❣ final part ❣

1.8K 117 3
                                    


ဘားအတွင်းမှာ..သီချင်းသံလေးက...ငြိမ့်ငြိမ့်လေးစီးဆင်းနေတယ်...
အဆိုတော်..Ar_T(သာသာရဲ့ ပါပါး😁)ရဲ့ နင်ငါ့ကိုမချစ်ဘူးဆိုတဲ့ သီချင်းလေးပေါ့...ဆွေးဆွေးမြေ့မြေ့လေးနဲ့ အပ်ရှရှ အသံလေးက..သီချင်းနဲ့ လိုက်ပါတယ်လေ...

ရတု..ဝီစကီလေးကို စွတ်ရုံစွတ်နေရင်းဖြင့် သီချင်းအပေါ်..
ခံစားချက်များစွာဖြင့် တိုးညှင်းစွာလိုက်ဆိုနေမိတယ်...

(ဟူး.....ငါ့ကိုမချစ်ဘူး...မေ့ပြစ်လိုက်စမ်းပါ...ဟိုးအတိတ်က မင်းရဲ့အနားမှာရှိနေခဲ့သော....ငါ...)

သီချင်းအပိုဒ်လေးဆုံးတော့..ရတု..ဝီစကီလေး...တစ်စွတ်စွတ်လိုက်ရင်း..နှုတ်ခမ်းထောင့်ချိုးလေး..ကွေးရုံသာပြုံးမိလိုက်တယ်...
ဒီသီချင်းက.. သူ့ကိုများ ဆိုနေသလားပါပဲ...အခုဆို..သူက ကာရံရဲ့အတိတ်လူ...ကာရံမချစ်သောအတိတ်ကလူ....

မျက်လုံးမှာ မျက်ရည်တွေက ရစ်ဝဲ့ လို့ပါပဲ....
ဒိအချိန်မှာ..ဒီလောက်ကြီးကနေ အငွေ့ပျံပျောက်ကွယ်သွားနိုင်ရင်ကောင်းမှာပဲလို့သူတွေးနေမိတယ်...
အဆ်ုတော်Ar _T ကတော့ သူ့သီချင်းကိုဆွေးဆွေးမြေ့မြေ့လေးဆိုနေတုန်းပါပဲ...

"ဝီစကီ တစ်ခွက်ပေးပါ..ရေခဲနှစ်တုံးလောက်ပဲထည့်ပေး..."

ဒီအသံကို သူကြားဖူးတာကြောင့် ရတု...လှည့်ကြည့်မိလိုက်တယ်...ထိုသူကလည်း..သူ့ဘေးနားမှာပဲ ဝင်ထိုင်လိုက်တယ်လေ..ထိုသူက သုတ.....

ရတု..နှုတ်လည်းမဆက်မိသလို...ဝီစကီကိုသာစိုက်ကြည့်နေမိပြီး..သီချင်းသံစဉ်နောက်ကိုသာ အာရုံစိုက်လိုက်နေမိသလို..သုတလဲ..လာချပေးတဲ့ ဝီစကီကို တစ်ကြိုက်တည်ူတစ်ခွက်အရင်မော့ချလိုက်ပြီး နောက်တစ်ခွက်မှာယူကာ..
ရောက်လာတဲ့နောက်တစ်ခွက်ကို စိုက်ကြည့်ရင်း...ခေါင်းငိုက်စိုက်ထားလျက်....

သေချာတာကတော့..နှစ်ဦးစလုံး ရင်ထဲက ဒဏ်ယာကိုယ်စီနဲ့...မျက်ရည်တွေကိုယ်စီနဲ့ဆိုတာပါပဲ...

သီချင်းပြီးတဲ့အထိ...နှစ်ဦးသား စကားတွေမဆိုဖြစ်...
ပြီးမှ...ရတု..မျက်ရည်များကို..ပုတ်ခက်ထိန်းလိုက်ကာ..အသက်ကိုအဝရှူလိုက်ပြီး...

NIGHT ( ည) [Complete]Where stories live. Discover now