Chapter-3

993 38 8
                                    

"ထက်နဒီလွင်နင့်ငါ့ကိုဆေးထိုးတာ တော်တော်ကြမ်းတယ်နော်ဒီတစ်ခေါက်။"

ငါကဘာများဆေးထိုးလိုက်လို့လဲ။ နင်ပြောတာငါနားမလည်ဘူး မင်းသွေးခန့်ပြောတဲ့စကားတွေကို နားမလည်စွာ ထက်နဒီလွင်ပြန်မေးမိလေသည်။

အော် နင်ကမေ့နေတာလား။ မေ့ချင်ယောင်ဆောင်တာလားတော့ငါမသိဘူး။ ခုတစ်ခါနင်စလိုက်တာ တော်တော်လွန်တယ်ဟာ။ ငါဘယ်လောက်တောင် ဒုက္ခများခဲ့သလဲနင်သိလား။

နင်ဘာပြောချင်တာလဲအသွေး ငါ့ကိုနင်သေချာပြောပြပါလား။ နင့်ကိုဘယ်သူက ဒုက္ခရောက်အောင်လုပ်တာလဲပြော အဲ့အကောင်ကို ငါစာရင်းသွားရှင်းမယ်။

ဘယ်သူနဲ့မှစာရင်းမရှင်းရဘူး။ နင်ငါနဲ့အရင်ရှင်း။ ဒီတပတ်ပိတ်ရက်ငါ့ကို dateလို့ပြောပြီး တွေ့ခိုင်းတဲ့သူက ဘာကြောင့်ယောကျ်ားလေးတစ်ယောက်ဖြစ်နေတာလဲ အရင်ရှင်းပြပါအုံး။

အော် နင့်ကငါ့ကို စိတ်ဆိုးနေတာ အဲ့ဒီကိစ္စအတွက်ကြောင့်လား။ ငါမသိပါဘူး ဘယ်ကောင်ကများ ငါ့သူငယ်ချင်းလေးကို ဒုက္ခရောက်အောင်လုပ်သလဲလို့တွေးနေတာ။ ငါပြောပြမယ် နင်တွေ့ခဲ့တဲ့ကောင်လေးနာမည်က jayတဲ့။ နာမည်အပြည့်စုံက jaybassတဲ့။ နယ်ကနေကျောင်းတက်ရင်း ဂီတဝါသနာပါလို့၊ တနည်းအားဖြင့်ဟာ အဆိုတော်ဖြစ်ချင်လို့ သူ့အဒေါ်ရှိတဲ့ရန်ကုန်မြို့ကိုတက်လာတာ။ jaybassဆိုတဲ့ကောင်လေးက part time date companyမှာနာမည်အကြီးဆုံးနဲ့ ရုပ်အချောဆုံးကောင်လေးတစ်ယောက်။ ငါ့သူငယ်ချင်းတော်တော်များများလဲ သူ့ကိုစိတ်ဝင်စားကြတယ်။ ဒါပေမယ့်သူက အလုပ်သဘောအရပဲ ဆက်ဆံတယ်။ အလုပ်ပြီးတာနဲ့ သူ့ကိုလိုက်ကပ်တဲ့မိန်းကလေးတွေနဲ့ အရောဝင်လေ့မရှိဘူး။

အဲ့တာငါနဲ့ဘာဆိုင်လို့ နင်ကအခုလိုသူ့အကြောင်းတွေပြောပြနေရတာလည်း။ နင်ကကော သူအကြောင်းတွေ ဘာလို့အများကြီးသိနေရတာလဲ။ နင်ကောသူနဲ့ dateဖူးလား။

"ဟိုး ဆရာ။ no.no...ငါသူ့ငယ်ချင်းတွေပြောတဲ့အသံကြားလို့ ငါကသူ့အကြောင်းနည်းနည်းစုံစမ်းထားတာ။ နင်လဲငါ့အကြောင့်သိသားနဲ့ အသွေးရာ။ ငါကယောကျ်ားတွေ မကြိုက်ဘူးဆိုတာကို။ ငါကဒီတစ်သက်ယောကျ်ားမယူပဲ အပျိုကြီးလုပ်မှာလေ နင်မသိလို့လား။"

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now