.. ၁၆၄ ..
9.6K 981 20
《Zawgyi》
အပိုင်း - ၁၆၄
"ငါ မသေသေးဘူး ... အဲ့တာကြောင့်မလို့ နင် ငါ့အတွက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး-၁"
သက်သေရော အထောက်အထားတွေပါ ခိုင်ခိုင်လုံလုံ ရှိသဖြင့် ရှီရှီက ထောင်ကျသွားလေ၏။ ရှီပါပါးက သူမအား ဥာဏ်မရှိတဲ့ အရူးမဟု ပြောသည်။ ဒါပေမယ့် ရှီပါပါးဟာ သူ့အဆက်အသွယ်တွေကို သုံးပြီးတော့ သူမကို ထောင်ထဲကလွတ်ဖို့အတွက် အမြဲတမ်း ကြိုးစားလေသည်။
ရှီရှီ့ရဲ့အမေက ဆုံးသွားခဲ့လေပြီ။ သူမရဲ့မိထွေးက လူကောင်းတော့ မဟုတ်ချေ။ ထိုမိထွေးဟာ ရှီရှီက ငွေကိုရေလိုသုံးသည့်အပေါ် မကျေမနပ် ဖြစ်နေလေကာ လူတွေရှေ့မှာတော့ သဘောမနောကောင်းဟန် ပြုမူတတ်သည်။ သူမက လုံးဝကို ယဉ်ကျေးမှုမရှိသူဖြစ်၏။
ထိုမိထွေးဟာ သူမယောက်ျားက လူတွေကို ကူညီပေးဖို့အတွက် တောင်းပန်ခယနေသည်ကို ကြားရတော့ အားတိတ်အောင် ဖျက်လိုဖျက်ဆီး လုပ်တော့သည်။
"ရှင့်နေရာမှာ ကျွန်မသာဆို သူ့ကိုထောင်ထဲမှာ နှစ်နည်းနည်းလောက် နေခိုင်းလိုက်တာက ပိုကောင်းတယ်လို့ တွေးမိမှာပဲ ... အဲ့တာမှ သူ့ကိုယ်သူ ပြန်ဆင်ခြင်သုံးသပ်နိုင်မှာ! သူ့အတွက်နဲ့ ပိုက်ဆံတွေအကုန် သုံးပစ်ဖို့ မလိုပါဘူး"
"မင်း လူလို ပြောလို့မရဘူးလား?!"
ရှီပါပါးက တော်တော်လေး စိုးရိမ်နေကာ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အလုပ်များနေတာဖြစ်ပြီး ထိုမိန်းမရဲ့စကားကို ကြားလိုက်ရတော့ ဒေါသဖြစ်ဖြစ်နှင့် ဆူပူမိတော့သည်။
"ကျွန်မသာ လူလိုမပြောရင် ရှင် ဘယ်လိုလုပ် ကျွန်မစကားတွေကို နားလည်မှာလဲ?"
သူမက လှောင်ရယ်သည်။
"ရှင့်သမီး ဘာလုပ်ခဲ့တယ်ဆိုတာ ရှင်မသိဘူးလား? သူက လူသတ်ဖို့အတွက် ခိုင်းစေခဲ့တာလေ .. တစ်နေ့ သူသဘောမတွေ့တာနဲ့ ကျွန်မကို လူငှားမသတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ... အင်း သူရူးသွားပြီး သူ့အဖေကိုလည်း လူငှားသတ်ခိုင်းလာနိုင်တယ်"
"ပါးစပ်ပိတ်ထားစမ်း!"
"မပိတ်နိုင်ဘူး! ရှင်ဘာလို့ မတွေးမိရတာလဲ? သူသတ်ဖို့ကြိုးစားခဲ့တာ ဘယ်သူတွေမှန်း ရှင်သိလား? ချန်းမိသားစုနဲ့ ချင်းမိသားစုကိုနော် ... သူက လူလေးယောက်ကိုတောင် သတ်ဖို့ ကြံစည်ခဲ့တာ ... အဲဒီလူတွေက သူ ထိတောင် ထိလို့ရတဲ့သူတွေမလို့လားဟမ်? အဟက် ... ဒီတစ်ခေါက် သူ မသေတာတောင် ကံကောင်းနော် ... ချန်းစီနျန်သာ တကယ်လက်စားချေချင်ပြီဆို ကျွန်မတို့ အခုချိန် အသက်တောင်ရှင်နေဦးမယ်လို့ ရှင်ထင်လား? ရှင်ဒီမှာရပ်နေပြီး ဖုန်းတွေခေါ်နေနိုင်ဦးမယ်လို့ ထင်လား? ဒီလောက်နဲ့တင် ကျေနပ်သင့်နေပြီကို!"
ထိုသို့ပြောပြီးတာနှင့် သူမက ရှီပါပါးကို လှည့်မကြည့်တော့ပဲ ထွက်သွားတော့၏။