Chapter-1

4.8K 109 10
                                    

"ငါကမိန်းကလေးပဲကြိုက်တဲ့ယောကျ်ားတစ်ယောက် ယောကျ်ားလေးတစ်ယောက်နဲ့ dateဖြစ်မယ်လို့ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။
🍒Min🍒

"မင်းသွေးခန့်ဆိုတဲ့လူဟာ အလကားနေဘဝင်မြင့်နေတဲ့ လူကုန်ထံအသိုင်းအဝိုင်းက အရူးတစ်ယောက်များလား"

💚Jay💚

Aug-3. 2020




ဒီတစ်ပတ်ပိတ်ရက်ကလဲပျင်းစရာကောင်းလိုက်တာကွာ။ အလုပ်ထဲမှာပဲ အချိန်ကုန်နေခဲ့လို့လားမသိ။ နားရက်မို့ မိုးလင်းအထိ အိပ်ရန် "မင်း" တစ်ယောက်စိတ်ကူးထားသော်လည်း အကျင့်ပါနေသောလူက မနက်၅နာရီဆို အလိုလိုအိပ်ယာထကာ ဘုရားဝတ်ပြု မနက်စာစားကာ အလုပ်သွားတက်နေသော သူ့အကျင့်ကဖျောက်မရပေ။ မိမိကာ ရုံးဖွင့်ရက်တွေမှာ အလုပ်လုပ်ရမှာထက် ရုံးပိတ်ရက်တွေအိမ်မှာနားရမှာကို ပိုပျင်းရိဖွယ်ကောင်းလွန်းလှသည်။ ဒီပိတ်ရက်တစ်ရက်ကာ မိမိအတွက်တော့ အချိန်တွေက ကြာရှည်လွန်းလှပြီး အချိန်ကုန်တာနှေးလွန်းသည်ဟု ထင်မှတ်ရလောက်အောင် ငြီးငွေ့ဖွယ်ကောင်းလှသည်။ မင်းသွေးခန့် တစ်ယောက်ထဲညီးညူနေမိသည်။

လူတိုင်း လူတိုင်းမှာ မိမိ ကြိုက်နှစ်သက်တဲ့ ဝါသနာတစ်ခုစီ ရှိကြပါတယ်။ဝါသနာနဲ့
အလုပ် တစ်ထပ်တည်းကျတဲ့သူ‌တွေရဲ့ ဘဝကအရမ်းကံကောင်းလွန်တယ်လို့ထင်မိတယ်။ ဒါပေမဲ့ ဝါသနာပါတာက တစ်ခု အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်နေရတာက တခြားစီ ဖြစ်နေတက်ပါတယ်။ ထို့သို့ တခြားစီဖြစ်နေပေမဲ့ ဘဝကို အရှုံးမပေးပဲ ကြိုးစား ရုန်းကန်းနေတဲ့သူတွေဆိုရင် ကျွန်တော်ပိုအားကျမိတယ်။ လေးစားမိတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဝါသနာပါရာအလုပ်အတွက်
ကြိုးစားနေကြလိုပါပဲ။
ကိုယ်ဝါသနာနဲ့ လုပ်နေရတဲ့အလုပ် ထပ်တူကျသူတွေကို ပိုအားကျမိတယ်။ ကျွန်နော်ကတော့ ဝါသနာပါရာနဲ့ အလုပ်ကတော့ထပ်တူမကျလို့။ ကျွန်တော်မိသားစုက ဆင်းရဲတယ်လဲမဟုတ် ချမ်းသာတဲ့အသိုင်းဝိုင်းလားဆိုတော့လဲမဟုတ်ပြန်ဘူး။ အသင့်အတင့်နေနိုင် ၊ စားနိုင်သောက်နိုင်ထဲကပင် ဒါပေမယ့် ဖေဖေက အစိုးရအလုပ်လုပ်ကာ မေမေကတော့ ကုန်ဆုံဆိုင်တည်ထားလေသည်။
မကြောင့်မကျ မပူမပင်စွာနဲ့တော့နေနိုင်သော အခြေအနေထဲကပင်။
ကျွန်တော်ဆိုတဲ့ jayရန်ကုန်ဇာတိ၊ ရန်ကုန်သားမဟုတ်ဘူးလေ။ မိဘများက အညာဇာတိ ကျွန်တော်ကလဲအညာသားပေါ့။ ဒါပေမယ့်ကျွန်တော်က အညာသားဆိုပေမယ့် အညာရုပ်မပေါက်၊ အသားကနို့နှစ်ရောင်နဲ့အတူ ၊ ဆင်းနေသောနှာတံ၊ ယောကျ်ားလေးတစ်ယောက်မှာရှိသင့်တဲ့အရပ်အမောင်း၊ ဆံပင်ပုံစံက အခုကိုရီးယားမင်းသားများ အဆိုတော်တွေထားတဲ့ကေ ၊ မျက်လုံးတွေက အရည်လဲ့ကာ စိန်ပွင့်ကလေးတွေနဲ့ပင်တူသည်။နှုတ်ခမ်းကထူသည်လဲမဟုတ်၊ ပါးတယ်ဟုလဲမထင်ရ ဖူးဖူးလေး တစ်နည်းအားဖြင့်ဆိုလျှင် နှင်းဆီဖူးခါစလေးနှင့်ပင်တူသည်။ Jayတစ်ယောက်မှန်ကြည့်ကာ အမေ့ကိုပင်ကျေးဇူးတင်မိသည်။ အိမ်မှာဆိုJayက အမေနဲ့တူတယ်လို့ပြောရင် ဖေဖေကအမြဲစိတ်ကောက်တက်တယ်။ အဲ့အချိန်ဆိုမေမေကဖေဖေကိုချော့မှသာ စိတ်ဆိုးစိတ်ကောက်ပြေတက်သောဖေဖေ။ အိမ်မပြန်တာတောင်ကြာပြီ အိမ်ကိုတော့လွမ်းမိသား။ ဖေဖေ၊မေမေနဲ့အတူညီမလေးကိုပါလွမ်းမိလေသည်။ ရန်ကုန်မှာကျောင်းတက်ရင်း အဆိုတော်ဖြစ်ချင်သောကြောင့် ဖေဖေနဲ့မေမေ့ထံခွင့်တောင်းကာ ရန်ကုန်က ဖေဖေ့ညီမ ကျွန်တော့ဒေါ်လေးဆီမှာနေရင်း ကျောင်းတက်ရင်း တစ်ဖက်ကအလုပ်လုပ်လေသည်။ ဒေါ်လေးက အပျိုကြီးဖြစ်ပေမယ့် Jayကိုတော့ အတော်ချစ်ရှာလေသည်။
ရန်ကုန်စတက်လာကတည်းက ဖုန်းဖြင့်သာ အဆက်အသွယ်လုပ်ခဲ့သော Jayသည်တစ်ခါမှအိမ်မပြန်ဖြစ်။ ရန်ကုန်ရောက်လာရခြင်းကလဲ မိမိဝါသနာပါရာ အောင်မြင်တဲ့အဆိုတော်ဖြစ်ချင်သောကြောင့်ဖြစ်သည်။ အတွေးကောင်းနေစဥ်မှာပင် ဖုန်းသံကမြည်လာ၍ အတွေးစတို့ပြတ်တောက်သွားလေသည်။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now