ချန်မန်ရဲ့ တမ်းချင်း (Unicode)

6.9K 435 59
                                    

ချန်မိန်တမ်းချင်း

Lament at Changmen Palace by Qiao Xi
ဘာသာက ငါပြန်တာ :3
__________

လေညှင်းသွဲ့သွဲ့​လေးတိုက်​ခတ်​နေသည်​။
​နေမင်းကြီးသည်​လည်း​ကောင်းကင်​ပြင်​တွင်​
​တောက်​ပစွာ ထွန်းလင်း​နေခဲ့သည်​။

ဟန်​အင်​ပါယာ၏ နန်း​တော်​တွင်းတွင်​လူအများပျားပန်းခတ်​မျှလှုပ်​ရှားသွားလာ၍စည်​ကား​နေကြသည်​။သို့​သော်​နန်း​တော်​အတွင်းရှိ တချို့​သော​နေရာများက​တော့​ခြောက်​သွေ့စွာ​အေးစက်​တိတ်​ဆိတ်​လွန်း​နေပြန်သ​ည်​။

......

ဒီလိုမျိုး အထီးကျန်​မှုဆိုတာကို ရှင်​တစ်ခါမှ မခံစားဖူးဘူးနဲ့တူပါရဲ့။အင်း​လေ...ရှင်​က သာမန်​လူတိုင်း ဦးညွတ်​ရို​သေရတဲ့​ကောင်းကင်​ကြီးတစ်​ခုပဲဟာ။
နန်း​တော်​ထဲက ရှိသမျှမိန်းမ​တိုင်းရဲ့ နှလုံးသားထဲက အ​တောင့်​တရဆုံးလူဆိုလည်းမမှားဘူးပဲ​ပေါ့။

ချန်​မိန်​နန်း​တော်​ရဲ့ လသာ​ဆောင်​ထက်မှာ​
ရပ်ကြည့်​နေမိတဲ့ ရှင့်​ရဲ့ပုံရိပ်​လေးကလည်း
တဖြည်းဖြည်း​ဝေးကွာလာ​နေပြီ။

​ဝေဇီဖူကို ရှင်​ကြည့်​နေချိန်​တိုင်း
ရှင့်​မျက်​ဝန်းထဲကချစ်​မြတ်​နိုးရခြင်း​တွေကို
ဖုံးကွယ်​မထားနိုင်​ဘူးဆိုတာကိုရှင်​သိလား။
ကျွန်​မဝမ်းမနည်းပါဘူး​လေ။မနာလည်းမလိုသလို​​ဒေါသလည်းမထွက်​မိဘူး။​မျှော်​လင့်​ချက်​တွေကင်းမဲ့သွားပြီဖြစ်​တဲ့ ကျွန်​မရဲ့နှလုံးသားထဲကို​အေးစက်​မှု​တွေတစ်​စတစ်​စ စိမ့်​ဝင်​လာ​နေရုံ​လေးပါပဲ။

တဖြည်းဖြည်းနဲ အ​မေ​ပြောခဲ့ဖူးတဲ့ စကား​တွေကို ကျွန်​မနားလည်​စပြုလာပြီ။
"ပိုပြီးချစ်​လာ​လေ​လေ ဆုံးရှုံးရဖို့်​ပြင်​ဆင်​ထားရ​လေ​လေပဲ"တဲ့

ကျွန်​မက​တော့...ကျွန်​မက​တော့....
ရှင့်​ကို ဆုံးရှုံးသွားခဲ့ပြီနဲ့တူပါရဲ့...

....

ချန်​မိန်​နန်း​တော်​ဆိုတာ ရှင်​ကျွန်​မအတွက်​ဆောက်​ပေးခဲ့တဲ့​ရွှေနန်း​တော်​ကြီးတစ်​ခု​ဖြစ်​ခဲ့တာ​ပေါ့။ကျွန်​မအမြဲတမ်း​တွေးခဲ့ဖူးတယ်​သိလား။ကျွန်​မတို့ရဲ့ဆွတ်​ပျံ့ဖွယ်​အချစ်​ပုံပြင်​လေးကိုကိုယ်​စားပြုတဲ့​ဟောဒီနန်း​တော်​ကြီးထဲမှာ ရှင်​နဲ့ကျွန်​မ​သေတပန်​သက်​တဆုံး​ပျော်​ပျော်​ကြီး​နေသွားကြမယ်​လို့​လေ။

​Fairytale In Golden Palace [Completed]Where stories live. Discover now