Chapter-9. (Unicode)

525 30 4
                                    

သည်းခံပြီးဖတ်ပေးကြပါလို့ စိတ်မကောင်းစွာနဲ့ပြောပါစေနော်😁😁😁

"Jayအပြင်ကိုထွက်သွားတာ နာရီပိုင်းတောင်မကြာသေးသော်လည်း ကျန်ခဲ့တဲ့ကိုယ့်မှာ နေမထိထိုင်မသာ လိုက်သွားလို့ကလဲအဆင်မပြေ။ စိတ်ကလဲမချ။ ဒီလိုအချိန်ဆို အချိန်လည်ပတ်မှု့နှုန်းက နှေးကွေးနေသလားလို့ပင်ထင်မိလေသည်။ ဖုန်းဖွင့်ကာ ဖုန်းခေါ်ရန် လက်တို့ကလှုပ်ရှားလိုက်ရင်း အတွေးတို့ကသူအလုပ်ကို နှောက်ယှက်ရာကျနေမလား ကိုယ်ဖုန်းခေါ်လိုက်လို့ သူစိတ်ဆိုးသွားမလားဆိုသော အတွေးတို့ကယောက်ယက်ခတ်နေလေသည်။"

ကိုကိုကြီးမနက်ထဲကအခုချိန်အထိ ခနတဖြုတ်တောင်မထိုင်ဘဲ လမ်းပဲလျှောက်နေတော့မှာလား။ ကိုကိုကြီးကိုလိုက်ကြည့်ရတာ မနွယ်နဲ့ကြီးကြီးခင်ပါ ခေါင်းတွေမူးနောက်နေပြီ။

ဟုတ်သားပဲကွယ် ဘယ်လိုတွေဖြစ်လို့ မနက်ထဲကနေအခုထိမနားသေးပဲ လမ်းပဲလျှောက်နေရတာလဲကွယ်။ ကိုယ်ကနေကောင်းသေးတာလဲမဟုတ်ပဲ။ နားနားနေနေ နေပါဦးကွယ်။ သားအစားကြီးခင်တောင် ရင်မောနေရတယ်။

ကြီးခင်နဲ့မနွယ်ပင် ဘေးကကြည့်ကာ ဝင်ပြောရသည်အထိပင် သိသာနေလေသည်။
မင်းသွေးခန့် အနည်းငယ်တော့ရှက်ကာပြုံးမိလေသည်။

နာရီကိုတစ်ချက်ကြည့်ကာ နေ့လည်ထမင်းစားချိန်ပင်ရောက်လို့နေပြီ။ ဒီအချိန်ဆို jayနေ့လည်စာစားနေတာများလား။ ဒါမှမဟုတ် ဘာတွေများလုပ်ပြီး၊ ဘာတွေများပြောနေကြမလဲ။ ငါကဘာလို့သူ့အတွက်ကိုစိတ်ပူနေရမှာလဲ။ သူ့ဘာသာ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ၊ ဘယ်သူနဲ့ပဲရှိရှိ
ငါနဲ့ဘာဆိုင်လို့လဲ။ ကိုယ့်စိတ်ကိုပြန်မေးကာ သတိပေးရလေသည်။ တစ်ယောက်ထဲ စိတ်နဲ့အလုပ်ရှုပ်နေမိသည်။ အပေါ်ထပ်ပြန်တက်ကာ အခန်းထဲဝင်တော့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ငြီးငွေ့ဖွယ်ကောင်းနေပြန်သည်။ ငါကကောဘာလို့ ဒီကောင်လေးစကားနားထောင်နေရတာလဲ။ မင်းသွေးခန့်ဖုန်းတစ်ခုကိုခေါ်ဆိုလိုက်သည်။

"အသွေးပြော ဘာကိစ္စ "

ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး။
ဒီအတိုင်းပြင်းလို့ဖုန်းခေါ်လိုက်တာ။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now