့်ဖုန်းမှထွက်လာ၏။ နီသော်ကြောင်လျက်ဖြစ်နေ၏။ သူရိန် နီသော်ထင်နေသလို ကောင်မလေးအားပြောနေသလိုပုံနှင့် နီသော့်ဖုန်းနံပါတ်ကိုနှိပ်ကာပြောလိုက်ခြင်းပင်။

နီသော် သူရိန့်စကားသံကြားကြားချင်း ရင်ဘတ်အတွင်းတစ်နေ၌ အဆမတန်ခုန် လာသည်။ သို့သော် ပြန်စဥ်းစားကြည့်ရာ သူရိန်ကိုဖုန်းမှားဆက်နေသည်ဟု နီသော်ပြောလိုက်၏။
သူရိန်  သူ့ကိုသက်သက်လုပ်နေသလို ခံစားရသည်။

"ကိုလင်း ဖုန်းက နီ့ဆီရောက်နေတာ...ရွတ် ...ဖုန်းမှားနေတယ်...ရွတ်"

"ဟင့်အင်... မမှားပါဘူး...ကိုယ်နှိပ်တဲ့ဖုန်းနံပါတ်က ကို့အချစ်လေးဆီကိုပါ...."

ကိုယ့်ကို အသိသက်သေလုပ်ခိုင်းဖို့ခေါ်သည်ထင်၏။ ထိုမြင်ကွင်းကို သူအချိန် ကြာကြာကြည့်နိုင်မည်မဟုတ်သောကြောင့် ရှောင်ထွက်လာခြင်းပင်။ ကိုလင်းက သိသည်ထင်၏ ခေါ်နေပြန်သေးသည်။ ဘာလို့မှန်းမသိ တစ်ခုခုဆို မျက်ရည်က ကျလာပြီး ငိုဖို့လောက်စဥ်းစားနေတဲ့ ကိုယ့်ကို စိတ်တို၏။ နီသော် အထင်လွှဲကာ တစ်ယောက်ထဲ တွေးနေသည်။

နီသော် မျက်ရည်များကျလျက်ပြောနေ၏။ တဖြည်းဖြည်းနားထဲ၌ လူနှစ်ယောက်ပြောနေသလို အသံနှစ်ထပ်ကြားနေရသည်။ အပြင်က လူသံနှင့် ဖုန်းထဲကအသံပင်ဖြစ်၏။ သို့သော် သူ့လည်ပင်းနား အိခနဲနွေးသွားသည်ကို ခံစားလိုက်ရသည်။ နီသော် လှည့်ကြည့်လိုက်သည်။ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေလျက် ကိုလင်း သူ့အားလှမ်းဖက်ကာ တစ်ရှိုက်မက်မက် နမ်းခြင်းခံလိုက်ရ၏။ ရင်ထဲ၌ ဆဲလ်ပေါင်း သိန်းသောင်းပြေးလွှားနေသလို  ခံစားချက်က အသစ်အဆန်းပင်။

သူရိန် နီသော်အိမ်ထဲ ဝင်သွားသည်နှင့် နီသော့်အနောက်မှ မသိမသာ လိုက်သွား၏။ ထိုကောင်လေးသူ့ကို အိမ်သာလို့သာပြောသွားသည်။ အမှန်က အိမ်ပေါ်ထပ်သို့တက်ကာ အဝတ်စားများထည့်နေခြင်းဖြစ်၏။ မျက်လုံးများကလည်း ငိုထားသည်ဖြစ်၍ မို့ဖောင်းနေသည်။ သူရိန် သူစတာလွန်သွားသည်ဟု မှတ်ကာ နီသော်ကို ပြန်ချော့လေသည်။

"ကိုလင်း"

နီသော် အံ့သြနေလျက် မျက်လုံးအဝိုင်းသားနဲ့ သူရိန့်အား ကြည့်နေ၏။

"အင်းဟုတ်တယ်နီရဲ့ ...ဘာလို့ငိုနေတာလဲ။ ကြည့်စမ်း ကြည့်စမ်း ကို့ကောင်လေးရဲ့မျက်လုံးတွေ မို့ဖောင်းကုန်ပြီ...နောက်ဆို ကို့ ခွင့်ပြုချက်မရဘဲ မငိုရဘူး"

သူရိန် နီသော့်မျက်နှာမှ မျက်ရည်များကို သုတ်ပေးလျက် ဆူသံမဟုတ်သော လေသံဖြင့် ဆိုလိုက်သည်။ နီသော့်လက်သန်းကြွယ်လေးကိုလည်း နီညို့ညို့ပတ္တမြားနဲ့လက်စွပ်လေးကို ဝတ်ပေးလိုက်တော့သည် ။ အဲ့လိုမှမလုပ်ရင် ဒီနေ့လက်ထပ်ခွင့်တောင်းဖြစ်မည်မဟုတ်တော့။

"ကို့ပိန်းဥလေး ပိန်းဥလုပ်နေလို့ ကို ပြင်ဆင်ထားတဲ့နေရာမှာ ရိုမန့်တစ်ဆန်ဆန်လေး လက်ထပ်ခွင့်တောင်းမလို့ကို...ကဲ့ထားပါတော့ နီ မငိုနဲ့တော့ ကို့မှာ နီကလွဲပြီး ဘယ်မိန်းကလေးမှမရှိဘူး အဖွားပြောသွားတာတွေလည်း စိတ်ထဲထားမနေနဲ့နော် "

သူရိန် နီသော်ကို ဖက်ထားလျက် လက်တစ်ဖက်က ခေါင်းမှ ဆံပင်အိအိလေးကို ပွတ်ကာဆိုလိုက်၏။

နီသော် သူလက်သန်းကြွယ်တွင် သူရိန်ဝတ်ပေးလိုက်သော လက်စွပ်ကိုကြည့်ကာ တစ်ဖန်အံ့သြရပြန်သည်။

"အစကတည်းက ကိုလင်းကရှင်းရှင်းလင်းလင်းပြောမှပေါ့... လက်ထပ်ခွင့်တောင်းရမယ့်သူရှိလို ဆိုတော့ နီကအထင်လွှဲသွားတာ ...ဘယ်လောက်တောင်ဝမ်းနည်းသွားလည်း သိလား ကိုလင်းရဲ့...ရိုဆန်ဆန်လေးပြန်လုပ်ရအောင်လေ"

နီသော် ပထမကစိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်ပြီး နောက်မှ သူရိန့်ကိုကြည့်နေရင်း သူ့အချစ်စိတ်များတိုးလာကာ ချစ်စဖွယ်ဟန်ဖြင့်ဆိုလိုက်၏။ သူရိန် နီသော့်ပုံစံကြောင့် အူးယားနေသည်။

"နီ အဲ့လိုလုပ်နေရင် ကို အခုချက်ချင်း ဒီအခန်းထဲမှာ ကိုနဲ့နှစ်ယောက်သား ပိတ်ထားလိုက်မှာနော်"

"ဟာ...ကိုလင်းကလည်း မနေ့ကမှ......"

နီသော် ပြောနေရင်းရှက်လာလျက်။   သူရိန် သူ့အား အိမ်အောက်သို့ ထပ်မံပွေ့ချီခေါ်သွားကာ နှစ်ဦးသား ရိုဆန်ဆန်လက်ထပ်ပွဲလေးကျင်းပလိုက်ကြ၏။ ထိုပွဲလေးပြီးနောက် တစ်နေကုန် တစ်ညလုံးလည်း အချစ်ကမ္ဘာထဲသို့ မမောမပမ်းနှင့်ဝင်ရောက် စီးမျှောခံစားကြ၏။

"ဦးထော်မိုး ရှင်ဟာလေပြောမရပါလား...ပိုက်ဆံလေးရှိတာနဲ့ အရက်ကလေး တမြမြနဲ့ ...အရင်တစ်ခါကလို ထပ်ဖြစ်ရင် တာ့တာပဲ... သေချင်သေ ကျုပ်ကတော့ ဆေးမကုပေးနိုင်တော့ဘူး...ပစ်ထားလိုက်မှာ"

ဒေါ်ဆွေသိန်း ဖဲရှုံးလို့ စိတ်ညစ်နေကတစ်မျိုး၊ စောစောစီးစီးအရက်မူးပြီး လူကိုလာရန်ရှာနေ၍ အရင်ကထက် ယိုင်နဲ့နဲ့ ပိန်နေသော ဦးထော်မိုးရဲ့ ကိုယ်လုံးအား တွန်းလိုက်သည်။ အရင်နေ့က ဒေါ်သောင်းဆီက ယူထားသော သိန်း၃၀၀ကို တစ်ပတ်တည်း အကုန်ဖဲရိုက်လိုက်သည်။ ဒေါ်သောင်းဆီမှ နီသော့်အား အကြောင်းပြကာ ထပ်တောင်းရန် အကြံထုတ်နေလေသည်။

ဒေါ်သောင်း သူ့မြေးဆီသွားပြီးနောက် နောက်နေ့မနက်တွင် မန္တလေးမှ သူ၏ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီရုံးခွဲ ပြဿနာကြောင့် အမြန်ပြန်သွားရသည်။ သူရိန်ကိုလည်း မက်ဆေ့တစ်စောင်သာချန်ထားလေသည်။ ထိုစာတွင် အိမ်ကို မြန်မြန်ပြန်လာရန်နှင့် နီသော်တို့အိမ်မှ ဒေါ်ဆွေသိန်း ငွေစကားပြောထားသည့် အသံဖိုင်တွဲရက်ပို့ထားခြင်းပင်။

နီသော် သူရိန်နှင့် လက်ထပ်ပြီးနောက် စက်လှေမောင်းသည့်အလုပ်ကို မလုပ်ခိုင်းတော့ပေ။ စက်လှေမောင်းသည်ဆိုတာထက် ဘာအလုပ်မှ မလုပ်ခိုင်း။ အိမ်မှာသာနေခိုင်း၏။ မွေးစားအမေတို့လည်း သူ့ကိုပြန်ပြန်လာခေါ်နေ၏။ အရင်ကဆို သူတို့လက်ထဲ ပိုက်ဆံရရင် ကျန်တာဘာမှမပြောပေ။ ယခုမှာ သူရိန်လင်းပေးသောငွေများလည်းယူ၏။ သူ့လည်း တတွတ်တွတ်နှင့်လာခေါ်ခေါ်နေသည်။

သူရိန်လင်းလည်း မြိတ်ကျွန်းစုက ပုလဲမွေးမြူရေး လုပ်ငန်းဘက်ကို သွားသည်က ဒီနေ့နဲ့ဆို ၃ရက်ကြာပြီဖြစ်သည်။ ဖုန်းဆက်သော်လည်း မအားသေးပါနှင့်သာတိုးနေ၏။ နီသော် သူရိန်လင်း မအားသည် ထင်ကာ ပြန်မဆက်တော့ချေ။ နီသော်တစ်ယောက်တည်း အိမ်တွင်ပျင်းနေသည်။ ဟိုဘက်အိမ်တွင် အမွှာနှစ်ယောက်ပါပြန်ရောက်နေကြသည်။ အိမ်ကကုန်စုံဆိုင်လေးလည်း မွေးစားအမေ ဖဲခိုးခိုးရိုက်တာနဲ့တင် အရင်းပါပြုတ်သွားသည်။  သူရိန် ထိုဆိုင်သေးသေးလေးကို နီသော့်မျက်နှာကြောင့် အရင်းအနှီးပြန်ထုတ်ပေးထားကာ  နီသော်အား အနှောင့်အယှက်မပေးရန်  သတိပေးထားလေသည်။

နီသော် အိမ်ရှေ့အပင်များရေလောင်းပြီး သူရိန့်ဆီဖုန်းဆက်ရန် အိမ်ထဲသို့ဝင်သွား၏။ နီသော်ဖုန်းကိုလှမ်းယူ လိုက်ရာ မက်ဆေ့တစ်စောင်းဝင်လာလေသည်။ ထိုစာကို နီသော်ဖတ်ပြီးနောက် လူတစ်ကိုယ်လုံး တုန်ယင်လာသည်။ တစ်ဆက်ထဲ နှလုံးသားတစိနေရာ၌ ကိုယ်ချစ်သော တစ်စုံတစ်ယောက်ကို ရုတ်တရက် ဆုံးရှုံးသွားတော့မလို ခံစားလိုက်ရသည်။

/နီ...ကိုလေ မန္တလေးခဏပြန်ရမယ်။ အဖွားဆေးရုံတင်ထားရလို့တဲ့ ။ နီ့ကိုလည်း ကို လာခေါ်မယ်လေ...နော် ။ ကိုအမြန်ဆုံးပြန်လာခဲ့ပါ့မယ်/

သူရိန်လင်း ဤသို့ စာတစ်ကြောင်းသာပို့ခဲ့ပြီး ပြန်မတွေ့ရတော့မည့်လူလို နီသော့်စိတ်ထဲ ခံစားနေရသည်။ ဒီလိုနဲ့ ၁ပတ်ပင်ပြည့်လာ၏။ နီသော်လည်း သူရိန်နဲ့အတူနေခဲ့သည့် အိမ်ကြီးတွင် သူတစ်ယောက်တည်း အထီးကျန်နေကာ နောက်ရက်တွင် နီသော် အိမ်ကိုပိတ်ပြီး သူရိန်ပြန်အလာကိုမျှော်ရင်း မွေးစားအမေတို့နှင့် ပြန်နေလေသည်။

နီသော် အိမ်ပြန်တော့ ရပ်ကွက်ထဲက ကိုလင်းအဖွား မွေးစားအမေတို့ကိုငွေထုပ်နဲ့ပေါက်သွားသည့်အကြောင်းနားနဲ့မဆံ့အောင် ကြားနေရသည်။ အမေဆွေသိန်းက မသိသလိုတာနေပြီး ဘာမှမပြောချေ။ အရေးကြီးတာ သူ့အားရှာသမျှပိုက်ဆံအပ်ဖို့ပင်။

နီလေ ....ကိုလင်း မြန်မြန်ပြန်လာပြီးတားအောင်လို့ ကိုလင်းမကြိုက်တဲ့ အလုပ်တွေအကုန်လုပ်နေတယ် သိလား သိလား...အားးးးးးး

နီသော် စိတ်ထဲ၌ မွန်းကြပ်နေလျက် စိတ်ထဲအော်နေ၏။

.......................................



"ထွေးလေးပြောစမ်း ဒါ ဘယ့်သူ့ကိုယ်ဝန်လဲ...ညည်းအစားအသောက်ပျက်နေကတည်းက ငါရိပ်မိရမှာ...ကြည့်စမ်း ၂လတောင်ရှိနေပြီ။ ပြော ထွေးလေး ဘယ်ကောင်နဲ့လဲ ကြာနေရင် ဖေဖေ့နားဆီရောက်သွားမယ် ...ညည်းဗိုက်လည်းထွက်လာမှာ ...ဒီတိုင်းရပ်မနေဘူး "

မိုခမ်း သူ့ညီမအေးထွေး သွေးအားနည်းပြီးမေ့လဲရာမှ ကိုယ်ဝန်ကိစ္စသိသွားကာ စစ်မေးလေ၏။

"ထွေး ကြောက်တယ်မပြောရဲဘူး မမ...ဖေဖေ့ကိုတော့သွားမပြောပါနဲ့ဦးနော် ...ကိုစိုးတောင်မသိသေးဘူး"

မိုခမ်း ကိုစိုး ဆိုသည့်နာမည်ကြားကာ ဒေါသငယ်ထိပ်ရောက်သွားလျက် အံ့ကြိတ်သံဖြင့် အေးထွေးကို မေးလေသည်။

"ဘာရယ်...ပိုင်...ပိုင်စိုးလား"

နန်းအေးထွေး ကိုစိုးဝယ်ပေးထားသော တားဆေးကို အရင်လတွေကတည်းက ဆက်မသောက်မိ။ ကလေးရှိကြောင်း လက္ခဏာလည်းမပြ။ ဖြတ်ထားသလိုဖြစ်နေကာ ကိုယ်ဝန်ရှိနေသည်ကိုမသိဘဲ အရင်၁ပတ်က အတူတူနေမိခဲ့သေးသည်။ ကိုစိုးရောသည်အကြောင်းသိရင် ဝမ်းသာမည်လားမသိ။ အေးထွေးမှာ သူ့အတွေးနဲ့သူ ပျော်နေ၏။

နီသော်နေကောင်းပြီး တစ်ပတ်ခန့်အကြာတွင် ဦးစိုင်းမြင့်သူ သူ့အမေစကားကြာင့် သူရိန်တို့အား အိမ်မှာ လာနေရန်ပြောထား၏။ ဒေါ်သောင်းစကားထက် ဒေါ်မော်အေးစကားဆို ပိုမှန်ပေမည်။  ဦးစိုင်းမြင့်သူမှာတော့ အကြောင်းကိစ္စကိုမသိချေ။

သူရိန် သူ့အဖွားကျန်းမာရေး အခြေအနေဆိုးလာ၍သာ မဖြစ်မနေမို့ သွားရမည်။ နီသော်ကို အိမ်မှာထားပြီး သူသာသွားနေပြန်ရင်လည်း နီသော်တစ်ယောက်ထဲစိတ်မချချေ။ အဖွားအိမ်ကို နီသော်ကိုခေါ်သွားပြန်ရင်လည်းမဖြစ်။ သူရိန်တစ်ယောက်ထဲ စဥ်းစားရကြပ်နေသည်။

ထိုချိန် သူရိန်သူ့နောက်ကျောတွင် နီသော် လာဖက်နေသည်ကို ခံစားလိုက်ရသည်။ နောက်ကျောတစ်နေရာတွင် နီသော်၏ ဗိုက်ဖောင်းဖောင်းလေးကလည်း လာထောက်နေ၏။ နီသော် အနေခက်မည်ဆိုးကာ သူ့ရင်ခွင်ကျယ်ကြီးထဲ ပြောင်းကာ ပွေ့ချီခေါ်လိုက်သည်။ သူ့ကလေးလေးတွေရှိသော နီသော်ရဲ့ဗိုက်ပူပူလေးကို သွယ်လှသော လက်ဝါးပြင်ကျယ်က ထိခိုက်သွားမည်ဆိုးသလို ခပ်ဖွဖွပွတ်သပ်ပေးနေသည်။ လက်ဖြင့်ပွတ်တာနဲ့တင် အားမရကာ နီသော်ကို ကုတင်ခေါင်းရင်းနား မှီထားစေကာ အင်္ကျီလှန်ပြီး တပြွတ်ပြွတ်နှင့် အသံထွက်အောင်နမ်းနေသည်။ နီသော်ပြုံးလျက်သာကြည့်နေသည်။

" နီ ညကကိုအိပ်မက် မက်တာလေ အမွှာနှစ်ယောက်က ဒယ်ဒီ သားတို့ကို နမ်းပါ...နမ်းပါနဲ့ ပြောနေတာ... အခုမှ ကို သတိရလို့"

သူရိန် နမ်းနေရင်းမှ သူသတိရသည့်အကြောင်းကို ပြောနေသည်။အမှန်ကမဟုတ်။ သူရိန် နမ်းချင်၍ အကြောင်းရှာပြောခြင်းပင်။ တစ်နာရီနီးပါးနမ်းပြီးနောက် နီသော့်ဗိုက်တွင် အနမ်းရာရဲရဲလေးများ ကျန်နေ၏။ သူရိန် သူနမ်းလို့ဝသွားမှ ရပ်ကာ မေသောင်းအိမ်သို့ ခဏသွားနေရန်ပြောလေသည်။ နီသော် မည်သို့မျှမတုံ့ပြန်ချေ။

"နီ့ အတွက်ကတော့ မမွေးရသေးတဲ့ ကလေးလေးတွေကျန်းမာဖို့ အဓိကပဲ ကိုလင်း...ကျန်တာဘာဖြစ်ဖြစ်ပါ"

နီသော်ပြောလိုက်သည့်စကားသည် ဒေါ်သောင်းအိမ်တွင် မိုခမ်းနဲ့သူနှစ်ယောက်သား ကိစ္စကိုရည်ညွှန်းခြင်းဖြစ်သည်။ ထိုနေ့က သူ့ဗိုက် စောင်းနဲ့တိုက်မိသည့် အနာယောင်သည်က အခုထက်ထိ မကောင်းသေးပေ။ သူရိန် ထိုယောင်သည့်နေရာကို သက်သာစေရန် နမ်းကာချော့မြူနေလေသည်။

"မူယာမြင့် ဘယ်တုန်း... အနေထိုင်လည်းဆင်ခြင်ဦး...အခြေနေက သိပ်ကောင်းတာမဟုတ်ဘူးနော်...နင့်ကောင်ဆီမှာပဲသွားသွားအိပ်မနေနဲ့ ... နင့်ပထွေးက နောက်တစ်ပတ်နေရင် စင်္ကာပူကရုံးကိုပြန်သွားမယ်ထင်တယ် အဲ့နေ့မှာ အပြီးသတ်လှုပ်ရှားရမယ်...စီစဥ်စရာရှိတာတွေ စီစဥ်ရမယ်...အလကားအလေလိုက်မနေနဲ့ "

ဒေါ်မော်အေး သူ့ယောက္ခမဒါ်သောင်းဖို့ နေလည်စာအတွက် ပြင်နေရင်း အပြင်သွားရန် တာစူနေသည့် မူယာမြင့်ကို လှမ်းခေါ်ကာပြောနေသည်။

"ကိုထွန်းဝင်း နဲ့သမီးကိစ္စပါ အမေဝင်ပြီး မစွက်ဖက်ပါနဲ့ အ...."

မူယာမြင့် စကားမဆုံးခင် သူ့အနောက်တွင်မိုခမ်းရောက်နေသည်ကို တွေ့ကာ စကားဖြတ်လိုက်သည်။ သူတို့သားအမိပြောမျှကြားသွားပြီလားဟုထင်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိုးရိမ်ထိတ်လန့်နေကြသည်။ ဒေါ်မော်အေးလည်း သူ့ဆေးဘူးကို အမြန်ဖွက်လိုက်ပြီး...

" ခမ်း ဘယ်တုန်းကရောက်နေတာလဲ...အသံလေးဘာလေးမပေးဘူး...အန်တီဖြင့် လန့်သွားတာပဲ"

ဒေါ်မော်အေး မိုခမ်းအား ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် နေသောကြောင့် စည်းကမ်းလေးတော့ရှိမှပေါ့ ဟူသော သဘောဖြင့် ပြောလိုက်သည်။ မိုခမ်းလူရည်လည်စွာ ထိုစကား၏ အဓိပ္ပာယ်ကို သိသည်။ မူယာမြင့်ကို အိမ်တံခါးဝနားမှ မြင်လိုက် ကတည်းက သူတို့ပြောသမျှနားထောင်နေခြင်း ဖြစ်သည်။ စကားအတိုင်းတာတစ်ခုထိ နားထောင်ပြီးမှ သူရောက်နေကြောင်း အရိပ်ရောင်ပြလိုက်ခြင်းသာ။

"မမူယာရဲ့ ပထွေးဆိုတာက ဘယ်သူ့ကို ပြောတာလဲဟင် အန်တီမော်..."

မိုခမ်း သူကြားပြီးသားဖြစ်သော်လည်း ခပ်စောင်းစောင်းမျက်နှာဘေးဖြင့် သူနဲ့ဆိုင်သည့် ကိစ္စလို စပ်စုဟန်နှင့်။ ဒေါ်မော်အေးတို့သားအမိလည်း ရုတ်တရက်မို့ မဖြေနိုင်ပေ။ မိနစ်ပိုင်းမျှကြာမှ သူတို့ရှေ့တွင် စပ်စုနေသော မိုခမ်းကို တည့်တည့်ကြည့်ကာ ဒေါ်မော်အေး စကားဆိုလိုက်သည်။ ထိုသားအမိနှစ်ယောက်၏ မျက်နှာထားတင်းလျက်ရှိ၏။

"မိုခမ်း ညည်းဘာလိုချင်လို့လဲ ။ ဒဲ့ပြောလိုက်"

မိုခမ်း ဒေါ်မော်အေးတို့သားအမိ ပြောသည်များကို အစဆုံးကြားလိုက်၏။ ယခုလဲ သူ့ဂွင်ထဲဝင်လာကာ ကြိတ်ပျော်နေလျက်။

" အန်တီမော်တို့ကိစ္စကို မသိချင်ယောင်ဆောင်ပေးမယ်...ခမ်းကို တစ်ခုပဲကူညီပေး။ နီသော်ဒီအိမ်ကိုလာနေရင် ခမ်းလုပ်ခိုင်းတဲ့ အတိုင်းလုပ်ပေးရုံပဲ...အဲကျမှပြောမယ် OKလား"

"မေမေ သမီးမလုပ်ဘူးချင်ဘူးနော်... သူရိန့်အကြောင်းလည်းအမေအသိပဲ"

မူယာမြင့် သူရိန်လင်းအားကြောက်ကာ ငြင်းနေသည်။

" ညည်းကလည်း သူရိန်က ဟိုကောင်လေးအနားမှာ အမြဲရှိမှာမို့လို့လား...လုပ်စရာရှိတာလုပ်ပေးလိုက်ကြစို့ အမေတို့လည်းဒီမှာတစ်သက်လုံးနေမှာမဟုတ်ဘူး...အရေးကြီးတာ အမေတို့လုပ်ငန်း အောင်မြင်သွားဖို့ပဲ...စိတ်ပူမနေနဲ့"

မိုခမ်းသည် နီသော်နဲ့ သူရိန် မေသောင်းအိမ်တွင်လာနေမည်ဟု ကြားကတည်းက အရင်ဦးအောင်ရောက်နှင့်နေ၏။ အေးထွေးကိုပါ သည်အိမ်တွင် နေခိုင်းမည်ဟူသော အကြံအပါအဝင်ပင်။
မိုခမ်းသူ့ညီမ ဗိုက်ထဲကလေးအဖေမှာ ပိုင်စိုး လို့ကြားကြားချင်း သူ့ညီမကို မယားငယ်အဖြစ်မခံနိုင်။ အကြံအိုက်နေခိုက် ကိုသူရိန်နဲ့ ကိုမိုး ပြောနေသည်များကို ကြားလိုက်ရကာ ကလေးအဖေကိစ္စလည်း မိုခမ်းခေါင်းထဲတန်းပေါ်လာလျက် တစ်စုံတစ်ဦးအား ယုတ်မာတော့မည့်ပုံလို ပြုံးလာသည်။ ထိုချိန် သူရိန်အသံကြားကာ မျက်နှာမဲ့သွားရ၏။

"နီ လာကိုယ့်အခန်းထဲသွားမယ် ....ပေးအထုပ်တွေပေးထား...ဖြည်းဖြည်းတက်နော်"

ထိုမြင်ကွင်းကို မီးဖိုခန်းမှသုံးယောက်သည် မမှိတ်တုန် ကြည့်နေကြသည်။ ထိုထဲမှတစ်ယောက်သောသူမှာ နီသော်အား စိတ်ထဲမှကြိမ်ဆဲနေ၏။

သူရိန် နီသော့်ကို အခန်းထဲ၌ထားခဲ့ကာ ဒေါ်သောင်းအခန်းသို့သွား၏။ သူရိန်အခန်းထဲရောက်ရာ မိုခမ်းနဲ့အေးထွေးပါရှိနေသည်။ သူရိန်မျက်လုံးနဲ့တစ်ချက်ကလေးမှ မကြည့် သူ့အဖွားကျန်းမာရေး အခြေအနေသာမေး၏။

"ဖွား...ဒီနေ့ ဦးမိုးလာမှာမလား"
"မြေးကလည်း အဖွားခေါ်မှ လာတော့တယ်နော်...နို့မို့ဆို ကလေးအဖေနားပဲနေနေတော့တာ..."
သူရိန် သူ့အဖွားစကားကြောင့် အနည်းအံ့သြနေသည်။
“ ဒါနဲ့ မြေးလေးကတစ်ယောက်တည်း လာတာလား...ကလေးလေးရဲ့အဖေပါရင် အခန်းထဲ ခေါ်ခဲ့ပါဦး ဖွား သူ့ဗိုက်ထဲက ကလေးလေးနဲ့စကားပြောကြည့်ချင်တယ်"

'နီ့အား စကားထဲပင်ထည့်မပြောသော အဖွားက နီ့အကြောင်းမေးနေ လေသည်။ သူရိန် ထပ်ပြီး အံ့သြဝမ်းသာရပြန်၏။ အဖွားသူတို့နှစ်ယောက်ကို လက်ခံပေးလာပြီဟု ထင်လျက် အတိုင်းမသိပျော်နေရပြန်သည်။ နီကို သည်အကြောင်းများ သွားပြောချင်လှပြီ။ 'သူရိန်တွေးကာ ဝမ်းသာနေသည်။

ဒေါ်သောင်း ဒေါ်မော်အေးပြောပြသည့်အတိုင်း တစ်လုံးမကျန်ပြောလိုက်သည်။ သူ့မြေး၏ ပြုံးနေသောမျက်နှာကိုကြည့်ကာ ဒေါ်မော်အေးစကားမှန်သည်ဟုထင်နေ၏။ ဤသို့ပြောမှသာ သူ့ချစ်မြေးလေးကို သူ မသေခင်မြင်တွေ့နိုင်ပေမည်။ ဒေါ်သောင်း သူ့ကျန်းမာရေး အခြေအနေကို သူသိ၏။ အချိန်ကြာကြာနေရတော့မည် မဟုတ်ပေ။

အရင်သူရိန် နေသောအခန်းမှ ဝရံတာ အပြင်ဘက်ရှိ သစ်သားဒန်းလေးရှိသည်။ ထိုဒန်းဘေးတွင် အရောင်အသွေး စုံလင်လှသည့် ပန်းပင်များလည်းရှိ၏။ ဤဒန်းလေးပေါ်မှာ ပန်းရနံ့သင်းသင်းလေးကို ရှုရှိုက်ရင်း ကလေးတွေအတွက်ရုပ်ပြစာအုပ်လေးဖတ်နေကာ ခဏကြာတွင် ဘေးစောင်းလှဲလျက် အိပ်ပျော်သွားလေသည်။

လေပြေလေညင်းတို့လည်း တဟူးဟူးတိုက်ခတ်လျက်ရှိ၏။

LOVE BIRD (Completed) Where stories live. Discover now