Chapter-6

626 21 2
                                    


မေမေသား တိုက်ခန်းတစ်ခန်းမှာပြောင်းနေချင်လို့။ မင်းသွေးခန့်စကားပင်ဆုံးအောင်မပြောလိုက်ရသေးခင် မေမေရဲ့ငြင်းဆန်ကိုအရင်ကြားရလေသည်။

"အို မေမေသဘောမတူနိုင်ဘူးသား။ ရှိတာမှ ဒီသားအမိသားအဖ၃ယောက်ကို သားတစ်ယောက်က တိုက်ခန်းမှာပြောင်းနေမယ်ဆိုတော့ အပြင်မှာသားတစ်ယောက်ထဲနေတာ မေမေစိတ်မချဘူး။"

သားစကားကိုဆုံးအောင်နားထောင်ပေးလိုက်ပါအုံးမေကြီးကလဲ။ သားမှာလဲသူ့အကြောင်းပြချက်နဲ့သူရှိမှာပါ။ သားကဘယ်တုန်းက ကိုယ်တို့စိတ်ပူအောင် စိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။ သားစကားနားထောင်ပြီးမှ ဆုံးဖြတ်ကျရအောင်လေနော်။

"ဟုတ်ပါတယ်မေမေ သားမှာအကြောင်းပြချက်ရှိလို့ပါ။ သားတိုင်ပင်တာဆိုလည်း မမှားဘူး။ အဖြစ်အပျက်ကဒီလိုပါမေမေ ။
မင်းသွေးခန့် ဖြစ်ကြောင်းကုန်စင်ကိုပြောပြမိလေသည်။"

ဒါဆိုလဲသားရယ် အိမ်မှာပဲခေါ်ထားလိုက်ပါ့လား။ မေမေတို့လည်းအဖော်ရတာပေါ့ မဟုတ်ဘူးလားဖေကြီး။ ဒေါ်မြတ်သန္တာတစ်ယောက်ခင်ပွန်းဖြစ်သူကို စစ်ကူခေါ်မိလေသည်။

သူ့ဘက်ကတော့အဆင်မပြေလောက်ဘူးထင်တယ်။ ဒီကောင်လေးက ကန့်လန့်တိုက်တက်တဲ့သူမျိုးမေမေရ။ မေမေနဲ့ဖေဖေအတွက်ပိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်သားတိုက်ခန်းမှာပြောင်းနေတာ။

ဒါတော့ဖေဖေလက်မခံချင်ဘူးသား။ မင်းမေမေပြောတာက သဘာဝကျပါတယ်။ ပြီးတော့သမီးလေးနဒီကထောက်ခံပေးထားတဲ့ ကလေးဆိုတော့ သားပြောသလောက်လဲဆိုးမယ်မထင်ပါဘူး။ ဒါကြောင့်သားမေမေပြောတာကို လက်ခံလိုက်ပါကွယ်။ အိမ်မှာလူတစ်ယောက်ပိုတာလောက်နဲ့ အဆင်မပြေစရာတော့မရှိပါဘူး။ တစ်ချိန်လုံးငြိမ်နားထောင်နေသော ခင်ပွန်းသည်ဝင်ပြောသောစကားကို ဒေါ်မြတ်သန္တာလဲ ပြန်ထောက်ခံလေသည်။

"ဟုတ်ပါတယ်သားရယ်။ အိမ်ကိုခေါ်ခဲ့လိုက်ပါနော်။"

သားသူ့ကိုမေးကြည့်လိုက်ပါအုံးမယ်မေမေ။ သူသဘောတူရင်တော့ သားလဲမေမေတို့သဘောအတိုင်း အိမ်ခေါ်လာခဲ့ပါ့မယ်။ သားအပြင်သွားရမှာနောက်ကျနေလို့ သားသွားပြီနော်မေမေ။ ဖေဖေသားသွားပြီ။

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now