.. ၁၆၇ ..
9.1K 1K 39
《Zawgyi》
အပိုင်း - ၁၆၇
[သူ ဒီည ဧည့်သည်ခန်းမှာ အိပ်နိုင်တယ်-၂]
မော့ပေရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ လှုပ်ရှားသွားလျက် မဆိုစလောက် ပြုံးမိသွားသည်။
ချင်းစုယွဲ့က သူ့ကို ဖျတ်ခနဲကြည့်ကာ ခဏမျှ တွေးနေမိသေးသည်။
"ရှင် သူ့ကို တကယ်ကြီး မဆုံးရှုံးချင်ဘူးဆိုရင် အခုအခြေအနေက ရှင့်အတွက် ပိုတောင်ကောင်းသေးတယ် မဟုတ်ဘူးလား?"
အခုအချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ရင် ငှက်ပျောသီးအခွံခွာစားသလို လွယ်လွယ်လေး ဖြစ်သွားမှာလေ။
မော့ပေက ထိုမေးခွန်းကိုမဖြေပဲ သူမကို ပြန်မေးလာသည်။
"ချန်းစီနျန်က မင်းကို သစ္စာမဖောက်ဘူး .. သူ့အဆက်ဟောင်းနဲ့ ပြန်မရှုပ်ဘူးဆိုတာကို မင်း တကယ်ယုံလား?"
ထိုမေးခွန်းကိုကြားတော့ ချင်းစုယွဲ့မှာ မရယ်ပဲကို မနေနိုင်တော့ပေ။ သူမက ရွှင်ပျစွာဖြင့် ပြန်ဖြေပါ၏။
"အဲ့တာဆို ရှင်ကရော ရှန်ဝမ်းယန့်က သူ့အဆက်ဟောင်းနဲ့ အောင်အောင်မြင်မြင် ပြန်ရှုပ်နိုင်လိမ့်မယ်လို့ ယုံလား?"
ချင်းစုယွဲ့ ပြန်ရလိုက်တာကတော့ မော့ပေရဲ့ အာရုံစိုက်လာတဲ့အကြည့်ပင် ဖြစ်ပေသည်။
ချင်းစုယွဲ့က သူရည်ရွယ်ချင်တာကို ခန့်မှန်းနိုင်လေသည်။
"ရှင် ယုံသလိုပဲ ကျွန်မလည်း ချန်းစီနျန်ကိုယုံတယ် ... သူ တကယ်သဘောကျတဲ့သူ ရှိရင်တောင်မှ ဘယ်တော့မှ ကျွန်မကို သစ္စာဖောက်မှာမဟုတ်ဘူး ... သူ ရှန်ဝမ်းယန့်ကို သဘောကျခဲ့တယ်ဆိုရင် ကျွန်မကို လုံးဝ ဟန်ဆောင်ပြီး လာရှုပ်မှာမဟုတ်ဘူး ... အဲ့ဒီလိုပဲလေ .. သူနဲ့ကျွန်မက လက်ထပ်တော့မှာ .. သူက သေချာပေါက် ကျွန်မတို့ရဲ့ ခိုင်မြဲတဲ့အချစ်ရေးနဲ့ ကျွန်မကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူး"
"မော့ပေ ... ကျွန်မ သူ့ကိုယုံတာက သူက ကျွန်မကို လုံခြုံစိတ်ချအောင် ရှိနေပေးလို့ပဲ .. ရှင် ရှန်ဝမ်းယန့်ကို မယုံတာက ရှင်တို့ရဲ့နှလုံးသားတွေက မပေါင်းစည်းရသေးလို့လေ ... ဖြစ်ကောင်းဖြစ်နိုင်တာက ရှင်ကတကယ်ချစ်တဲ့သူ .. ရှင့်ကိုတကယ်ချစ်တဲ့သူနဲ့ တွေ့ရင် ရှင်ဒီလိုမျိုး ကြုံတွေ့ခံစားမိမှာပါ"