Part-16

6.2K 745 53
                                    

"ကိုကို အိပ်ပြီလား"

Xiaozhan လှဲနေတဲ့ဘေးနား ဝင်လှဲကာ ခါးကို လက်ဖက်တဲ့ Leo လက်တွေကို ဘာကြောင့်မှန်းမသိ အသာ ဖြုတ်ချကာ..

"အင်း..ကိုယ် အိပ်တော့ မယ်"

Leoက မီးကို ပိတ်ကာ သူ့ ရင်ဘတ်တွေ ကို ပွတ်သပ်လာပြီး..

"ငါ့ကို မနမ်းတော့ဘူးလား"

စိတ်မကောင်း ဖြစ်နေတဲ့ ခပ်ပျော့ပျော့ လေသံနဲ့ ပြောလာတာကြောင့် Xiaozhan က သံသယအတွေးတွေကို ခေါင်းထဲ ကနေ ထုတ်ကာ မျက်နှာချင်းဆိုင် ပြန်လှည့်လိုက်ပြီး Leo နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းကာ ပြန်ခွာ လိုက်တော့ Leoက သူ့ ခါးတွေကို ဖက်တွယိကာ နှုတ်ခမ်းကို အတင်းအကြပ်ပြန်နမ်းသည်..
ရုတ်တရက် မို့ Xiaozhan က Leoကို ပြန်နမ်းနေရင်း တစ်ခု ခု လွဲမှားနေသလို ခံစားမိလာသည်..
နှုတ်ခမ်းတွေ.. သူအရင်က နမ်းခဲ့တဲ့ နှုတ်ခမ်းတွေလို ချိုမြိန် မှု့ မရှိဘူး..
သူ့ အကျီင်္ ကို ဆွဲချွတ်ဖို့ လုပ်နေသည့် လက်တွေကြောင့် Xiaozhan က နှုတ်ခမ်းတွေ ကို ပြန်ခွာလိုက်ကာ Leoကို အသာ တွန်းဖယ် ပြီး..

"အိပ်တော့ လေ Babe..ညဥ့်နက်ရင် မကောင်းဘူး"

"ကိုကို က ငါ့ကို မလို ချင်တော့တာလား..ရိုးသွားပြီလား"

"မဟုတ်ဘူး..Babeကိုယ်ဝန်က ရင့်နေပြီလေ..ကိုယ်တို့ ဒီလို လုပ်ဖို့ မသင့်တော် ဘူး"

"ဒါပေမဲ့.. "

"ကိုယ် အိပ်တော့ မယ်..မနက်အစော Company မှာ Meeting ရှိလို့"

ကျောခိုင်းကာ အိပ်သွားတဲ့ ကိုကို့ ကျောပြင်ကို ကြည့်ကာ သူ တိတ် တဆိတ်ငိုမိသည်..ငါ့ကို မနမ်းချင်တော့ဘူးလား.မလိုချင်တော့ဘူး လား..
ကိုကို မင်းသိလား..မင်းသာ ငါ့ဘဝထဲမှာ ရှိမနေခဲ့ရင် ငါ့ရဲ့ ရောဂါကို မကုပဲ ငါ အသေခံခဲ့မှာ
ကိုကို့ကို ချစ်လွန်းလို့ ငါ ကုခဲ့ပြီး အသက်ရှင်ဖို့ ကြိုးစားခဲ့တာ..
ငါ့ကြောင့် ကိုကို နာကျင်ရမှာစိုးလို့ ရောဂါကိုတောင် မပြောပဲ ငါ့ဟာငါ ကြိတ်ဆေးကု နာကျင်မှု့တွေကို သည်းခံ..
ကိုကို့ အလိုဆန္ဒတွေကို မဖြည့်စည်းပေးနိုင်မှာစိုးလို့ တခြားလူကိုတောင် ငါမိုက်မိုက်မဲမဲနဲ့ အစားထိုးဖို့ ထားပေးခဲ့တာ..
ဒါပေမဲ့..နောက်ဆုံး ငါ ပြန်ရ လိုက်တာက ကိုကို့ရဲ့ အေးစက်မှု့တွေပဲလား..

Takecare of My Boyfriend (Completed )Where stories live. Discover now