.. ၁၇၁ ..
8.9K 973 11
《Zawgyi》
အပိုင်း - ၁၇၁
[ဘယ်တော့ လက်ထပ်မှတ်ပုံတင်မှာလဲ?-၂]
မာမားပိုင်နဉ်းက ခေါင်းညိတ်ပြပေမယ့် ဆက်ပြီးတိုက်တွန်းသေးသည်။
"အနားယူဖို့လည်း သတိရဦးနော်"
"မာမားနဲ့ပါပါးလည်း အတူတူပဲနော် ... သမီးနဲ့ကိုကို့ကိုပဲ စိတ်မပူနဲ့ ... မာမားတို့ရဲ့ ကျန်းမာရေးက ပိုအရေးကြီးတာ"
ချင်းစုယွဲ့က ချင်းကွမ်းချန်အကြောင်း ပြောတော့ သူမက စိတ်ညစ်သွား၏။
"သမီးအစ်ကိုလည်း သူ့မင်္ဂလာကိစ္စကို ဘယ်တော့များမှ စိတ်ဝင်စားမလဲ မသိတော့ပါဘူး ... သမီးသူငယ်ချင်းလေးတွေကို အိမ်ခေါ်လာကြည့်ရင်ရော ဘယ်လိုလဲ?"
"မာမား ကိုကို့အတွက် စိတ်မပူပါနဲ့ .... သူစိတ်တိုင်းကျတဲ့ မိန်းကလေးမျိုး မတွေ့မှာကို စိတ်ပူနေတာလား?"
"သူက အကောင်းကြိုက်တတ်လွန်းတော့ မာမားက စိတ်ပူတယ် ... သူ ခုချိန်ထိ ဘယ်မိန်းကလေးကိုမှ မျက်စိကျတာလည်း မတွေ့မိဘူး"
"မား...." ချင်းစုယွဲ့က ပိုင်နဉ်းကို ဖြောင်းဖျနေတုန်းမှာပဲ ချင်းကွမ်းချန်ရဲ့အသံကို ကြားလိုက်ရ၏။
"ကျွန်တော် ပြန်ရောက်ပြီ မာမား"
"အလုပ်ပြီးပြီလား သား?"
"ဟုတ်" ချင်းကွမ်းချန်က နောက်ဆုံးမှာတော့ ချင်းစုယွဲ့နှင့် ချန်းစီနျန်တို့ကို တွေ့လိုက်ရတော့၏။ ခေါင်းညိတ်ပြကာ အနောက်တိုင်းဝတ်စုံက ကုတ်အင်္ကျီကိုချွတ်လျက် သိပ်အာရုံမထားတော့ပေ။
တစ်ဖက်က ချင်းစုယွဲ့ကတော့ ပျော်ရွှင်သည့် အပြုံးလေးနှင့် ပြောလိုက်သည်။
"ကိုကို... မာမားက ပြောနေတယ် ... ညီမလေးကို ကိုကိုက ယောင်းမရှာပေးတော့မယ်ဆို"
ချင်းကွမ်းချန်က သူမဘက် အကြည့်ရောက်လာကာ ညင်ညင်သာသာ ဆူလိုက်လေသည်။
"ညီမလေး တိတ်တိတ်နေကွာ"
ချင်းစုယွဲ့ရဲ့အပြုံးက ပိုလို့တောင် တောက်ပလာ၏။
"ညီမလေးက ကိုကို့အရွယ် မိန်းကလေးတွေကို ရှာဖွေစီစစ်ပြီး ကိုကို့ကို ကူညီပေးမယ်လေ"
"ပြောနေတာကို ရပ်လိုက်တော့ အခု"
ချင်းကွမ်းချန် ဒေါပွနေတာတွေ့တော့ ချင်းစုယွဲ့က ရပ်လိုက်၏။