"မင်းသားလေး ရေချိုးပြီးပါပြီလား"
"မင်းသားလေး"
"မင်းသားလေး ကျနော်မျိုးကိုဝင်ခွင့်ပြုပါ"
တစ်ခုခုမှားနေပြီထင်တာကြောင့် ခွင့်တောင်းပြီးဝင်လိုတဲ့အခါမှာ...ဘယ်အချိန်ခေါင်းပြုတ်မလဲဆိုတာကိုပဲတွေးလိုက်မိတော့သည်
အခန်းထဲတွင် လူဆိုလို့တစ်ယောက်တောင်မတွေ့
ဒါဆို မင်းသားလေးရော....နန်းတော်အပြင်ဘက်ကို ခိုးထွက်ပြန်ပြီလား?
"မင်းသားလေး...."ဟူ၍သာပဲ အော်နိုင်တော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စျေးထဲတွင် ပျော်ရွှင်စွာလျှောက်သွားနေသောမင်းသားလေးကတော့ နားကိုလက်သန်းဖြင့်ထိုးကာ"နားယားလိုက်တာ..အထိန်းတော်ကြီးခေါ်သံကြားလိုက်သလိုပဲ...."
ကိုယ်ရံတော်လေးပြောပြောနေတဲ့ချယ်ရီပင်အောက်ကိုပန်းချီသွားဆွဲမယ်လို့ပြင်နေတာ အခုမှပဲသွားရတော့မယ်
Sehunနောက်မှာလိုက်လာတဲ့ကိုယ်ရံတော်လေးကိုခေါ်လိုက်ကာ
"မောင်မင်းပြောပြောနေတဲ့ချယ်ရီပင်ဆီကိုယ်တော့ကိုခေါ်သွားပေး"
"အမိန့်တော်အတိုင်းပါ မင်းသားလေး"
တောင်ကုန်ပေါ်မှာပေါက်နေတဲ့ချယ်ရီပင်ဆီရောက်သွားတော့ အံသြသွားတာကတော့ကျနော့်င်
တောင်ပေါ်ကနေလည်း နန်းတော်လှမ်းမြင်နိုင်သေးသည်
ဒီလောက်လှတဲ့ချယ်ရီပင်ကိုလည်း တစ်ခါမှမမြင်ဖူးသေးချယ်ရီကလှပေမယ့်
ချယ်ရီပင်အောက်မှာ ကနေတဲ့သူကပိုလှတယ်ထိုကောင်လေးရဲ့ရိမ်းနွဲ့နေတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု့တိုင်းမှာ
သူ့နှလုံးသားပါသွားတာမျိုးအရမ်းကိုပြည့်စုံလွန်းတယ်
ရိုးရာဝတ်စုံကိုဝတ်ပြီးကနေတဲ့ကောင်လေးကတော့ သူ့ကိုမြင်ပုံမရ
ချက်ခြင်းပဲပန်းချီဆွဲဖို့လိုအပ်တဲ့ပစ္စည်းတွေထုတ်ကာ ပန်းချီစဆွဲလိုက်တော့တယ်
ထိုကောင်လေးနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုခုကိုသူသိမ်းထားချင်တယ်လေ
YOU ARE READING
ENDLess
Fanfiction2018 Loyalty with SeKaiပွဲအတွက် mini fic bookအတွက်ရေးထားတဲ့ ficလေးကိုပဲ အမှတ်တရသိမ်းထားချင်လို့ publicလုပ်လိုက်တာပါ 💗💗