12

8K 903 25
                                    

ဦး 💜

Chapter - 12

ရှောင်းကျန့် စာရင်းစစ်ရင်း ကျန်းချန်ကို ခဏမော့ကြည့်မိတော့ သူ့ကို မျက်တောင်မခက် ထိုင်ကြည့်နေတဲ့ ကျန်းချန်..။ရှောင်းကျန့် နှုတ်ခမ်းလေးများ ပြုံးလိုက်မိသည် မနက် သူ ရုံးရောက်ကတည်းက ရောက်လာတဲ့ ကျန်းချန် ဘာမပြော ညာမပြောနဲ့ သူ့ကို ငုတ်တုတ်ကြီး ထိုင်ကြည့်နေတာလေ ။ မေးလို့လည်း မရ ပြုလို့ လည်း မရ ဘာစိတ်ကူးတွေ ပေါက်နေတာလည်း မသိ..။ နောက်ဆုံး မနေနိုင်တော့တဲ့ ရှောင်းကျန့်ကသာ နေရာမှ ထပြီး ကျန်းချန် ထိုင်နေတဲ့ ခုံလေးဘေးနား သွားဝင်ထိုင်လိုက်သည်...။

" ကျန်းချန် မင်း ဘာဖြစ်နေတာလဲ "

" ..........."

" ကျန်းချန် မင်းကို ငါ​မေး နေတယ်လေ.. ။ ငါ့ကိုမှ မင်းမပြောပြရင် ဘယ်သူ့ကို သွားပြောပြချင်သေးတာလဲ... ။ သူငယ်ချင်း အချင်းချင်း မင်းဘာဖြစ်တယ်ဆိုတာ ငါသိထားလို့ မရဘူးလား..."

မနေ့ညနေက ကိစ္စနဲ့ ပတ်သက်ပြီး ရှောင်းကျန့်ကို အခဲ မကြေတဲ့ ကျန်းချန်..။ တစ်ညလုံးလည်း သူအိပ်လို့ မရခဲ့ဘူး..။ မျက်စိထဲ မြင်မိနေတာက ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးလက်ကို ဆွဲပြီး ထွက်သွားတဲ့ ရှောင်းကျန့်...ဘာလို့ သူ့ကို ထားရစ်ခဲ့လိုက်သလို ခံစားမူမျိုးလဲ မသိဘူး..။ ဒါကြောင့် အရှင်းမေးဖို့ ရှောင်းကျန့် company ကို အစောကြီး ရောက်လာခဲ့တဲ့ ကျန်းချန်..။ ခု ရှောင်းကျန့်က စကားစလာပြီ သူမေးကြည့်ရမည် ယောကျာ်း လေးတွေကို သဘောကျသွားပြီလားဆိုတာ ။ အကယ်လို့ ရှောင်းကျန့်ကသာ ကောင်လေးတွေကို သဘောကျကြောင်း ဝင်ခံခဲ့ရင် ရှောင်းကျန့်ကို သူ သဘောကျနေကြောင်း ရှောင်းကျန့်ကို အရင်ကတည်းက ချစ်ခဲ့မိနေကြောင်း ဖွင့်ပြောပြရမည်... ။ ကျန်းချန် ရှောင်းကျန့် မျက်နှာကို လှည့်ကြည့်လိုက်သည် ။ သူပြောလာမယ့် စကားကို စိတ်ဝင်စားစွာ မျက်နှာလေးနဲ့ နားထောင်နေတဲ့ ရှောင်းကျန့် ဘယ်လိုတွေတောင် ကြည့်လို့ကောင်းနေတာလဲ ချစ်ရသူရယ်.....။

"ရှောင်းကျန့် ငါ မင်းကို မေးစရာ တစ်ခုရှိတယ် "

" အင်းးးးးး မေး တစ်ခုမကဘူး မင်းသိချင်တာ အကုန်မေး ငါ အကုန်ဖြေပေးမယ် "

ဦး 💜 ( Completed )Where stories live. Discover now