Unicode

1K 173 5
                                    

ပုံမှန်နေ့များအတိုင်းပါပဲ...မနက်မိုးလင်းတာနဲ့ ရိပေါ် အိပ်ယာထဲက ကုန်းရုန်းထပြီး ရေချိုးခန်းထဲပြေးဝင်ရတယ်။ ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲပေါ်မှာ မားအသင့်ပြင်ထားခဲ့တဲ့ မနက်စာကအဆင်သင့်။

စီးပွားရေးတွေကြောင့် အမြဲမအားလပ်တဲ့ မိဘနှစ်ပါးကို ရထားပေမယ့် ရိပေါ်ဘဝက သူများတွေထင်သလောက် မဆိုးပါဘူး။ ပါးနဲ့မားက သူတို့တတ်နိုင်သလောက်တော့ ဂရုတစိုက် ဖြည့်ဆည်းပေးကြပါတယ်။မနက်စာစားပြီးတာနဲ့ လွယ်အိတ်ရယ် စကိတ်ရယ်ကိုဆွဲပြီး အိမ်ထဲကထွက်လိုက်တယ်။

ဘေးချင်းကပ်ခြံထဲက ထွက်လာတဲ့လူတစ်ယောက်။ အပေါ်ဝတ်ကုတ်ရှည်ကတစ်ဖက် အိတ်ကတစ်ဖက်နဲ့ ထိုလူက ခြံတံခါးကို ခက်ခက်ခဲခဲပြန်ပိတ်နေတယ်။ ရိပေါ် ပြုံးတုံ့တုံ့ရုပ်လေးနဲ့ ထိုလူ့နောက်နားကို တိတ်တိတ်ကလေးသွားလိုက်တယ်။ နားသယ္စပ္ကို ဖူးခနဲ လေနဲ့မှုတ်တော့ ထခုန္လိုက္တာမ်ား ယုန်ကလေးကျလို့။

"ဝမ်ရိပေါ်!! မင်းစလာပြန်ပြီလား"

ရင်ဘတ်ကလေးကို လက်နဲ့ဖိလို့ ရိပေါ်ကို အံကြိတ်ပြီးရန်တွေ့လာတဲ့ ဒီလူသားက ဘုရားစူး ၂၄နှစ်။ ရိပေါ် သဘောတကျနဲ့ ရယ်မိတော့ မျက်လုံးကိုမှေးပြီး သူ့ယုန်သွားကြီးကြီးတွေကို ခေါပြတယ်။

"ကျန့်ကောရာ အမြဲတမ်းအစခံရလည်း လန့်တာပဲလား...ကျွန်တော်နေ့တိုင်း လုပ်နေတာပဲကို "

"မင်းအမေကြီးတော်ကိုသွားလုပ်ပါလား...အသက်သာကြီးတာ ငါ့အသည်းကနုနုလေး"

"အိုက်ယား ...ဟုတ္သားပဲ ကျွန်တော်ကမေ့တတ်လိုက်တာ...ကျန့်ကောက အဘိုးကြီးဖြစ်နေပြီကို!"

ပြောပြေးပြေးတဲ့ ရိပေါ်နောက်ကို ကျန့်ကောက ဂလန့်ဂလားနဲ့ ပြေးလိုက်လာတယ်။

"ယားး ဝမ်ရိပေါ်!!မင်းအဲ့မှာရပ်နေစမ်း!"

"ရပ်နေရင် ကျန့်ကောကရိုက်မှာပေါ့! ... ပြေးမှာပဲ "

အော်ရင်းဟစ်ရင်း လမ်းမပေါ် ပြေးလွှားနေတဲ့ သူတို့နှစ်ယောက်။ ရပ်ကွက်ထဲကလူတွေကတော့ မနက်တိုင်း ရင်းနှီးနေကျမြင်ကွင်းမို့ ရယ်ရင်းသာကြည့်နေကြတယ်။

Choose Me!Where stories live. Discover now